Celebrity

ကမၻာ့ အေခ်ာေမာဆံုး အမ်ိဳးသား အျဖစ္ နံပါတ္ (၁၀) မွာ ေဖာ္ျပခံခဲ့ ရတဲ့ ပိုင္တံခြန္

Written by Ms Cele

ကမၻာ့ အေခ်ာေမာဆံုး အမ်ိဳးသား အျဖစ္ နံပါတ္ (၁၀) မွာ ေဖာ္ျပခံခဲ့ ရတဲ့ ပိုင္တံခြန္

မင္းသားေခ်ာ ပိုင္တံခြန္ ကေတာ့ ရွည္လ်ားတဲ့ အရပ္အေမာင္း၊ ေယာက်ာ္းဆန္ျပီး အေနအထိုင္ တည္ၾကည္လြန္းတာမို့ မိန္းကေလးေတြရဲ့ အသည္း နွလံုးကို ဖမ္းစားထားနိုင္သူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ ကေတာ့ ျပည္တြင္းက ပရိသတ္ေတြရဲ့ အားေပးျခင္းကုိ သာမကပဲ ထုိင္း၊ ကေမၻာဒီးယား၊ ဂ်ပန္၊ လာအိုစတဲ့ အိမ္နီးခ်င္း အာရွနိုင္ငံေတြ ဆီမွာပါ အားေပးသူ ပရိသတ္ အမ်ားအျပားကို ရရိွပိုင္ဆိုင္ ထားျပီး ျပည္ပနိုင္ငံေတြအထိ ထိုးေဖာက္ေအာင္ျမင္ေနသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ကမၻာက သိတဲ့ ျမန္မာမင္းသား အျဖစ္ နိုင္ငံ့ဂုဏ္ကို ထမ္းေဆာင္ နိုင္ခဲ့တဲ့ ပိုင္တံခြန္က ဒီတစ္ခါမွာလည္း ျမန္မာ ပရိသတ္ေတြ ဂုဏ္ယူစရာအေၾကာင္း အရာတစ္ခုကို သယ္ေဆာင္လာျပန္ပါျပီ။

အဲ့ဒါကေတာ့ ပိုင္တံခြန္က TC Candler ရဲ့ The Most Handsome Face Of 2020 မွာ ကမၻာ့ အေခ်ာေမာဆံုး အမ်ိဳးသားအျဖစ္ ေဖာ္ျပခံခဲ့ရတာ ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့ ကမၻာ့နုိင္ငံ အသီးသီးမွ နာမည္ၾကီး အမ်ိဳးသား အနုပညာရွင္ေတြကို ေက်ာ္ျဖတ္ျပီး ကမၻာ့ အေခ်ာေမာဆံုး အမ်ိဳးသား အျဖစ္ နံပါတ္ (၁၀) မွာ ရပ္တည္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးအတြက္ TC Candler ရဲ့ The Most Handsome Face Of 2020 မွာ ပါဝင္ခဲ့တဲ့ အမ်ိဳးသား အနုပညာရွင္ အေယာက္ (၁၀၀) ကို မွ်ေဝေပးလုိက္ပါတယ္ေနာ္။

ပိုင္တံခြန္ကေတာ့ ကမၻာ့နိုင္ငံ အသီးသီးမွာ ျမန္မာအနုပညာရွင္ တစ္ေယာက္အျဖစ္ ဂုဏ္ယူဝံ့ၾကြားနိုင္ခဲ့ျပီ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း တိုင္းျပည္ကို ဂုဏ္တင့္ေစတဲ့ ပိုင္တံခြန္ အတြက္ ဝမ္းသာဂုဏ္ယူေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

ကမ္ဘာ့ အချောမောဆုံး အမျိုးသား အဖြစ် နံပါတ် (၁၀) မှာ ဖော်ပြခံခဲ့ ရတဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန် ကတော့ ရှည်လျားတဲ့ အရပ်အမောင်း၊ ယောကျာ်းဆန်ပြီး အနေအထိုင် တည်ကြည်လွန်းတာမို့ မိန်းကလေးတွေရဲ့ အသည်း နှလုံးကို ဖမ်းစားထားနိုင်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် ကတော့ ပြည်တွင်းက ပရိသတ်တွေရဲ့ အားပေးခြင်းကို သာမကပဲ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ လာအိုစတဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေ ဆီမှာပါ အားပေးသူ ပရိသတ် အများအပြားကို ရရှိပိုင်ဆိုင် ထားပြီး ပြည်ပနိုင်ငံတွေအထိ ထိုးဖောက်အောင်မြင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာက သိတဲ့ မြန်မာမင်းသား အဖြစ် နိုင်ငံ့ဂုဏ်ကို ထမ်းဆောင် နိုင်ခဲ့တဲ့ ပိုင်တံခွန်က ဒီတစ်ခါမှာလည်း မြန်မာ ပရိသတ်တွေ ဂုဏ်ယူစရာအကြောင်း အရာတစ်ခုကို သယ်ဆောင်လာပြန်ပါပြီ။

အဲ့ဒါကတော့ ပိုင်တံခွန်က TC Candler ရဲ့ The Most Handsome Face Of 2020 မှာ ကမ္ဘာ့ အချောမောဆုံး အမျိုးသားအဖြစ် ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ နာမည်ကြီး အမျိုးသား အနုပညာရှင်တွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့ အချောမောဆုံး အမျိုးသား အဖြစ် နံပါတ် (၁၀) မှာ ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် TC Candler ရဲ့ The Most Handsome Face Of 2020 မှာ ပါဝင်ခဲ့တဲ့ အမျိုးသား အနုပညာရှင် အယောက် (၁၀၀) ကို မျှဝေပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ မြန်မာအနုပညာရှင် တစ်ယောက်အဖြစ် ဂုဏ်ယူဝံ့ကြွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တိုင်းပြည်ကို ဂုဏ်တင့်စေတဲ့ ပိုင်တံခွန် အတွက် ဝမ်းသာဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment