Celebrity

ကခ်င္႐ိုးရာ၀တ္စံုေလးေတြ ၀တ္ဆင္ၿပီး ေနနဲ႕လ ေရႊနဲ႕ျမလို လိုက္ဖက္ညီစြာ အလန္းစားပံုေလးေတြ ႐ိုက္ကူးထားတဲ့ ေအာန္ဆိုင္းတို႔ စံုတြဲ

Written by Ms Cele

ကခ်င္႐ိုးရာ၀တ္စံုေလးေတြ ၀တ္ဆင္ၿပီး ေနနဲ႕လ ေရႊနဲ႕ျမလို လိုက္ဖက္ညီစြာ အလန္းစားပံုေလးေတြ ႐ိုက္ကူးထားတဲ့ ေအာန္ဆိုင္းတို႔ စံုတြဲ

ပရိသတ္ႀကီးေရ တိုင္းရင္းသူေလးရဲ့ ခ်စ္ျခင္းေမတၱာေတြဟာ ေရြးခ်ယ္မႈမွန္ကန္သြား တဲ့အခါ ေပ်ာ္ရႊင္စရာေတြပဲ ျဖစ္လာခဲ့ပါတယ္။ ေအာန္ဆိုင္းဟာ သူမရဲ့ အလုပ္အေပၚမွာလည္း တာဝန္ေက်သူ တစ္ေယာက္ျဖစ္ၿပီး ပရိသတ္အားေပးမႈ အခိုင္အမာရထားသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမရဲ့ျဖစ္တည္မႈ အရာရာတိုင္းကို တန္ဖိုးထားၿပီး ခ်စ္ေပးတဲ့ခ်စ္သူေၾကာင့္လည္း စိတ္ခ်မ္းသာေနခဲ့ပါတယ္။

ထင္မွတ္မထားတဲ့ နည္းလမ္းနဲ႔ လက္ထပ္ခြင့္ေတာင္းခံခဲ့ရၿပီး ၾကည္ႏူးစရာ ေကာင္းတဲ့ အခိုက္အတန႔္ေလးကို သူမနဲ႔အတူ ပရိသတ္ေတြက ဝိုင္းၿပီးေပ်ာ္ေပးခဲ့ပါတယ္။ စြံေတာ့မယ့္ ေအာန္ဆိုင္းအတြက္လည္း သူမရဲ့သူငယ္ခ်င္းေတြ အားလုံးစုေပါင္းၿပီး Sold Out Party လည္း လုပ္ေပးခဲ့ ပါေသးတယ္။ ဒီပြဲမွာလည္း သူမအႀကိဳက္ဆုံး ေဘာလုံးသမားေတြ ရဲ့ပုံကို ေထာင္ထားေပးခဲ့ပါေသး တယ္။

ခ်စ္သူနဲ ႔ႏွစ္ေယာက္အတူ ရိုဆန္ဆန္ရိုက္ ထားတဲ့ပုံေလးေတြကို ” Faith to bring us Love ,Trust & Happiness ” ဆိုၿပီး တင္ထား တာပဲ ျဖစ္ပါတယ္။ ကခ်င္မေလးကို ခ်စ္မိေတာ့ သူမရဲ့ရိုးရာဓေလ့ ဝတ္စုံေလးကိုပါဆင္ျမန္းၿပီး အမွတ္တရပုံ ရိုက္ေပးခဲ့တဲ့ ေအာန္ဆိုင္း ခ်စ္သူေလးရဲ့ ခ်စ္စိတ္ေလးက တကယ္ကိုၾကည္ႏူးစရာပါ။

Credit:Cele Zone
Source:Awn Seng

ကချင်ရိုးရာဝတ်စုံလေးတွေ ဝတ်ဆင်ပြီး နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီစွာ အလန်းစားပုံလေးတွေ ရိုက်ကူးထားတဲ့ အောန်ဆိုင်းတို့ စုံတွဲ

ပရိသတ်ကြီးရေ တိုင်းရင်းသူလေးရဲ့ ချစ်ခြင်းမေတ္တာတွေဟာ ရွေးချယ်မှုမှန်ကန်သွား တဲ့အခါ ပျော်ရွှင်စရာတွေပဲ ဖြစ်လာခဲ့ပါတယ်။ အောန်ဆိုင်းဟာ သူမရဲ့ အလုပ်အပေါ်မှာလည်း တာဝန်ကျေသူ တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှု အခိုင်အမာရထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ဖြစ်တည်မှု အရာရာတိုင်းကို တန်ဖိုးထားပြီး ချစ်ပေးတဲ့ချစ်သူကြောင့်လည်း စိတ်ချမ်းသာနေခဲ့ပါတယ်။

ထင်မှတ်မထားတဲ့ နည်းလမ်းနဲ့ လက်ထပ်ခွင့်တောင်းခံခဲ့ရပြီး ကြည်နူးစရာ ကောင်းတဲ့ အခိုက်အတန့်လေးကို သူမနဲ့အတူ ပရိသတ်တွေက ဝိုင်းပြီးပျော်ပေးခဲ့ပါတယ်။ စွံတော့မယ့် အောန်ဆိုင်းအတွက်လည်း သူမရဲ့သူငယ်ချင်းတွေ အားလုံးစုပေါင်းပြီး Sold Out Party လည်း လုပ်ပေးခဲ့ ပါသေးတယ်။ ဒီပွဲမှာလည်း သူမအကြိုက်ဆုံး ဘောလုံးသမားတွေ ရဲ့ပုံကို ထောင်ထားပေးခဲ့ပါသေး တယ်။

ချစ်သူနဲ ့နှစ်ယောက်အတူ ရိုဆန်ဆန်ရိုက် ထားတဲ့ပုံလေးတွေကို ” Faith to bring us Love ,Trust & Happiness ” ဆိုပြီး တင်ထား တာပဲ ဖြစ်ပါတယ်။ ကချင်မလေးကို ချစ်မိတော့ သူမရဲ့ရိုးရာဓလေ့ ဝတ်စုံလေးကိုပါဆင်မြန်းပြီး အမှတ်တရပုံ ရိုက်ပေးခဲ့တဲ့ အောန်ဆိုင်း ချစ်သူလေးရဲ့ ချစ်စိတ်လေးက တကယ်ကိုကြည်နူးစရာပါ။

Credit:Cele Zone
Source:Awn Seng

About the author

Ms Cele

Leave a Comment