Celebrity


Written by Ms Cele





Credit:Swelsone News

ကိုဗစ်ကာလမှာ တီးဝိုင်းနဲ့ ဖျော်ဖြေခဲ့တာကြောင့် ဥပဒေပုဒ်မတစ်ခုနဲ့ အရေးယူခံရမယ့် ခြိမ့်ကေကို

ပရိသတ်ကြီးရေ.. လူမှုကွန်ယက် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ခြိမ့်ကေကို ကတော့ အခုဆိုရင် အနုပညာရှင် ဆယ်လီတစ်ဦးအဖြစ် အနုပညာလောကမှာ ထဲမှာ ရပ်တည်နေပြီ ဖြစ်ပါ တယ်နော်။ဝေဖန်တဲ့ ပရိသတ်တွေရှိသလို အားပေးချစ်ခင် နေကြတဲ့ ပရိသတ်တွေလည်း အခိုင်အမာ ရရှိထားတဲ့ ခြိမ့်ကေကိုဟာ လတ်တလော မှာလည်း ဖျော်ဖြေရေးတွေ ဆက်တိုက်လုပ်ဆောင် ဖျော်ဖြေနေ တာလည်း တွေ့ရပါတယ်။

ခြိမ့်ကေကို ကတော့ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေရဲ့ အားပေးမှုတွေ အခိုင်အမာနဲ့ တဖြည်းဖြည်း အောင်မြင်မှုတွေ ရရှိလာတာ တွေ့ရပါတယ်။ သီချင်းတွေ ဆက်တိုက်လုပ်နေတဲ့ ခြိမ့်ကေကို ကတော့ အခုဆိုရင် ကြော်ငြာ ဇာတ်လမ်းတိုတွေနဲ့ ဖျော်ဖြေရေး အချို့မှာလည်း ပါဝင်လာ တာကို တွေ့ရပြီး ပရိသတ်တွေလည်း တစ်ခဲနက် အားပေးကြတာကိုတွေ့ရပါတယ်။

လတ်တလောမှာတော့ ခြိမ့်ကေကိုဟာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အညီအရေးယူ ခံရတော့မှာပဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က ခြိမ့်ကေကိုဟာ မြစ်သားမြို့နယ် မင်းဝန်ကျေးရွာက ဦးဇော်မင်းထိုက်ရဲ့ သမီးမွေးနေ့ပွဲမှာ သွားရောက် ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ တီးဝိုင်းနဲ့သွားရောက် ဖျော်ဖြေခဲ့တာကြောင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အညီအရေးယူခံ ရတော့ဖြစ်ကြောင်း စာထုတ်ခဲ့တာပဲဖြစ်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment