Celebrity


Written by Ms Cele








Cre Original Writer

ကိုဗစ်ကာလ စားဝတ် နေရေး ကျပ်တည်း နေတဲ့ အိမ်ထောင်စု (၁၅၀) ကို သူငယ်ချင်းတွေနဲ ့စုပြီး စားသောက်စရာများ လှူဒါန်းလိုက် တဲ့ ဖြိုးမြတ်အောင်

Covid ကာလ ခက်ခဲနေကြတဲ့ မိသားစု တွေကို သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး စားနပ်ရိက္ခာ တွေ လှူဒါန်းခဲ့တဲ့ ဖြိုးမြတ်အောင်။

ပရိသတ်တွေရဲ့ အချစ်တွေကို Myanmar Idol ပြိုင်ပွဲကနေ အခိုင်အမာရရှိထားနဲ့ ဂီတအနုပညာရှင်တွေထဲမှာ အဆိုတော် ဖြိုးမြတ်အောင်ကလည်း အပါအဝင်ပါပဲ..။

အမိုက်စားအသံ ပါဝါကောင်းကောင်းလေးတွေအပြင် ရိုးသားကြိုးစားတတ်တဲ့ သူ့ရဲ့ ဟန်ပန်လေးတွေကြောင့် လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြ ရတာလည်း ဖြစ်ပါတယ်..။အောင်မြင်ကျော်ကြားတဲ့ အဆိုတော် တစ်ဦးအဖြစ် အခိုင်အမာရပ်တည်နေပြီုဖစ်တဲ့ ဖြိုးမြတ်အောင် ကတော့ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ ရှိသူပဲ ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း ဖြိုးမြတ်အောင် တစ်ယောက် သူငယ်ချင်းတွေနဲ့စုပေါင်းပြီး Covid ကာလ ခက်ခဲနေကြတဲ့ မိသားစုတွေကို စားသုံးကုန်တွေ လှူဒါန်းကုသိုလ်ယူခဲ့ပြန်ပါတယ်နော်..။

“ဒီတပတ် စနေ တနင်္ဂနွေ မှာ ဖြိုးမြတ်အောင် နှင့်အတူ ကျနော်တို့ သူငယ်ချင်းများ တို့ စုပေါင်းပြီး covid ကာလ စားဝတ်နေရေး ကြပ်တည်းသော အိမ်ထောင်စုများ အတွက် တစ်အိမ်ထောင်လျှင် တစ်ထုပ် စီ အိမ်တိုင်ယာရောက်သွားရောက် လှူဒါန်းပါမည် ယခုလောလောဆယ် အိမ်ခြေ (၁၅၀)စာ ပြင်ဆင်ပြီး..” ဆိုပြီး သူတို့ရဲ့အလှူလေးကို ဖြိုးမြတ်အောင်ရဲ့ သူငယ်ချင်းဖြစ်သူက ဝေမျှထားတာပါ..။

ချစ်ရတဲ့ ပရိသတ်တွေလည်း ဖြိုးမြတ်အောင်တို့ သူငယ်ချင်းတွေရဲ့ အလှူလေး တွေကို သဘောကျနေကြပြီး သာဓုခေါ်ဆုတောင်း စကားလေးတွေ ပြောထားကြပါတယ်နော်..။

Cre Original Writer

About the author

Ms Cele

Leave a Comment