Celebrity

ကိုဗစ္ကာလမွာ ဆြမ္းစား ခက္ေနတဲ့ ဆင္ေျခဖံုး ရပ္ကြက္က ဘုန္းၾကီးေက်ာင္း ေတြကို ကိုယ္တိုင္ သြားျပီး ဆြမ္းရိကၡာ မ်ားနဲ့ ဝတၳဳေငြ ကပ္လွဴခဲ့တဲ့ ခိုင္သင္းၾကည္တို႕ ဇနီးေမာင္ႏွံ

Written by Ms Cele

ကိုဗစ္ကာလမွာ ဆြမ္းစား ခက္ေနတဲ့ ဆင္ေျခဖံုး ရပ္ကြက္က ဘုန္းၾကီးေက်ာင္း ေတြကို ကိုယ္တိုင္ သြားျပီး ဆြမ္းရိကၡာ မ်ားနဲ့ ဝတၳဳေငြ ကပ္လွဴခဲ့တဲ့ ခိုင္သင္းၾကည္တို႕ ဇနီးေမာင္ႏွံ

မင္းသမီးေခ်ာ ခိုင္သင္းၾကည္ ကေတာ့ လြန္ခဲ့တဲ့ (၂၅) နွစ္ပတ္ဝန္းက်င္ ကတည္းက ျပကၡဒိန္ေၾကာ္ျငာေတြမွာ ေနရာယူထား နိုင္ခဲ့ျပီး ဒီေန့ဒီအခ်ိန္ထိ ေအာင္ျမင္ေနဆဲ အနုပညာရွင္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အကယ္ဒမီဆုၾကီး (၂) ဆုကို လက္ဝယ္ ပိုင္ဆိုင္ထားတဲ့ ခိုင္သင္းၾကည္ ကေတာ့ သူမရဲ့ တစ္ဦးတည္းေသာ သမီးေလး စံထိပ္ထားဦးကိုလည္း အနုပညာအေမြေတြကို လက္ဆင့္ကမ္းထားနိုင္သူ တစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခိုင္သင္းၾကည္ကိုခ်စ္သလို စံထိပ္ထားဦး ကိုလည္း ခ်စ္ခင္စြာနဲ့ အားေပးၾကပါတယ္။

အလွဴေရစက္ လက္နဲ့မကြာ လွဴဒါန္းတဲ့ ခုိင္သင္းၾကည္က မေန့က ဇန္နဝါရီလ (၂) ရက္ေန့ မွာလည္း ဆင္ေျခဖံုး ရပ္ကြက္က ဘုန္းၾကီးေက်ာင္းေတြကို လိုက္လံ လွဴဒါန္းခဲ့ေၾကာင္း အခုလုိပဲ ေျပာလာပါတယ္။ ခိုင္သင္းၾကည္က “ဒီေန႔လက္ေဆာင္ရတဲ့ ဆီဗူး,Vitamin Cအခ်ိဳရည္ဗူး,ေကာ္ဖီထုပ္ ေတြကို ကိုယ္တခါမွမေရာက္ဖူးေသးတဲ့ ၿမိဳ႕ျပင္နားက ဘုန္းဘုန္းေက်ာင္း ေတြကို လိုက္ရွာၿပီး လွဴဒါန္းခဲ့ပါတယ္ရွင့္🙏 အလွဴေငြ၅ေသာင္းစီလည္း ကပ္လွဴပူေဇာ္ ခဲ့ပါတယ္🙏🙏🙏” ဆိုျပီး သူမရဲ့ အလွဴေလးကို ေျပာျပလာပါတယ္။

ခုိင္သင္းၾကည္ ကေတာ့ သူမရဲ့ နွစ္သစ္ကို ေကာင္းမႈကုသိုလ္ ေတြကို ျပဳလုပ္ရင္း ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခိုင္သင္းၾကည္တို့ မိသားစုရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾက ပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: KHINE THIN KYI’s fb
Credit:Cele Connections

ကိုဗစ်ကာလမှာ ဆွမ်းစား ခက်နေတဲ့ ဆင်ခြေဖုံး ရပ်ကွက်က ဘုန်းကြီးကျောင်း တွေကို ကိုယ်တိုင် သွားပြီး ဆွမ်းရိက္ခာ များနဲ့ ဝတ္ထုငွေ ကပ်လှူခဲ့တဲ့ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံ

မင်းသမီးချော ခိုင်သင်းကြည် ကတော့ လွန်ခဲ့တဲ့ (၂၅) နှစ်ပတ်ဝန်းကျင် ကတည်းက ပြက္ခဒိန်ကြော်ငြာတွေမှာ နေရာယူထား နိုင်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုကြီး (၂) ဆုကို လက်ဝယ် ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည် ကတော့ သူမရဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးကိုလည်း အနုပညာအမွေတွေကို လက်ဆင့်ကမ်းထားနိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ခိုင်သင်းကြည်ကိုချစ်သလို စံထိပ်ထားဦး ကိုလည်း ချစ်ခင်စွာနဲ့ အားပေးကြပါတယ်။

အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတဲ့ ခိုင်သင်းကြည်က မနေ့က ဇန်နဝါရီလ (၂) ရက်နေ့ မှာလည်း ဆင်ခြေဖုံး ရပ်ကွက်က ဘုန်းကြီးကျောင်းတွေကို လိုက်လံ လှူဒါန်းခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။ ခိုင်သင်းကြည်က “ဒီနေ့လက်ဆောင်ရတဲ့ ဆီဗူး,Vitamin Cအချိုရည်ဗူး,ကော်ဖီထုပ် တွေကို ကိုယ်တခါမှမရောက်ဖူးသေးတဲ့ မြို့ပြင်နားက ဘုန်းဘုန်းကျောင်း တွေကို လိုက်ရှာပြီး လှူဒါန်းခဲ့ပါတယ်ရှင့်🙏 အလှူငွေ၅သောင်းစီလည်း ကပ်လှူပူဇော် ခဲ့ပါတယ်🙏🙏🙏” ဆိုပြီး သူမရဲ့ အလှူလေးကို ပြောပြလာပါတယ်။

ခိုင်သင်းကြည် ကတော့ သူမရဲ့ နှစ်သစ်ကို ကောင်းမှုကုသိုလ် တွေကို ပြုလုပ်ရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ မိသားစုရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြ ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: KHINE THIN KYI’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment