Celebrity

ကိုဗစ္ကာလ အခ်ိန္မွာ ပရိသတ္ေတြကို ႏႈတ္ဆက္ ထြက္ခြာသြားၾကတဲ့ အႏုပညာရွင္ (၇)ေယာက္

Written by Ms Cele

ကိုဗစ္ကာလ အခ်ိန္မွာ ပရိသတ္ေတြကို ႏႈတ္ဆက္ ထြက္ခြာသြားၾကတဲ့ အႏုပညာရွင္ (၇)ေယာက္

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ လယ္ေလာက္ ကတည္းက စတင္ျဖစ္ပြားခဲ့တဲ့ ကိုဗစ္ ကပ္ေရာဂါေၾကာင့္ တစ္ကမာၻလုံး စိတ္ဒုကၡ ေရာက္ခဲ့ရသလို ျမန္မာႏိုင္ငံက အႏုပညာရွင္ေတြကို အားေပးခ်စ္ခင္ၾကတဲ့ပရိသတ္ေတြအတြက္လည္း ဆုံးရႈံးမႈမ်ားခဲ့တဲ့ ႏွစ္တစ္ႏွစ္ပါ။ (၂၀၂၀) ခုႏွစ္ ကိုဗစ္ကာလအတြင္း ပရိသတ္ကိုႏႈတ္ဆက္သြားၾကတဲ့ အႏုပညာရွင္ေတြကေတာ့

(၁) ဦးဇင္းကိတၳိသာရ

ေခတ္ တစ္ေခတ္ရဲ႕အေအာင္ျမင္ခဲ့ ဆုံးမင္းသား တစ္လက္လို႔ဆိုရမယ့္ သဘာဝ မင္းသားႀကီးေက်ာ္ဟိန္း ကေတာ့ အႏုပညာ ေလာကမွာ ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္မႈေတြသိမ္းပိုက္ခဲ့သူျဖစ္ေပမယ့္ သံသရာ အေရးအတြက္ (၂၀၀၈) ခုႏွစ္ကစၿပီး ဘုန္းႀကီးဝတ္နဲ႔ တရားအားထုတ္ခဲ့သူပါ။ ေက်ာ္ဟိန္း ဟာ ဦးဇင္းကိတၳိသာရဘဝနဲ႔ သက္ေတာ္(၇၃) ႏွစ္မွာပဲ ၾသစေတးလ်ႏိုင္ငံ၊ ကမ္ဘာရာၿမိဳ႕မွာ ပ်ံလြန္ေတာ္မူခဲ့တာျဖစ္ၿပီး တူျဖစ္သူေဒြးကြယ္လြန္တဲ့ေန႔ (၁၃) ႏွစ္တိတိျပည့္တဲ့ေန႔မွာ တိုက္တိုက္ဆိုင္ဆိုင္ ႏႈတ္ဆက္သြားခဲ့တာပါ။

(၂) ဟာသသ႐ုပ္ေဆာင္မန္းဝင္း

ႏွစ္ေပါင္း မ်ားစြာ ဟာသလူ႐ႊင္ေတာ္၊ ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ပရိသတ္ရဲ႕ဘဝအေမာ ေတြေျဖေဖ်ာက္ေပးခဲ့တဲ့ ဦးမန္းဝင္းကေတာ့ (၂၀၂၀) ႏွစ္ဦးပိုင္းေလာက္ ကတည္းက ႐ုတ္တရက္ႏွလုံးရပ္ကာ ေဆး႐ုံတင္ခဲ့ရတဲ့အထိ က်န္းမာေရး အေျခအေနခ်ိဳ႕ယြင္းခဲ့တာ ျဖစ္ၿပီး ဇူလိုင္လ(၁၃) ရက္ေန႔မနက္မွာေတာ့ ပရိသတ္ကိုအၿပီးအပိုင္ႏႈတ္ဆက္ထြက္ခြာခဲ့တာ ျဖစ္ပါတယ္။

(၃) မီးမီးခဲ

ႏွစ္ေပါင္းမ်ားစြာ ပရိသတ္ပါးစပ္ဖ်ားမွာ ေရပန္းစားတဲ့ သီခ်င္းမ်ားစြာကို သီဆိုခဲ့သူ မီးမီးခဲကေတာ့ ကင္ဆာေရာဂါကို ႏွစ္ရွည္လ မ်ားစြာ ခံစားခဲ့ရသူျဖစ္ၿပီး ေအာက္တိုဘာလ(၁၆) ရက္ေန႔မွာပဲ သူေနထိုင္ရာၾသစေတးလ်ႏိုင္ငံမွာ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ မကြယ္လြန္ခင္ ေနာက္ဆုံးအေနနဲ႔ ျမန္မာႏိုင္ငံမွာ တစ္ကိုယ္ေတာ္ရႈိးပြဲတစ္ပြဲ ျပဳလုပ္ႏိုင္ခဲ့ၿပီး မီးမီးခဲရဲ႕ ေသဆုံးမႈဟာ သီခ်င္းခ်စ္သူေတြအတြက္ ႀကီးမားတဲ့ဆုံးရႈံးမႈတစ္ခု ျဖစ္ခဲ့ပါတယ္။

(၄) ေတးသံရွင္ရန္ပိုင္စိုး

ျမန္မာသံေတးသီခ်င္း အဆိုေတာ္တစ္ေယာက္ျဖစ္သူ ရန္ပိုင္စိုး ကေတာ့ ဆိုၾကမယ္ ေပ်ာ္ၾကမယ္ အစီအစဥ္ကေန တဆင့္ ပရိသတ္နဲ႔ရင္းႏွီးမႈရွိခဲ့တဲ့ သူတစ္ေယာက္ျဖစ္တဲ့အျပင္ မဂၤလာအခမ္းအနားမႉး၊ အစီအစဥ္မႉး တစ္ေယာက္အျဖစ္နဲ႔ ႏွစ္ေပါင္း မ်ားစြာ ပရိသတ္နဲ႔ထိေတြ႕ခဲ့သူတစ္ေယာက္ပါ။ ကိုဗစ္ဒုတိယလႈိင္းမွာပဲ ပိုးကူးစက္ခံခဲ့ရၿပီး ၿပီးခဲ့တဲ့ ေအာက္တိုဘာ(၂၁) ရက္ေန႔က ဆုံးပါးသြားခဲ့တာ ျဖစ္ပါတယ္။

(၅) ဦးၾကည္စိုး(IC)

သ႐ုပ္ေဆာင္ဦးၾကည္စိုး ကေတာ့ ျမန္မာ႐ုပ္ရွင္၊ ဗြီဒီယိုဇာတ္ကားေတြမွာ ဆရာဝန္၊ လုပ္ငန္းရွင္ စတဲ့ဇာတ္႐ုပ္ေတြနဲ႔ ပရိသတ္နဲ႔ရင္းႏွီး ခဲ့သူတစ္ေယာက္ပါ။ တစ္ကမာၻလုံးမွာ ျဖစ္ပြားေနတဲ့ကိုဗစ္ေရာဂါပိုးကူးစက္ခံခဲ့ရၿပီး ၿပီးခဲ့တဲ့ေအာက္တိုဘာလ(၃၀) ရက္ေန႔ သူ႔အသက္(၇၂) ႏွစ္မွာပဲ ဆုံးပါးသြားခဲ့တာပါ။ သ႐ုပ္ေဆာင္အလုပ္သာမက အိမ္ၿခံေျမသင္တန္းပို႔ခ်သူတစ္ေယာက္အေနနဲ႔ပါ ဘဝကိုျဖတ္သန္းခဲ့ပါတယ္။

(၆) ဂ်ာရစ္

ဂ်ာရစ္ကေတာ့ ျမန္မာဗြီဒီယို ဇာတ္ကားခ်စ္သူေတြရဲ႕ အားေပးမႈအျပည့္အဝ ရထားတဲ့ ဇာတ္ပို႔ဇာတ္ရံ သ႐ုပ္ေဆာင္ တစ္ေယာက္ပါ။ ေနထူးႏိုင္ရဲ႕ ဇာတ္ကားေတြမွာ အမ်ားဆုံးေတြ႕ရသလို ဂ်ာရစ္မရွိေတာ့ တာကေတာ့ ေနထူးႏိုင္အတြက္ ႀကီးမားတဲ့ဆုံးရႈံးမႈျဖစ္ေစခဲ့မွာ အမွန္ပါပဲ။ သူကေတာ့ ၿပီးခဲ့တဲ့ႏိုဝင္ဘာလ(၇) ရက္ေန႔မွာပဲ အသည္းေရာဂါနဲ႔ ဆုံးပါးခဲ့တာျဖစ္ၿပီး စိတ္ေကာင္းရွိၿပီး အမ်ားကိုကူညီတတ္သူတစ္ေယာက္မို႔ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ပရိသတ္ပါ မ်ားစြာစိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။

(၇) လူၾကမ္းသ႐ုပ္ေဆာင္ ဦးစိန္သန္း

လူၾကမ္းသ႐ုပ္ေဆာင္ဦးစိန္သန္း ကေတာ့ ဗီဒီယိုဇာတ္ကား ေပါင္းမ်ားစြားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္ပဲျဖစ္ပါတယ္။ ဦးစိန္းသန္း ကေတာ့ မၾကာခင္အခ်ိန္ကပဲ အသည္းကင္ဆာနဲ႔ ဆုံးပါးသြားခဲ့တာပဲျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ဦးစိန္သန္း အသက္ (၇၉) ႏွစ္ ဟာ ႏိုဝင္ဘာလ (၉) ရက္ေန႔၊ ညေန (၅) နာရီ (၅၅) မိနစ္မွာ အသည္းကင္ဆာ ေရာဂါ နဲ႔ ဆုံးပါး သြားခဲ့ပါတယ္။

ယခုႏွစ္အတြင္း ဆုံးပါးသြားၾကတဲ့ အႏုပညာရွင္ေတြ ထဲမွာ အခ်ိန္တန္လို႔ ႏႈတ္ဆက္ခဲ့ရသူေတြရွိသလို အခ်ိန္မတန္ ေသးဘဲ ခ်စ္ရတဲ့ပရိသတ္ကို ႏႈတ္ဆက္ ခဲ့ရသူေတြလည္း ပါဝင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ျပည္သူခ်စ္ အႏုပညာရွင္ေတြအေနနဲ႔ ပရိသတ္ေတြရဲ႕ ႏွလုံးသား တစ္ေထာင့္တစ္ေနရာမွာ အၿမဲရွိေနဦးမွာ ကေတာ့ အေသအခ်ာပါပဲ။

Credit:Swelsone News

ကိုဗစ်ကာလ အချိန်မှာ ပရိသတ်တွေကို နှုတ်ဆက် ထွက်ခွာသွားကြတဲ့ အနုပညာရှင် (၇)ယောက်

ပြီးခဲ့တဲ့ ဒီဇင်ဘာလ လယ်လောက် ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး စိတ်ဒုက္ခ ရောက်ခဲ့ရသလို မြန်မာနိုင်ငံက အနုပညာရှင်တွေကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေအတွက်လည်း ဆုံးရှုံးမှုများခဲ့တဲ့ နှစ်တစ်နှစ်ပါ။ (၂၀၂၀) ခုနှစ် ကိုဗစ်ကာလအတွင်း ပရိသတ်ကိုနှုတ်ဆက်သွားကြတဲ့ အနုပညာရှင်တွေကတော့

(၁) ဦးဇင်းကိတ္ထိသာရ

ခေတ် တစ်ခေတ်ရဲ့အအောင်မြင်ခဲ့ ဆုံးမင်းသား တစ်လက်လို့ဆိုရမယ့် သဘာဝ မင်းသားကြီးကျော်ဟိန်း ကတော့ အနုပညာ လောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေသိမ်းပိုက်ခဲ့သူဖြစ်ပေမယ့် သံသရာ အရေးအတွက် (၂၀၀၈) ခုနှစ်ကစပြီး ဘုန်းကြီးဝတ်နဲ့ တရားအားထုတ်ခဲ့သူပါ။ ကျော်ဟိန်း ဟာ ဦးဇင်းကိတ္ထိသာရဘဝနဲ့ သက်တော်(၇၃) နှစ်မှာပဲ သြစတေးလျနိုင်ငံ၊ ကမ်ဘာရာမြို့မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး တူဖြစ်သူဒွေးကွယ်လွန်တဲ့နေ့ (၁၃) နှစ်တိတိပြည့်တဲ့နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် နှုတ်ဆက်သွားခဲ့တာပါ။

(၂) ဟာသသရုပ်ဆောင်မန်းဝင်း

နှစ်ပေါင်း များစွာ ဟာသလူရွှင်တော်၊ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်ရဲ့ဘဝအမော တွေဖြေဖျောက်ပေးခဲ့တဲ့ ဦးမန်းဝင်းကတော့ (၂၀၂၀) နှစ်ဦးပိုင်းလောက် ကတည်းက ရုတ်တရက်နှလုံးရပ်ကာ ဆေးရုံတင်ခဲ့ရတဲ့အထိ ကျန်းမာရေး အခြေအနေချို့ယွင်းခဲ့တာ ဖြစ်ပြီး ဇူလိုင်လ(၁၃) ရက်နေ့မနက်မှာတော့ ပရိသတ်ကိုအပြီးအပိုင်နှုတ်ဆက်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

(၃) မီးမီးခဲ

နှစ်ပေါင်းများစွာ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ သီချင်းများစွာကို သီဆိုခဲ့သူ မီးမီးခဲကတော့ ကင်ဆာရောဂါကို နှစ်ရှည်လ များစွာ ခံစားခဲ့ရသူဖြစ်ပြီး အောက်တိုဘာလ(၁၆) ရက်နေ့မှာပဲ သူနေထိုင်ရာသြစတေးလျနိုင်ငံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ မကွယ်လွန်ခင် နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ တစ်ကိုယ်တော်ရှိုးပွဲတစ်ပွဲ ပြုလုပ်နိုင်ခဲ့ပြီး မီးမီးခဲရဲ့ သေဆုံးမှုဟာ သီချင်းချစ်သူတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

(၄) တေးသံရှင်ရန်ပိုင်စိုး

မြန်မာသံတေးသီချင်း အဆိုတော်တစ်ယောက်ဖြစ်သူ ရန်ပိုင်စိုး ကတော့ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်ကနေ တဆင့် ပရိသတ်နဲ့ရင်းနှီးမှုရှိခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် မင်္ဂလာအခမ်းအနားမှူး၊ အစီအစဉ်မှူး တစ်ယောက်အဖြစ်နဲ့ နှစ်ပေါင်း များစွာ ပရိသတ်နဲ့ထိတွေ့ခဲ့သူတစ်ယောက်ပါ။ ကိုဗစ်ဒုတိယလှိုင်းမှာပဲ ပိုးကူးစက်ခံခဲ့ရပြီး ပြီးခဲ့တဲ့ အောက်တိုဘာ(၂၁) ရက်နေ့က ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

(၅) ဦးကြည်စိုး(IC)

သရုပ်ဆောင်ဦးကြည်စိုး ကတော့ မြန်မာရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားတွေမှာ ဆရာဝန်၊ လုပ်ငန်းရှင် စတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်နဲ့ရင်းနှီး ခဲ့သူတစ်ယောက်ပါ။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပြီး ပြီးခဲ့တဲ့အောက်တိုဘာလ(၃၀) ရက်နေ့ သူ့အသက်(၇၂) နှစ်မှာပဲ ဆုံးပါးသွားခဲ့တာပါ။ သရုပ်ဆောင်အလုပ်သာမက အိမ်ခြံမြေသင်တန်းပို့ချသူတစ်ယောက်အနေနဲ့ပါ ဘဝကိုဖြတ်သန်းခဲ့ပါတယ်။

(၆) ဂျာရစ်

ဂျာရစ်ကတော့ မြန်မာဗွီဒီယို ဇာတ်ကားချစ်သူတွေရဲ့ အားပေးမှုအပြည့်အဝ ရထားတဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်ပါ။ နေထူးနိုင်ရဲ့ ဇာတ်ကားတွေမှာ အများဆုံးတွေ့ရသလို ဂျာရစ်မရှိတော့ တာကတော့ နေထူးနိုင်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်စေခဲ့မှာ အမှန်ပါပဲ။ သူကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ(၇) ရက်နေ့မှာပဲ အသည်းရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး စိတ်ကောင်းရှိပြီး အများကိုကူညီတတ်သူတစ်ယောက်မို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်ပါ များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

(၇) လူကြမ်းသရုပ်ဆောင် ဦးစိန်သန်း

လူကြမ်းသရုပ်ဆောင်ဦးစိန်သန်း ကတော့ ဗီဒီယိုဇာတ်ကား ပေါင်းများစွားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ ဦးစိန်းသန်း ကတော့ မကြာခင်အချိန်ကပဲ အသည်းကင်ဆာနဲ့ ဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။ သရုပ်ဆောင် ဦးစိန်သန်း အသက် (၇၉) နှစ် ဟာ နိုဝင်ဘာလ (၉) ရက်နေ့၊ ညနေ (၅) နာရီ (၅၅) မိနစ်မှာ အသည်းကင်ဆာ ရောဂါ နဲ့ ဆုံးပါး သွားခဲ့ပါတယ်။

ယခုနှစ်အတွင်း ဆုံးပါးသွားကြတဲ့ အနုပညာရှင်တွေ ထဲမှာ အချိန်တန်လို့ နှုတ်ဆက်ခဲ့ရသူတွေရှိသလို အချိန်မတန် သေးဘဲ ချစ်ရတဲ့ပရိသတ်ကို နှုတ်ဆက် ခဲ့ရသူတွေလည်း ပါဝင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူချစ် အနုပညာရှင်တွေအနေနဲ့ ပရိသတ်တွေရဲ့ နှလုံးသား တစ်ထောင့်တစ်နေရာမှာ အမြဲရှိနေဦးမှာ ကတော့ အသေအချာပါပဲ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment