Celebrity

ကရင္တိုင္းရင္းသား စစ္ေဘးေရွာင္ေတြ အတြက္ ဆန္အိတ္(၅၀)၊ငါးေသတၱာဘူး (၁၀၀၀)နဲ႕ လိုအပ္တဲ့ ေဆးဝါးမ်ားလွဴဒါန္းခဲ့တဲ့ မီးႏို

Written by Ms Cele

ကရင္တိုင္းရင္းသား စစ္ေဘးေရွာင္ေတြ အတြက္ ဆန္အိတ္(၅၀)၊ငါးေသတၱာဘူး (၁၀၀၀)နဲ႕ လိုအပ္တဲ့ ေဆးဝါးမ်ားလွဴဒါန္းခဲ့တဲ့ မီးႏို

ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ အဆိုေတာ္ မီးနို ကေတာ့ မေန႔ ဇြန္လ (၂၃)ရက္ေန႔မွာ သူ႔ရဲ့ ပရိသတ္ ေတြရယ္ ဂီတေမာင္ႏွမေတြရယ္နဲ႔ စုေပါင္းၿပီး ကရင္တိုင္းရင္းသား စစ္ေဘးေရွာင္ျပည္သူေတြ အတြက္ အလႉေလးတစ္ခုကို ေအာင္ျမင္စြာနဲ႔ ျပဳလုပ္နိုင္ခဲ့ပါတယ္။ မီးနိုကေတာ့ အလႉေလးေအာင္ျမင္စြာျပဳလုပ္နိုင္ခဲ့တဲ့ အေၾကာင္းကို သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန မၽွေဝေဖာ္ျပထားခဲ့တာပဲျဖစ္ပါတယ္။

အလႉေလး ကေတာ့ ကရင္တိုင္းရင္းသား စစ္ေဘးေရွာင္ေတြ အတြက္ ဆန္အိတ္(၅၀)၊ငါးေသတၱာဘူး (၁၀၀၀)၊ စစ္ေဘးေရွာင္ေဒသေတြမွာ အဓိက လိုအပ္ေနတဲ့ ေဆးဝါးပစၥည္းေတြ အပါအဝင္ အလႉရွင္ေတြလႉဒါန္းေပးတဲ့ အဝတ္အစားေတြကို ေအာင္ျမင္စြာနဲ႔ စစ္ေဘးေရွာင္ေတြဆီကို ေရာက္ေအာင္ လႉဒါန္းေပးနိုင္ခဲ့တာပဲျဖစ္ပါတယ္။မီးနိုကအခုလိုအလႉေလးကို ျပဳလုပ္နိုင္ေအာင္ ပါဝင္ေပးတဲ့ အလႉရွင္ေတြအားလုံးကို ေက်းဇူးတင္ေၾကာင္းနဲ႔ စစ္ေဘးေရွာင္ေဒသေတြအထိေရာက္ေအာင္ သြားေရာက္ပို႔ေဆာင္ေပးနဲ႔ အဖြဲ႕သားေတြကိုလည္း ေက်းဇူးတင္ေၾကာင္းေဖာ္ျပထားခဲ့ပါေသးတယ္။

မီးနိုကအလႉေလးနဲ႔ ပတ္သက္လို႔လည္း သူတို႔ရဲ့အလႉေလးက စစ္ေဘးေရွာင္တိုင္းရင္းသားေမာင္ႏွမေတြ အတြက္ တစ္ဖက္တစ္လွမ္းကေန အကူအညီေလးျဖစ္တယ္ဆိုရင္ ေက်နပ္မိပါတယ္တဲ့။ မီးနိုနဲ႔ ဂီတေမာင္ႏွမေတြ အလႉရွင္ေတြစုေပါင္းလႉဒါန္းတဲ့ အလႉေလးကို ပရိသတ္ႀကီးလည္း သာဓုေခၚဆိုနိုင္ဖို႔ မၽွေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Mee No
Credit:Cele Zone

ကရင်တိုင်းရင်းသား စစ်ဘေးရှောင်တွေ အတွက် ဆန်အိတ်(၅၀)၊ငါးသေတ္တာဘူး (၁၀၀၀)နဲ့ လိုအပ်တဲ့ ဆေးဝါးများလှူဒါန်းခဲ့တဲ့ မီးနို

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် မီးနို ကတော့ မနေ့ ဇွန်လ (၂၃)ရက်နေ့မှာ သူ့ရဲ့ ပရိသတ် တွေရယ် ဂီတမောင်နှမတွေရယ်နဲ့ စုပေါင်းပြီး ကရင်တိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူတွေ အတွက် အလှူလေးတစ်ခုကို အောင်မြင်စွာနဲ့ ပြုလုပ်နိုင်ခဲ့ပါတယ်။ မီးနိုကတော့ အလှူလေးအောင်မြင်စွာပြုလုပ်နိုင်ခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

အလှူလေး ကတော့ ကရင်တိုင်းရင်းသား စစ်ဘေးရှောင်တွေ အတွက် ဆန်အိတ်(၅၀)၊ငါးသေတ္တာဘူး (၁၀၀၀)၊ စစ်ဘေးရှောင်ဒေသတွေမှာ အဓိက လိုအပ်နေတဲ့ ဆေးဝါးပစ္စည်းတွေ အပါအဝင် အလှူရှင်တွေလှူဒါန်းပေးတဲ့ အဝတ်အစားတွေကို အောင်မြင်စွာနဲ့ စစ်ဘေးရှောင်တွေဆီကို ရောက်အောင် လှူဒါန်းပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။မီးနိုကအခုလိုအလှူလေးကို ပြုလုပ်နိုင်အောင် ပါဝင်ပေးတဲ့ အလှူရှင်တွေအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ စစ်ဘေးရှောင်ဒေသတွေအထိရောက်အောင် သွားရောက်ပို့ဆောင်ပေးနဲ့ အဖွဲ့သားတွေကိုလည်း ကျေးဇူးတင်ကြောင်းဖော်ပြထားခဲ့ပါသေးတယ်။

မီးနိုကအလှူလေးနဲ့ ပတ်သက်လို့လည်း သူတို့ရဲ့အလှူလေးက စစ်ဘေးရှောင်တိုင်းရင်းသားမောင်နှမတွေ အတွက် တစ်ဖက်တစ်လှမ်းကနေ အကူအညီလေးဖြစ်တယ်ဆိုရင် ကျေနပ်မိပါတယ်တဲ့။ မီးနိုနဲ့ ဂီတမောင်နှမတွေ အလှူရှင်တွေစုပေါင်းလှူဒါန်းတဲ့ အလှူလေးကို ပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Mee No
Credit:Cele Zone

About the author

Ms Cele

Leave a Comment