Celebrity

ကိုဗစ္ကာလမွာေတာင္ ပရိသတ္ေတြရဲ႕ အားေပးမႈေၾကာင့္ ဆုေငြသိန္းဆယ္ခ်ီရရွိလို႕ ၀မ္းသာေပ်ာ္ရႊင္ေနတဲ့ စြမ္းဇာနည္

Written by Ms Cele

ကိုဗစ္ကာလမွာေတာင္ ပရိသတ္ေတြရဲ႕ အားေပးမႈေၾကာင့္ ဆုေငြသိန္းဆယ္ခ်ီရရွိလို႕ ၀မ္းသာေပ်ာ္ရႊင္ေနတဲ့ စြမ္းဇာနည္

ဇာတ္မင္းသား စြမ္းဇာနည္ ကေတာ့ သူရဲ့ ေအာင္ျမင္ေနဆဲျဖစ္တဲ့ စြမ္းသဘင္ကို မၾကာေသးတဲ့ အခ်ိန္ပိုင္းေလာက္က ျပန္လည္ထူေထာင္ လိုက္တာ ပရိသတ္ေတြ အသိပဲ ျဖစ္ပါတယ္။ တစ္ခ်ိန္က ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္ အားေပးခ်စ္ခင္ၾကတဲ့ သ႐ုပ္ေဆာင္ မင္းသားေခ်ာေလး စြမ္းဇာနည္က ဇာတ္သဘင္ေလာကမွာလည္း ဒိတ္ဒိတ္ၾကဲ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ သူတစ္ဦးပဲ ျဖစ္ပါတယ္။

စြမ္းဇာနည္က အႏုပညာ အရည္အခ်င္းျပည့္ဝသူျဖစ္ၿပီး ႀကိဳးႀကိဳးစားစားလုပ္ကိုင္ ေလ့ရွိတာေၾကာင့္ ပရိသတ္အားေပးမႈကိုလည္း တစ္ခဲနက္ရရွိထားတာျဖစ္ပါတယ္။ သူရဲ့ စြမ္းသဘင္မွာ ဇာတ္ေဆာင္ မင္းသားတစ္ေယာက္အေနနဲ႔ ကျပေဖ်ာ္ေျဖတာျဖစ္ၿပီး မေန႔ညကလည္း အဖြဲ႕သားေတြနဲ႔အတူ စည္းလုံးစြာ ကျပခဲ့တာျဖစ္ပါတယ္။ စြမ္းက ဇာတ္ခုံျမင့္ထက္က အဖြဲ႕သားေတြနဲ႔ ကျပထားတဲ့ ပုံေလးေတြကို လူမႈကြန္ယက္ထက္မွာ ေဝမၽွလာခဲ့ပါတယ္။

ပုံေလးေတြနဲ႔အတူ ဝမ္းသာစရာ စကားေလးကိုလည္း ေျပာလာခဲ့ပါ​ေသးတယ္။ ဒါကေတာ့ ” Today shoting ပရိသတ္မရွိေသာ္ညားလည္း တစ္နိုင္ငံလုံးက ခ်စ္ၿပီး ဆုခ်ေငြ17သိန္းကို ခ်ီးျမင့္တဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္အားလုံးကိုခ်စ္ပါတယ္ဗ်ာ ” ဆိုၿပီး ဆုေငြမ်ားစြာ ရရွိတဲ့အေၾကာင္း ေျပာလာခဲ့တာပါ။ အခုလို ဆုေငြမ်ားစြာကို တစ္ညထဲ ရရွိလိုက္တဲ့ စြမ္းသဘင္ အဖြဲ႕အတြက္ ဝမ္းေျမာက္ရင္း ပရိသတ္ေတြ သိရွိေစဖို အတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Credit:Swelsone News

ကိုဗစ်ကာလမှာတောင် ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဆုငွေသိန်းဆယ်ချီရရှိလို့ ဝမ်းသာပျော်ရွှင်နေတဲ့ စွမ်းဇာနည်

ဇာတ်မင်းသား စွမ်းဇာနည် ကတော့ သူရဲ့ အောင်မြင်နေဆဲဖြစ်တဲ့ စွမ်းသဘင်ကို မကြာသေးတဲ့ အချိန်ပိုင်းလောက်က ပြန်လည်ထူထောင် လိုက်တာ ပရိသတ်တွေ အသိပဲ ဖြစ်ပါတယ်။ တစ်ချိန်က နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ် အားပေးချစ်ခင်ကြတဲ့ သရုပ်ဆောင် မင်းသားချောလေး စွမ်းဇာနည်က ဇာတ်သဘင်လောကမှာလည်း ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

စွမ်းဇာနည်က အနုပညာ အရည်အချင်းပြည့်ဝသူဖြစ်ပြီး ကြိုးကြိုးစားစားလုပ်ကိုင် လေ့ရှိတာကြောင့် ပရိသတ်အားပေးမှုကိုလည်း တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။ သူရဲ့ စွမ်းသဘင်မှာ ဇာတ်ဆောင် မင်းသားတစ်ယောက်အနေနဲ့ ကပြဖျော်ဖြေတာဖြစ်ပြီး မနေ့ညကလည်း အဖွဲ့သားတွေနဲ့အတူ စည်းလုံးစွာ ကပြခဲ့တာဖြစ်ပါတယ်။ စွမ်းက ဇာတ်ခုံမြင့်ထက်က အဖွဲ့သားတွေနဲ့ ကပြထားတဲ့ ပုံလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလာခဲ့ပါတယ်။

ပုံလေးတွေနဲ့အတူ ဝမ်းသာစရာ စကားလေးကိုလည်း ပြောလာခဲ့ပါ​သေးတယ်။ ဒါကတော့ ” Today shoting ပရိသတ်မရှိသော်ညားလည်း တစ်နိုင်ငံလုံးက ချစ်ပြီး ဆုချငွေ17သိန်းကို ချီးမြင့်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုချစ်ပါတယ်ဗျာ ” ဆိုပြီး ဆုငွေများစွာ ရရှိတဲ့အကြောင်း ပြောလာခဲ့တာပါ။ အခုလို ဆုငွေများစွာကို တစ်ညထဲ ရရှိလိုက်တဲ့ စွမ်းသဘင် အဖွဲ့အတွက် ဝမ်းမြောက်ရင်း ပရိသတ်တွေ သိရှိစေဖို အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment