Celebrity


Written by Ms Cele





Credit:Cele Gabar

ကမ္ဘာကျော် Luxury Brand တစ်ခုရဲ့ သီးသန့် ဖိတ်ကြားခြင်းကို ရရှိခဲ့တဲ့ နေခြည်ဦး

အချိန်တိုအတွင်း ပရိသတ် အသိမှတ်အားပေးခြင်းခံရတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်လာဖို့ အစွမ်းကုန်ကြိုးစားခဲ့တဲ့ ချီချီ အတွက် ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ဆုလာဘ်တွေကလည်း အမြဲအသင့် ရှိနေခဲ့ပါတယ်။ မကြာသေးခင် ကမှ She Shines နဲ့အတူ အင်တိုက် အားတိုက် Online Sale လုပ်ပြီးနောက် လိုအပ်နေတဲ့နေရာတွေကို သိန်းတစ်ထောင် လှူဒါန်းပေးနိုင်ခဲ့တဲ့ နေခြည်ဦးကတော့ ဒီတစ်ခေါက်မှာလည်း ကမ္ဘာကျော် Luxury Brand တစ်ခုရဲ့ သီးသန့်ဖိတ်ကြားခြင်းကို ရရှိခဲ့ပါတယ်။

The Real five Stars Experience ဖြစ်တဲ့ Hotel Group က မြန်မာနိုင်ငံကို ပထမဆုံးဝင် ရောက်လာတာဖြစ်ပြီး ချီချီကိုတော့ ပထမဆုံး အကြိမ်မှာပဲ သတိတရနဲ့ သူတို့ရဲ့ Residence Sale Gallery ကို လာရောက် လေ့လာဖို့ဖိတ်ကြားခဲ့တာပဲ ဖြစ်ပါတယ်။ နေခြည်ဦး ကတော့ အခုလို ကမ္ဘာကျော် Brand တစ်ခုရဲ့ ဖိတ်ကြားခြင်း ကို ခံခဲ့ရတာမို့ အရမ်းဝမ်းသာ ဂုဏ်ယူခဲ့ရသလို အားပေးနေတဲ့ ချီလီလေးတွေပါ ဂုဏ်ယူနိုင်ဖို့ ပြန်လည် မျှဝေပေးခဲ့တာဖြစ်ပြီး မကြာခင်အချိန် အတွင်း မှာ သူ့ရဲ့ အတွေ့အကြုံလေးတွေကို Beautybynaychi Page လေးက နေတဆင့် ပြန်လည်မျှဝေပေးသွားမှာပါတဲ့ ပရိသတ်ကြီးရေ..

အလုပ်ကို စည်းစနစ်တကျနဲ့ အကောင်းဆုံး လုပ်တတ်တဲ့ ချီချီရဲ့ထုံးစံ အတိုင်း ဖိတ်ကြားလာတဲ့ Brand နဲ့ပတ်သက်တဲ့ အရာတွေကို အများကြီးလေ့လာခဲ့သလို Sale Gallery ကိုသွားရောက် လေ့လာတဲ့အခါ သိချင်တာတွေမေး လို့ရအောင် ကြိုတင်ပြင်ဆင်မှုအနေနဲ့ သူတို့ရဲ့ Project အကြောင်းကို သေချာလေးရှာဖတ်ဖြစ်ခဲ့တဲ့အပြင် မြန်မာနိုင်ငံမှာရော ဘယ်လိုမျိုးထူးထူးခြားခြားလေး ဖြစ်လာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားမိနေပြီဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment