Celebrity

ကင္းေစာင့္ျပည္သူ တစ္ေယာက္ကိုပစ္လိုက္တာ ငါတို့ပစ္ခံရသလိုပဲ နာက်င္ရတယ္ဆိုတဲ့ ေဒါင္း

Written by Ms Cele

ကင္းေစာင့္ျပည္သူ တစ္ေယာက္ကိုပစ္လိုက္တာ ငါတို့ပစ္ခံရသလိုပဲ နာက်င္ရတယ္ဆိုတဲ့ ေဒါင္း

သရုပ္ေဆာင္ ေဒါင္းကေတာ့ လက္ရိွျမန္မာ့ ျပည္တြင္းေရးနဲ့ ပက္သတ္ျပီး လူကိုယ္တိုင္ လာေရာက္ပူးေပါင္းနုိင္ျခင္းမရိွေပမယ့္ သူေရာက္ရိွေနတဲ့ ထုိင္းနိုင္ငံကေနျပီး ပရိသတ္ေတြအတြက္ စိတ္ဓာတ္တက္ၾကြစရာ အားေပးစကားေတြ ေျပာေနလ်က္ရိွပါတယ္။ ေဒါင္းကေတာ့ အလုပ္ကိစၥ တစ္ဖက္ရိွေနေပမယ့္ သူ့ရဲ့ စိတ္ေတြ၊ အခ်ိန္ေတြ ေတာ္ေတာ္မ်ားမ်ား ကိုေတာ့ ျမန္မာ့အေရးကိစၥမွာ နွစ္ျမွပ္ထားသူ တစ္ေယာက္ဆိုလည္း မမွားပါဘူး။ ဒီတစ္ေခါက္မွာေတာ့ ေဒါင္းက ေရႊျပည္သာက ကင္းေစာင့္တဲ့ ျပည္သူတစ္ေယာက္ကို ဆံုးရႈံးလိုက္ရမႈနဲ့ ပက္သတ္ျပီး ေတာ္ေတာ္ေလး ေဒါသထြက္ေပါက္ကြဲေနတာကို ေတြ့ရပါတယ္။

ေဒါင္းက “ေ႐ႊျပည္သာမွာ ကင္းေစာင့္ျပည္သူ တစ္ေယာက္ကို ပစ္သတ္လိုက္ျပန္ၿပီ ငါတို႔ပစ္ခံရသလိုပဲ နာက်င္ရတယ္ ကြၽန္ေတာ္တို႔ေတြ နာၾကည္းမႈေတြကို ျမိဳသိပ္ထားၾကရမယ္ ၊အရႈံးျဖစ္ေစမယ့္ ဘယ္လိုအရာမွ ကြၽန္ေတာ္တို႔ မလုပ္မိဖို႔ လိုအပ္တယ္ ေသြးနဲ႔ရင္းခဲ့ၾကတဲ့ျပည္သူတစ္ဦးခ်င္းစီတိုင္းအတြက္ ကြၽန္ေတာ္တို႔စိတ္ဓာတ္ေတြမာေၾကာၾကမယ္ ၊ႏိုင္ငံအတြက္ ဒီမိုကေရစီကိုရေအာင္ျပန္ယူမယ္ ၊ဒီမိုကေရစီအတြက္ ရင္းခဲ့တဲ့ ျပည္သူ႔ေသြးေတြ အတြက္ ဒီမိုကေရစီကိုရေအာင္ျပန္ယူမယ္ ။ အာဏာရွင္စနစ္ က်ဆုံးပါေစ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။

ကင္းေစာင့္ျပည္သူ တစ္ေယာက္ကို ပစ္လိုက္တာ ငါတို့ပစ္ခံရသလိုပဲ နာက်င္ရတယ္ဆိုျပီး ေဒါင္းရဲ့ ခံစားခ်က္ ကေတာ့ အခုဆိုရင္ ျပည္သူလူထု တစ္ခုလံုးနဲ့ ထပ္တူက်မယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: DAUNG’s fb
Credit:Cele Connections

ကင်းစောင့်ပြည်သူ တစ်ယောက်ကိုပစ်လိုက်တာ ငါတို့ပစ်ခံရသလိုပဲ နာကျင်ရတယ်ဆိုတဲ့ ဒေါင်း

သရုပ်ဆောင် ဒေါင်းကတော့ လက်ရှိမြန်မာ့ ပြည်တွင်းရေးနဲ့ ပက်သတ်ပြီး လူကိုယ်တိုင် လာရောက်ပူးပေါင်းနိုင်ခြင်းမရှိပေမယ့် သူရောက်ရှိနေတဲ့ ထိုင်းနိုင်ငံကနေပြီး ပရိသတ်တွေအတွက် စိတ်ဓာတ်တက်ကြွစရာ အားပေးစကားတွေ ပြောနေလျက်ရှိပါတယ်။ ဒေါင်းကတော့ အလုပ်ကိစ္စ တစ်ဖက်ရှိနေပေမယ့် သူ့ရဲ့ စိတ်တွေ၊ အချိန်တွေ တော်တော်များများ ကိုတော့ မြန်မာ့အရေးကိစ္စမှာ နှစ်မြှပ်ထားသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီတစ်ခေါက်မှာတော့ ဒေါင်းက ရွှေပြည်သာက ကင်းစောင့်တဲ့ ပြည်သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရမှုနဲ့ ပက်သတ်ပြီး တော်တော်လေး ဒေါသထွက်ပေါက်ကွဲနေတာကို တွေ့ရပါတယ်။

ဒေါင်းက “ရွှေပြည်သာမှာ ကင်းစောင့်ပြည်သူ တစ်ယောက်ကို ပစ်သတ်လိုက်ပြန်ပြီ ငါတို့ပစ်ခံရသလိုပဲ နာကျင်ရတယ် ကျွန်တော်တို့တွေ နာကြည်းမှုတွေကို မြိုသိပ်ထားကြရမယ် ၊အရှုံးဖြစ်စေမယ့် ဘယ်လိုအရာမှ ကျွန်တော်တို့ မလုပ်မိဖို့ လိုအပ်တယ် သွေးနဲ့ရင်းခဲ့ကြတဲ့ပြည်သူတစ်ဦးချင်းစီတိုင်းအတွက် ကျွန်တော်တို့စိတ်ဓာတ်တွေမာကြောကြမယ် ၊နိုင်ငံအတွက် ဒီမိုကရေစီကိုရအောင်ပြန်ယူမယ် ၊ဒီမိုကရေစီအတွက် ရင်းခဲ့တဲ့ ပြည်သူ့သွေးတွေ အတွက် ဒီမိုကရေစီကိုရအောင်ပြန်ယူမယ် ။ အာဏာရှင်စနစ် ကျဆုံးပါစေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ကင်းစောင့်ပြည်သူ တစ်ယောက်ကို ပစ်လိုက်တာ ငါတို့ပစ်ခံရသလိုပဲ နာကျင်ရတယ်ဆိုပြီး ဒေါင်းရဲ့ ခံစားချက် ကတော့ အခုဆိုရင် ပြည်သူလူထု တစ်ခုလုံးနဲ့ ထပ်တူကျမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: DAUNG’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment