Celebrity


Written by Ms Cele






ကမ္ဘာကျော် Forbes မဂ္ဂဇင်း ရဲ့ အာရှ Digital Star အယောက်(၁၀၀) စာရင်းမှာ ဖော်ပြခြင်းခံ ခဲ့ရတဲ့ စိုင်းစိုင်းခမ်း လှိုင် နဲ့ ဝတ်မှုံရွှေ ရည်

နိုင်ငံကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ “ချောကလတ်ရောင် ရေခဲအိပ်မက်များ” ဆိုတဲ့ သီချင်းခွေနဲ့ အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ရုပ်ရှင်၊ ဂီတ နယ်ပယ်မှာ တောက်ပလာခဲ့ပြီး အခုဆိုရင် ပြိုင်စံရှား အနုပညာရှင်တစ်ယောက်အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာ သာမက ပြည်ပနိုင်ငံတွေနဲ့လည်း ရုပ်ရှင်၊ ဂီတ အနုပညာလှုပ်ရှားမှုတွေ အတူတူ လုပ်ကိုင်ရလေ့ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်က အာရှနိုင်ငံတွေမှာလည်း လူသိထင်ရှားတဲ့ မြန်မာအနုပညာရှင်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းကောင်းလေးကို မျှဝေလာပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ အာရှ Digital Star အယောက် တစ်ရာစာရင်းမှာ ပါဝင်နိုင်ခဲ့ပြီး သူ့အနေနဲ့ အဲ့ဒီလိုစာရင်းထဲ ထည့်သွင်းဂုဏ်ပြုခြင်းခံရတဲ့ အဓိကအကြောင်း အရင်းကိုလည်း အခုလိုပဲပြောလာပါတယ်။ “Forbes က အာရှ Digital Star အယောက်တစ်ရာ စာရင်းမှာ ကျွန်တော့်ကို ထည့်ထားတယ် ကျွန်တော် ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဖြစ်မှာပဲ။ Thanks to my fan” ဆိုပြီး ပြောလာပါတယ်။

စိုင်းစိုင်းခမ်းလှိုင် ကတော့ သူအခုလို အာရှထိပ်သီးအနုပညာရှင် တစ်ယောက်အနေနဲ့ ဖော်ပြခံရတာ ပရိသတ်တွေကြောင့်သာ ဖြစ်တယ်လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူတူ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်ကလည်း Forbes မဂ္ဂဇင်းရဲ့ အာရှ Digital Star အယောက်တစ်ရာစာရင်းမှာ ဖော်ပြခံ ခဲ့ရတာ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment