Celebrity
Written by Ms Cele
ကိုဗစ်ကာကွယ်ရေးဆေး အတွက် အလှူငွေ သိန်းရာချီ လှူဒါန်းလိုက်တဲ့ တင်မိုးလွင်
ပရိသတ်ကြီးရေ မော်ဒယ်လ် တစ်ယောက်ဖြစ် သလို အစီအစဉ် တင်ဆက်သူ အခမ်းအနားမှူး တစ်ယောက်လည်းဖြစ်တဲ့ တင်မိုးလွင်ကို လူကြီး၊ လူငယ် ပရိသတ်တိုင်း မသိတဲ့သူ မရှိလောက်ဘူး လို့ ထင်ပါတယ်။ တင်မိုးလွင်ကတော့ အခုဆိုရင် အသက်အရွယ် တစ်ခုကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူမရဲ့ အလုပ်တွေနဲ့ အတူတူ ဘာသာရေးနဲ့ ကုသိုလ်ရေးတွေ ကိုလည်း အချိန်ပေးလုပ်ကိုင်လာတာကို တွေ့ရပါတယ်။ အပူအပင်ကင်းတဲ့ ဘဝကို ပိုင်ဆိုင်ထားတဲ့ တင်မိုးလွင်ကတော့ သူမရဲ့ နေ့ရက်တိုင်းမှာ အများအကျိုးရှိစေမယ့် အရာတွေကို ပြုလုပ်ရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ မှာတော့ တင်မိုးလွင်က မြန်မာပြည်သူ ပြည်သားတွေ အတွက် အကျိုးရှိစေမယ့် အလှူလေး တစ်ခုကို ပြုလုပ်ခဲ့ပြန်ပါပြီ။ တင်မိုးလွင်က COVID-19 ကာကွယ်ဆေး ရန်ပုံငွေ အတွက် အလှုငွေ ကျပ်သိန်း (၁၀၀) လှုဒါန်းခဲ့ကြောင်းကို ပရိသတ် တွေကိို ထပ်တူ အမျှရ သာဓုခေါ်ဆိုနိုင်ဖို့ အတွက် “COVID-19 ကာကွယ်ဆေး ရန်ပုံငွေ အတွက် အလှုငွေ ကျပ်သိန်း (၁၀၀) လှုဒါန်းခဲ့ပါတယ်ရှင်… မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ကပ်ဘေးအမျိုးမျိုးမှ ကင်းဝေးကြပါစေရှင်…🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။
တင်မိုးလွင် ကတော့ ပြီးခဲ့တဲ့ လပိုင်းအတွင်းက COVID-19 ထိန်းချုပ် ကာကွယ် ကုသရေးအတွင် ဧရာဝတီ ကိုဗစ်စင်တာကို အလှူငွေ သိန်း (၁၀၀) လှူဒါန်းပေး ခဲ့ပြီး ဒီကနေ့မှာလည်း COVID-19 ကာကွယ်ဆေး ရန်ပုံငွေ အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှတဆင့် အလှူငွေ သိန်း (၁၀၀) ကို ထပ်မံလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment