Celebrity

ကခ်င္ျပည္နယ္က စား၀တ္ေနေရး အခက္အခဲျဖစ္ေနတဲ့ စစ္ေဘးေရွာင္ျပည္သူေတြအတြက္ လိုအပ္တာအားလံုး ကူညီေပးသြားမယ္ဆိုတဲ့ ထူးအယ္လင္း

Written by Ms Cele

ကခ်င္ျပည္နယ္က စား၀တ္ေနေရး အခက္အခဲျဖစ္ေနတဲ့ စစ္ေဘးေရွာင္ျပည္သူေတြအတြက္ လိုအပ္တာအားလံုး ကူညီေပးသြားမယ္ဆိုတဲ့ ထူးအယ္လင္း

ေအာင္ျမင္ေက်ာ္ၾကားတဲ့ အႏုပညာရွင္ တစ္ေယာက္ ျဖစ္သလို ပရဟိတအလုပ္ေတြ မွာလည္း အင္တိုက္အားတိုက္ ျပဳလုပ္ေနသူေတြ ထဲမွာ အဆိုေတာ္ ထူးအယ္လင္းကလည္း အပါအဝင္ပါပဲ..။ထူးအယ္လင္းကေတာ့ လက္ရွိအေျခအေနေတြေၾကာင့္ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္လည္း လိုအပ္တာေတြ တတ္နိုင္သေလာက္ လႉဒါန္းေနတာလည္း ျဖစ္ပါတယ္..။

ထူးအယ္လင္း ကေတာ့ ေဝးလံေခါင္သီၿပီး အေျခအေနေတြ ဆိုးရြားေနတဲ့ ကခ်င္ျပည္နယ္က စစ္ေဘးေရွာင္ျပည္သူေတြ အတြက္ လည္း စားေသာက္ကုန္နဲ႔ အသုံးအေဆာင္ ပစၥည္းေတြ လႉဒါန္းခဲ့ျပန္ပါတယ္..။စားေသာက္ကုန္နဲ႔ ေဆးဝါးေတြအျပင္အျခားလိုအပ္တာေတြကို လႉဒါန္းခဲ့တာျဖစ္ၿပီး ေဝးလံေခါင္သီတဲ့ေနရာေတြ အထိသြားေရာက္ကာ ကူညီေထာက္ပံ့ေပးခဲ့တဲ့အေၾကာင္းေတြကိုလည္း ထူးအယ္လင္းက ေဝမၽွေျပာျပထားတာ ျဖစ္ပါတယ္..။

“၂၇.၅.၂၀၂၁ ကခ်င္ျပည္နယ္ကို တက္ပါမယ္ …မၽွင္ငပိ အခ်ိန္ ၁၀၀ ၊ ငမွီးတန္သြယ္ အခ်ိဳေျခာက္ အခ်ိန္ ၁၀၀ ၊အသင့္စားပုဇြန္ငံျပာရည္ခ်က္ လူအေယာက္ ၃၀၀၀ စာ မကပဲ ၊ ငါးေသတၱာဗူးေတြ ၊ က်န္းမာေရးအတြက္ ေဆးဝါးေတြ ၊ အမ်ိဳးသမီးသုံး အီဗာ ေတြ၊ မိုးကာအကၤ်ီ အစရွိတဲ့ပစၥည္းေတြ သြားေရာက္ကူညီေထာက္ပံ့ပါမယ္ဗ် 🙏ေက်းဇူးပါဗ်ာ အန္တီႏွင့္ကၽြန္ေတာ့္ညီကိုမ်ား🙏🙏🙏..” ဆိုၿပီး အလႉကို ေဝမၽွေျပာျပထားတာ ျဖစ္ပါ တယ္..။ေဝလံေခါင္သီ တဲ့ အရပ္ေဒသေတြအထိ ကိုယ္တိုင္သြားေရာက္ၿပီး လိုအပ္ေနတဲ့ျပည္သူေတြအတြက္ လႉဒါန္းမႈေတြ ျပဳလုပ္ေနတာမို႔ အားလုံးက ခ်ီးက်ဴး အားေပး ထားၾကတာ ေတြ႕ရပါတယ္..။

Credit:Cele World

ကချင်ပြည်နယ်က စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တာအားလုံး ကူညီပေးသွားမယ်ဆိုတဲ့ ထူးအယ်လင်း

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်သလို ပရဟိတအလုပ်တွေ မှာလည်း အင်တိုက်အားတိုက် ပြုလုပ်နေသူတွေ ထဲမှာ အဆိုတော် ထူးအယ်လင်းကလည်း အပါအဝင်ပါပဲ..။ထူးအယ်လင်းကတော့ လက်ရှိအခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်လည်း လိုအပ်တာတွေ တတ်နိုင်သလောက် လှူဒါန်းနေတာလည်း ဖြစ်ပါတယ်..။

ထူးအယ်လင်း ကတော့ ဝေးလံခေါင်သီပြီး အခြေအနေတွေ ဆိုးရွားနေတဲ့ ကချင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေ အတွက် လည်း စားသောက်ကုန်နဲ့ အသုံးအဆောင် ပစ္စည်းတွေ လှူဒါန်းခဲ့ပြန်ပါတယ်..။စားသောက်ကုန်နဲ့ ဆေးဝါးတွေအပြင်အခြားလိုအပ်တာတွေကို လှူဒါန်းခဲ့တာဖြစ်ပြီး ဝေးလံခေါင်သီတဲ့နေရာတွေ အထိသွားရောက်ကာ ကူညီထောက်ပံ့ပေးခဲ့တဲ့အကြောင်းတွေကိုလည်း ထူးအယ်လင်းက ဝေမျှပြောပြထားတာ ဖြစ်ပါတယ်..။

“၂၇.၅.၂၀၂၁ ကချင်ပြည်နယ်ကို တက်ပါမယ် …မျှင်ငပိ အချိန် ၁၀၀ ၊ ငမှီးတန်သွယ် အချိုခြောက် အချိန် ၁၀၀ ၊အသင့်စားပုဇွန်ငံပြာရည်ချက် လူအယောက် ၃၀၀၀ စာ မကပဲ ၊ ငါးသေတ္တာဗူးတွေ ၊ ကျန်းမာရေးအတွက် ဆေးဝါးတွေ ၊ အမျိုးသမီးသုံး အီဗာ တွေ၊ မိုးကာအင်္ကျီ အစရှိတဲ့ပစ္စည်းတွေ သွားရောက်ကူညီထောက်ပံ့ပါမယ်ဗျ 🙏ကျေးဇူးပါဗျာ အန်တီနှင့်ကျွန်တော့်ညီကိုများ🙏🙏🙏..” ဆိုပြီး အလှူကို ဝေမျှပြောပြထားတာ ဖြစ်ပါ တယ်..။ဝေလံခေါင်သီ တဲ့ အရပ်ဒေသတွေအထိ ကိုယ်တိုင်သွားရောက်ပြီး လိုအပ်နေတဲ့ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာမို့ အားလုံးက ချီးကျူး အားပေး ထားကြတာ တွေ့ရပါတယ်..။

Credit:Cele World

About the author

Ms Cele

Leave a Comment