Celebrity

ကယ္ဆယ္ေရးအဖြဲ႕က လူနာတင္ဖို႔ ကားအဆင္မေျပျဖစ္ေနတဲ့ အသင္းကို ကားတစ္စီးလႉရန္အတြက္ (၁၀)သိန္းက်ပ္ မတည္ေငြထည့္လိုက္တဲ့ မေအးေသာင္း

Written by Ms Cele

ကယ္ဆယ္ေရးအဖြဲ႕က လူနာတင္ဖို႔ ကားအဆင္မေျပျဖစ္ေနတဲ့ အသင္းကို ကားတစ္စီးလႉရန္အတြက္ (၁၀)သိန္းက်ပ္ မတည္ေငြထည့္လိုက္တဲ့ မေအးေသာင္း

တစ္ေန႔ထက္ တစ္ေန႔ အရွိန္အဟုန္ျပင္းျပင္းနဲ႔ အားေကာင္းလာတဲ့ ဆႏၵထုတ္ေဖာ္မႈေတြဟာ နိုင္ငံတကာရဲ့ သတင္းေတြထိ ျပန႔္ႏွံေနခဲ့တာလည္း ျဖစ္ပါတယ္။ျပည္သူေတြကလည္း တစ္ရက္မွ လက္မေလ်ာ့ဘဲ ရရာေနရာေတြကေန ယုံၾကည္ခ်က္ေတြ အတြက္ ရင္ထဲကဆႏၵေတြကို ညီညီညြတ္ညြတ္ ထုတ္ေဖာ္လ်က္ရွိေနဆဲပါ။

ျပည္သူေတြနဲ႔အတူ အႏုပညာရွင္ေတြ ကလည္း အင္တိုက္ အားတိုက္ ပါဝင္ရပ္တည္ခဲ့တာကိုလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။ဒီလိုအႏုပညာရွင္ေတြထဲမွာ ဆိုရင္ မေအးေသာင္းလည္း အပါအဝင္ပါပဲ ။မေအးေသာင္းက ေဖေဖာ္ဝါရီလအစထဲက ျပည္သူလူထုနဲ႔အတူ ရပ္တည္ကာ ဆႏၵထုတ္ေဖာ္မႈေတြကို မေမာမပန္းနိုင္ေအာင္တက္တက္ႂကြႂကြ စိတ္ေရာကိုယ္ပါႏွစ္ၿပီး လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ အေရးႀကီးသတင္းေတြ ကိုလည္း သူမရဲ့အေကာင့္မွာ အခ်ိန္နဲ႔တစ္ေျပးညီ ေဖာ္ျပလ်က္ ရွိပါတယ္။အခုလည္း လူနာမ်ားတင္ဖို႔ အတြက္ ကားအဆင္မေျပျဖစ္ေနတဲ့အသင္းကို ကားတစ္စီး လႉဒါန္းရန္ သူကိုယ္တိုင္ (၁၀) က်ပ္မတည္လႉဒါန္းရင္း လိုအပ္တဲ့ေငြမ်ားကိုလည္း သူရဲ့အေကာင့္ေလးမွာ ခုလိုေရးသားကာ အလႉခံလ်က္ရွိတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။” ကယ္ဆယ္ေရးအဖြဲ႕အတြက္ တတ္နိုင္သေလာက္ လိုအပ္တာေလးေတြ လႉျဖစ္ေပမဲ့ အခုလူနာေတြတင္ဖို႔ေခၚဖို႔အတြက္ ကားအဆင္မေျပတဲ့အသင္းကို လႉခ်င္လို႔ပါ။ ကားေလးတစ္စီးလႉဖို႔က်ေတာ့ တစ္ေယာက္တည္ းမတတ္နိုင္လို႔အလႉခံပါတယ္။ က်မ ကိုယ္တိုင္ ၁၀ သိန္းက်ပ္မတည္ၿပီး အလႉေငြလည္းလက္ခံပါ့မယ္။ အားနာနာနဲ႔ပဲဒီတခါေတာ့ အလႉခံပါရေစရွင့္ Chat box မွတဆင့္ ဆက္သြယ္ေပးပါရွင့္ “ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပး လိုက္ပါတယ္။

Credit:Cele Zone
Photo – Aye Thaung

ကယ်ဆယ်ရေးအဖွဲ့က လူနာတင်ဖို့ ကားအဆင်မပြေဖြစ်နေတဲ့ အသင်းကို ကားတစ်စီးလှူရန်အတွက် (၁၀)သိန်းကျပ် မတည်ငွေထည့်လိုက်တဲ့ မအေးသောင်း

တစ်နေ့ထက် တစ်နေ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ အားကောင်းလာတဲ့ ဆန္ဒထုတ်ဖော်မှုတွေဟာ နိုင်ငံတကာရဲ့ သတင်းတွေထိ ပြန့်နှံနေခဲ့တာလည်း ဖြစ်ပါတယ်။ပြည်သူတွေကလည်း တစ်ရက်မှ လက်မလျော့ဘဲ ရရာနေရာတွေကနေ ယုံကြည်ချက်တွေ အတွက် ရင်ထဲကဆန္ဒတွေကို ညီညီညွတ်ညွတ် ထုတ်ဖော်လျက်ရှိနေဆဲပါ။

ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေ ကလည်း အင်တိုက် အားတိုက် ပါဝင်ရပ်တည်ခဲ့တာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။ဒီလိုအနုပညာရှင်တွေထဲမှာ ဆိုရင် မအေးသောင်းလည်း အပါအဝင်ပါပဲ ။မအေးသောင်းက ဖေဖော်ဝါရီလအစထဲက ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ ဆန္ဒထုတ်ဖော်မှုတွေကို မမောမပန်းနိုင်အောင်တက်တက်ကြွကြွ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အရေးကြီးသတင်းတွေ ကိုလည်း သူမရဲ့အကောင့်မှာ အချိန်နဲ့တစ်ပြေးညီ ဖော်ပြလျက် ရှိပါတယ်။အခုလည်း လူနာများတင်ဖို့ အတွက် ကားအဆင်မပြေဖြစ်နေတဲ့အသင်းကို ကားတစ်စီး လှူဒါန်းရန် သူကိုယ်တိုင် (၁၀) ကျပ်မတည်လှူဒါန်းရင်း လိုအပ်တဲ့ငွေများကိုလည်း သူရဲ့အကောင့်လေးမှာ ခုလိုရေးသားကာ အလှူခံလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။” ကယ်ဆယ်ရေးအဖွဲ့အတွက် တတ်နိုင်သလောက် လိုအပ်တာလေးတွေ လှူဖြစ်ပေမဲ့ အခုလူနာတွေတင်ဖို့ခေါ်ဖို့အတွက် ကားအဆင်မပြေတဲ့အသင်းကို လှူချင်လို့ပါ။ ကားလေးတစ်စီးလှူဖို့ကျတော့ တစ်ယောက်တည် းမတတ်နိုင်လို့အလှူခံပါတယ်။ ကျမ ကိုယ်တိုင် ၁၀ သိန်းကျပ်မတည်ပြီး အလှူငွေလည်းလက်ခံပါ့မယ်။ အားနာနာနဲ့ပဲဒီတခါတော့ အလှူခံပါရစေရှင့် Chat box မှတဆင့် ဆက်သွယ်ပေးပါရှင့် “ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Aye Thaung

About the author

Ms Cele

Leave a Comment