Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Khine Hnin Wai

ကဆုန်လပြည့်နေ့မှာ ကိုးနဝင်းစေတီတော်မြတ်ကြီး ထီးတော်တင် ပူဇော်ပွဲကို အလှုရှင်များနဲ့စုပေါင်းကာ ပါရမီဖြည့်ခဲ့တဲ့ ခိုင်နှင်းဝေ

အနုပညာ လောကမှာ ဇာတ်ကားပေါင်း များစွာ ရိုက်ကူးထားပြီး အောင်မြင်မှုတွေ အခိုင်အမာ ရရှိထားတဲ့အပြင် ပရဟိတ အလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူကတော့ မင်းသမီးချောခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။ ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေက လေးစားအားကျနေရတာပါ။

ဒါ့အပြင် လိုအပ်နေတဲ့ ပြည်သူတွေ အတွက်လည်း တတ်နိုင်သလောက် အမြဲဖေးမ ကူညီတတ်တဲ့ သူမကတော့ အခုလိုအချိန်မှာလည်း အားလုံးနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

ယနေ့ မေလ (၂၅) ရက် ကဆုန်လပြည့်နေ့ မှာတော့ အလှုရှင်များနဲ ့ခုနှစ်ရက် သားသမီးများ စုပေါင်းကာ တည်ထား ကိုးကွယ်တဲ့ ကိုးနဝင်းစေတီတော်မြတ်ကြီး ထီးတော်တင် ပူဇော်ပွဲကို ရောက်ရှိနေကြောင်း ဖော်ပြထားပါတယ်။ ” အလှုရှင်များ နှင့် ခုနှစ်ရက် သားသမီးများ စုပေါင်း၍ တည်ထား ကိုးကွယ်သော “ကိုးနဝင်း” စေတီတော်မြတ်ကြီး ထီးတော်တင် ပူဇော်ပွဲသို့ ပါရမီ ဖြည့် ကုသိုလ်ယူခဲ့ပါတယ်…ဝဋ်ကြွေး ဟောင်းများ ကျေပြီး ဝဋ်ကြွေး အသစ်များ မဖြစ်စေရပဲ သာသနာ အကျိုးများ ဒီထက်မက သယ်ပိုးဆောင်ရွက်နိုင်ရပါစေ ရှင်.” ဆိုပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ပုံများကို ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment