Celebrity

ကိုဗစ္ကာလမွာ အခက္အခဲေတြ ရွိေနတာေတာင္ ဂီတနဲ႔ ပတ္သက္ၿပီး ဆု(၅)ဆုအထိ သိမ္းပိုက္ နိုင္ခဲ့တဲ့ ဘင္ဂ်မင္

Written by Ms Cele

ကိုဗစ္ကာလမွာ အခက္အခဲေတြ ရွိေနတာေတာင္ ဂီတနဲ႔ ပတ္သက္ၿပီး ဆု(၅)ဆုအထိ သိမ္းပိုက္ နိုင္ခဲ့တဲ့ ဘင္ဂ်မင္

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ အဆိုေတာ္ ဘင္ဂ်မင္ ကေတာ့ အႏုပညာမွာ တကယ္ကို ပါရမီပါလြန္းလွတဲ့ သူတစ္ေယာက္ပါ။ ျမန္မာအိုင္ေဒါ သီခ်င္းဆိုၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ ၿပီးေနာက္ပိုင္းမွာ သူရဲ့ျပည့္ဝလွတဲ့ အဆိုပါရမီေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိေနခဲ့ပါေသးတယ္။

သီခ်င္းေကာင္းေတြ ဖန္တီးသီဆို ရတာကို ဝါသနာပါတဲ့ ဘင္ဂ်မင္က သူ႔ကိုခ်စ္ၿပီးအားေပးၾကတဲ့ ပရိသတ္ေတြ အားေပးရက်ိဳးနပ္ေအာင္ သူကိုယ္တိုင္ ကလည္း ႀကိဳးစားခဲ့ၿပီး အခက္အခဲေတြ မ်ားစြာရွိေနတဲ့ (၂၀၂၀)မွာေတာင္ သီခ်င္းေတြမ်ားစြာထြက္ရွိလာခဲ့ပါတယ္။ အခက္အခဲေတြမ်ားစြာၾကားထဲက ႀကိဳးစားခဲ့တဲ့ ရလဒ္အေနနဲ႔ ဘင္ဂ်မင္က ဒီ (၂၀၂၀)ခုႏွစ္အတြင္းမွာတင္ ဂီတနဲ႔ပတ္သက္ၿပီး ထူးခၽြန္ဆု(၅)ဆုတိတိကိုရရွိခဲ့ပါေသးတယ္။

ဘင္ဂ်မင္ ကလည္း သူ႔ကိုအခုလို ဆုေတြရရွိေအာင္ ပံ့ပိုးအားေပး ၾကတဲ့ ပရိသတ္ေတြနဲ႔ သီခ်င္းေကာင္းေတြ ဖန္တီးရာမွာ ကူညီေပးၾကတဲ့ အသိပညာရွင္ အတတ္ပညာရွင္ေတြကိုလည္း ေက်းဇူးတင္ရွိေၾကာင္း သူ႔ရဲ့လူမႈကြန္ရက္ စာမ်က္ႏွာကေန မၽွေဝေဖာ္ျပထား ခဲ့ပါတယ္။ ပရိသတ္ႀကီးေရ ဘင္ဂ်မင္ ကေတာ့ (၂၀၂၁)မွာလည္း ဆက္လက္ၿပီး အမ်ားႀကီးႀကိဳးစား သြားပါဦးမယ္တဲ့။

Credit;CeleZone
Source – Benjamin Sum

ကိုဗစ်ကာလမှာ အခက်အခဲတွေ ရှိနေတာတောင် ဂီတနဲ့ ပတ်သက်ပြီး ဆု(၅)ဆုအထိ သိမ်းပိုက် နိုင်ခဲ့တဲ့ ဘင်ဂျမင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဘင်ဂျမင် ကတော့ အနုပညာမှာ တကယ်ကို ပါရမီပါလွန်းလှတဲ့ သူတစ်ယောက်ပါ။ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ ပြီးနောက်ပိုင်းမှာ သူရဲ့ပြည့်ဝလှတဲ့ အဆိုပါရမီကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိနေခဲ့ပါသေးတယ်။

သီချင်းကောင်းတွေ ဖန်တီးသီဆို ရတာကို ဝါသနာပါတဲ့ ဘင်ဂျမင်က သူ့ကိုချစ်ပြီးအားပေးကြတဲ့ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် သူကိုယ်တိုင် ကလည်း ကြိုးစားခဲ့ပြီး အခက်အခဲတွေ များစွာရှိနေတဲ့ (၂၀၂၀)မှာတောင် သီချင်းတွေများစွာထွက်ရှိလာခဲ့ပါတယ်။ အခက်အခဲတွေများစွာကြားထဲက ကြိုးစားခဲ့တဲ့ ရလဒ်အနေနဲ့ ဘင်ဂျမင်က ဒီ (၂၀၂၀)ခုနှစ်အတွင်းမှာတင် ဂီတနဲ့ပတ်သက်ပြီး ထူးချွန်ဆု(၅)ဆုတိတိကိုရရှိခဲ့ပါသေးတယ်။

ဘင်ဂျမင် ကလည်း သူ့ကိုအခုလို ဆုတွေရရှိအောင် ပံ့ပိုးအားပေး ကြတဲ့ ပရိသတ်တွေနဲ့ သီချင်းကောင်းတွေ ဖန်တီးရာမှာ ကူညီပေးကြတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေဖော်ပြထား ခဲ့ပါတယ်။ ပရိသတ်ကြီးရေ ဘင်ဂျမင် ကတော့ (၂၀၂၁)မှာလည်း ဆက်လက်ပြီး အများကြီးကြိုးစား သွားပါဦးမယ်တဲ့။

Credit;CeleZone
Source – Benjamin Sum

About the author

Ms Cele

Leave a Comment