Celebrity


Written by Ms Cele





Credit:Swelsone News

ကန်စွန်းရွက်ရောင်းတဲ့ အမေအိုရဲ့ ပြိုလဲကျတော့မယ့် အိမ်ကို ပြုပြင် တည်ဆောက်ပေးမယ့် ဒိန်းဒေါင်

ပရိသတ်ကြီးရေ.. ဒိန်းဒေါင်လို ့ဆိုလိုက်တာနဲ့ ရယ်စရာ ဟာသလေးတွေကို မျက်နှာဟန်ပန် အမူအရာတွေအပြင် ခြေဟန် လက်ဟန်နဲ့ ပြောတတ်ပြီး ပရိသတ်တွေကို အမြဲပျော်ရွှင် ရယ်မောစေတဲ့ ဟာသသရုပ်ဆောင်အနုပညာရှင်ကို မြင်ယောင်မိကြမှာပါနော်..။ ဒိန်းဒေါင် ကတော့ ဟာသလေးတွေနဲ့ ပရိသတ်တွေကို ရယ်မာပျာ်ရွှင်စေသလို ပရဟိတ အလုပ်တွေနဲ့လည်း ပြည်သူပရိသတ်တွေကို ဖေးမကူညီကာ လှူဒါန်းမှုတွေနဲ့ ကောင်းမှုကုသိုလ် လေးတွေပြုလုပ်နေတဲ့ ပရဟိတပုဂ္ဂိုလ်တစ်လည်း ဖြစ်ပါတယ်နော်..။

အလှူရှင်တွေရဲ့ လှူဒန်းမှုလေးတွေကို လိုအပ်နေကြတဲ့ပြည်သူ ပရိသတ်တွေကို ပြန်လည်လှူဒါန်းပေးနေတဲ့ ဒိန်းဒေါင် ကတော့ ဒီကနေ့လေး မှာလည်း ကန်စွန်းရွက်ရောင်းတဲ့ အမေအိုအတွက် အသုံးအဆောင်တွေနဲ့ ငွေကြေးတွေလှူဒါန်းခဲ့ပြန်ပါတယ်နော်..။ ငွေကြေးနဲ့ ပစ္စည်းတွေကို လှူဒါန်းခဲ့တဲ့အပြင် ပြိုလဲကျတော့မယ့် ယိုင်နဲ့နေတဲ့ အမေအိုရဲ့ နေအိမ်ကိုလည်း ပြန်လည်ပြုပြင် တည်ဆောက်ပေးမယ့် အကြောင်းလေး ကိုလည်း ပြောပြလာပါတယ်နော်..။

“ချွန်တွန်းအလှူရှင်များကို ကုသိုလ်ရအောင် လုပ်ပေးတဲ့ ကန်စွန်းရွက်ရောင်းတဲ့ အမေအိုပါ🙏🙏🙏🙏🙏..” ဆိုပြီး ကြည်နူးပီတိဖြစ်စရာ ကောင်းလွန်းပြီး သာဓုခေါ်စရာလည်းကောင်းလွန်းတဲ့ သူတို့အဖွဲ့ရဲ့ အလှူလေးကို ဝေမျှထားတာဖြစ်ပါတယ်..။ ပရိသတ်တွေကလည်း အလှူအတန်းနဲ့ ပရဟိတအလုပ်တွေမှာ လက်မနှေးတဲ့ ဒိန်းဒေါင်တို့ “ချွန်တွန်း” အဖွဲ့ရဲ့ အလှူလေးတွေကို အမြဲစောင့်ကြည့် အားပေးကာ ကြည်နူးအပျော်လေးတွေကူးစက်ရင်း သာဓုခေါ်ဆုတောင်းစကားလေး တွေလည်း ပြောထားကြပါတယ်နော်..။

Credit:Swelsone News

About the author

Ms Cele

Leave a Comment