Celebrity

ကမာၻ႔ဖလားေျခစစ္ပြဲတြင္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ျမန္မာအသင္းကို အရမ္းအျပစ္မတင္ဖို႕ ေတာင္းဆိုလိုက္တဲ့ ရန္ရန္ခ်န္း

Written by Ms Cele

ကမာၻ႔ဖလားေျခစစ္ပြဲတြင္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ျမန္မာအသင္းကို အရမ္းအျပစ္မတင္ဖို႕ ေတာင္းဆိုလိုက္တဲ့ ရန္ရန္ခ်န္း

မေန႕ညက ဂ်ပန္နိုင္ငံတြင္ က်င္းပျပဳလုပ္တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲတြင္ ျမန္မာအသင္းမွ ဂ်ပန္အသင္းကို ဆယ္ဂိုး ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ ျမန္မာေဘာလုံးအသင္းကို ပရိသတ္မ်ားမွ ေဝဖန္အျပစ္တင္ေနၾကပါတယ္။ သို႔ေသာ္လည္း မေန႕ကပြဲအတြင္း ျမင္ေတြ႕လိုက္ရတဲ့ ကစားသမားေတြရဲ႕ မ်က္ႏွာအမူအရာေတြေၾကာင့္ အားလုံးက ၀မ္းနည္းစိတ္မေကာင္း ျဖစ္ေနၾကရျပန္ပါတယ္။

ကစားသမားအားလံုး နိုင္ငံေတာ္သီခ်င္း ကိုေတာင္ လုံးဝမဆိုၾကဘဲ သက္ျပင္းေတြ အႀကိမ္ေပါင္းမ်ားစြာခ်ေနတာကို အားလုံးလည္း ျမင္ေတြ႕ခဲ့ၾကရမွာပါ။ သူတို႔အားလုံး ဘယ္လိုမွ မတတ္သာတဲ့ အေျခအေနေတြေၾကာင့္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတယ္လို႔ ပရိသတ္တစ္ခ်ိဳ႕မွထင္ျမင္ယူဆၾကပါတယ္။မေန႕ညက အဆိုေတာ္ ရန္ရန္ခ်န္းရဲ႕ လူမႈကြန္ယက္တြင္လည္း မလႊဲသာလို႕ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၾကေသာ ျမန္မာအသင္းကို အျပစ္မျမင္ၾကဖို႔ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။

” ျမန္မာေဘာလုံးအသင္းကို အရမ္းမေျပာၾကပါနဲ႕ကြာ သူတို႔မွာလည္း မလြန္ဆန္နိုင္တာေတြရွိေနေလာက္မယ္ထင္ပါတယ္ သူတို႔ အခုခ်ိန္ဘယ္ေလာက္ေတာင္စိတ္ဖိစီးေနၾကမလည္း….. သူတို႔လည္းျပည္သူေတြပါပဲအခ်င္းခ်င္းအားေပးၾကရေအာင္ေလေနာ္ 🤜🤛 🇲🇲 ⚽” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။မေန႕က ၿပိဳင္ပြဲတြင္ ျမန္မာအသင္းမွ အရန္ကစားသမားတစ္ဦးက နိုင္ငံေတာ္ သီခ်င္းဆိုခ်ိန္တြင္ လက္သုံးေခ်ာင္းေထာင္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့တာ ျဖစ္ပါတယ္။ ထိုကစားသမားရဲ႕ ရဲရင့္သတၱိရွိမႈေတြကို ျပည္သူေတြက ေလးစားဂုဏ္ယူေနၾကၿပီး သူ႕ရဲ႕ေဘးကင္းလုံၿခဳံမႈအတြက္ေတာ့ စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ပါတယ္ေနာ္။

crd-original

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအသင်းကို အရမ်းအပြစ်မတင်ဖို့ တောင်းဆိုလိုက်တဲ့ ရန်ရန်ချန်း

မနေ့ညက ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာအသင်းမှ ဂျပန်အသင်းကို ဆယ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ သွားရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဘောလုံးအသင်းကို ပရိသတ်များမှ ဝေဖန်အပြစ်တင်နေကြပါတယ်။ သို့သော်လည်း မနေ့ကပွဲအတွင်း မြင်တွေ့လိုက်ရတဲ့ ကစားသမားတွေရဲ့ မျက်နှာအမူအရာတွေကြောင့် အားလုံးက ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြရပြန်ပါတယ်။

ကစားသမားအားလုံး နိုင်ငံတော်သီချင်း ကိုတောင် လုံးဝမဆိုကြဘဲ သက်ပြင်းတွေ အကြိမ်ပေါင်းများစွာချနေတာကို အားလုံးလည်း မြင်တွေ့ခဲ့ကြရမှာပါ။ သူတို့အားလုံး ဘယ်လိုမှ မတတ်သာတဲ့ အခြေအနေတွေကြောင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ပရိသတ်တစ်ချို့မှထင်မြင်ယူဆကြပါတယ်။မနေ့ညက အဆိုတော် ရန်ရန်ချန်းရဲ့ လူမှုကွန်ယက်တွင်လည်း မလွှဲသာလို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသော မြန်မာအသင်းကို အပြစ်မမြင်ကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

” မြန်မာဘောလုံးအသင်းကို အရမ်းမပြောကြပါနဲ့ကွာ သူတို့မှာလည်း မလွန်ဆန်နိုင်တာတွေရှိနေလောက်မယ်ထင်ပါတယ် သူတို့ အခုချိန်ဘယ်လောက်တောင်စိတ်ဖိစီးနေကြမလည်း….. သူတို့လည်းပြည်သူတွေပါပဲအချင်းချင်းအားပေးကြရအောင်လေနော် 🤜🤛 🇲🇲 ⚽” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။မနေ့က ပြိုင်ပွဲတွင် မြန်မာအသင်းမှ အရန်ကစားသမားတစ်ဦးက နိုင်ငံတော် သီချင်းဆိုချိန်တွင် လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ထိုကစားသမားရဲ့ ရဲရင့်သတ္တိရှိမှုတွေကို ပြည်သူတွေက လေးစားဂုဏ်ယူနေကြပြီး သူ့ရဲ့ဘေးကင်းလုံခြုံမှုအတွက်တော့ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။

crd-original

About the author

Ms Cele

Leave a Comment