Celebrity

ကိုဗစ္ကာလ အတြင္းမွာ သီခ်င္းအသစ္ ေတြဖန္တီးခဲ့တဲ့ မီမီဝင္းေဖကို ခ်ီးက်ဴးလိုက္တဲ့ ေကာ္နီ

Written by Ms Cele

ကိုဗစ္ကာလ အတြင္းမွာ သီခ်င္းအသစ္ ေတြဖန္တီးခဲ့တဲ့ မီမီဝင္းေဖကို ခ်ီးက်ဴးလိုက္တဲ့ ေကာ္နီ

သီခ်င္းေအးေအးေလး ေတြနဲ႔ပရိသတ္ အခ်စ္ကို သိမ္းပိုက္နိုင္သူ တစ္ေယာက္ျဖစ္တဲ့ မီမီဝင္းေဖကေတာ့ အႏုပညာ သက္တမ္းဆယ္စုႏွစ္(၃)စုေက်ာ္ျဖတ္သန္း လာခဲ့သူလည္း ျဖစ္ပါတယ္။ ပရိသတ္ေတြကို သီခ်င္းအသစ္ေတြ ဖန္တီးေပးေလ့ရွိတဲ့ မီမီဝင္းေဖ ကေတာ့ အခုဆိုရင္ Mini Albumတစ္ခ်ပ္ထြက္ ရွိလာေတာ့မွာပါ။

သံေယာဇဥ္ လက္က်န္ ဆိုတဲ့ Mini Album ထဲမွာေတာ့ သီခ်င္း(၇)ပုဒ္ပါဝင္ မွာျဖစ္ၿပီး ပရိသတ္ေတြ တဝႀကီးနားေထာင္ရေတာ့မွာပါ။ ဒီအယ္လ္ ဘမ္ေလးနဲ႔ပတ္သက္ၿပီး ေကာ္နီကေတာ့ သူ႔ရဲ့ေဖ့ဘြတ္ခ္မွာ “ကိုဗစ္ကာလမွာ, မမီရဲ့ႀကိဳးစားမႈကို မခ်ီးက်ဴးဘဲမေနနိုင္ေတာ့ၿပီဗ်ာ… ေတာ္လိုက္ ထွာမမီေရ,ခ်စ္စရာေကာင္းတဲ့ သီခ်င္းခ်ိဳခ်ိဳေလးေတြ အတြက္,ေက်နပ္တယ္,အားက်တယ္,ဗ်ာ,မမီကိုခ်စ္တဲ့ပရိတ္သတ္ႀကီး,,မမီကိုဆထက္တိုးလို႔ အခ်စ္ပိုၾကေတာ့မွာျမင္ေယာင္ေသးသဗ်,(၂၇)ရက္ေန႔မွာ, ရင္ခုန္သံထပ္တူက်ၾကပါစို”့ ဆိုၿပီးေတာ့ ေရးသားထားတာပါ။

ဒီအယ္လ္ဘမ္ေလး ကေတာ့ နိုင္ဝင္ဘာလ(၂၇)ရက္ေန႔မွာစတင္ျဖန္႔ခ်ီေတာ့ မွာလည္း ျဖစ္ပါတယ္။ ဝါရင့္အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ မီမီဝင္းေဖရဲ့သီခ်င္းအသစ္ ေတြကေတာ့ ကိုဗစ္ကာလႀကီးမွာ သီခ်င္းအသစ္ ေတြေမၽွာ္လင့္ေနတဲ့ ပရိသတ္ေတြ အတြက္ ရင္ခုန္ေနေစမွာအမွန္ပါပဲေနာ္…

Credit:Cele Gabar

ကိုဗစ်ကာလ အတွင်းမှာ သီချင်းအသစ် တွေဖန်တီးခဲ့တဲ့ မီမီဝင်းဖေကို ချီးကျူးလိုက်တဲ့ ကော်နီ

သီချင်းအေးအေးလေး တွေနဲ့ပရိသတ် အချစ်ကို သိမ်းပိုက်နိုင်သူ တစ်ယောက်ဖြစ်တဲ့ မီမီဝင်းဖေကတော့ အနုပညာ သက်တမ်းဆယ်စုနှစ်(၃)စုကျော်ဖြတ်သန်း လာခဲ့သူလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကို သီချင်းအသစ်တွေ ဖန်တီးပေးလေ့ရှိတဲ့ မီမီဝင်းဖေ ကတော့ အခုဆိုရင် Mini Albumတစ်ချပ်ထွက် ရှိလာတော့မှာပါ။

သံယောဇဉ် လက်ကျန် ဆိုတဲ့ Mini Album ထဲမှာတော့ သီချင်း(၇)ပုဒ်ပါဝင် မှာဖြစ်ပြီး ပရိသတ်တွေ တဝကြီးနားထောင်ရတော့မှာပါ။ ဒီအယ်လ် ဘမ်လေးနဲ့ပတ်သက်ပြီး ကော်နီကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကိုဗစ်ကာလမှာ, မမီရဲ့ကြိုးစားမှုကို မချီးကျူးဘဲမနေနိုင်တော့ပြီဗျာ… တော်လိုက် ထှာမမီရေ,ချစ်စရာကောင်းတဲ့ သီချင်းချိုချိုလေးတွေ အတွက်,ကျေနပ်တယ်,အားကျတယ်,ဗျာ,မမီကိုချစ်တဲ့ပရိတ်သတ်ကြီး,,မမီကိုဆထက်တိုးလို့ အချစ်ပိုကြတော့မှာမြင်ယောင်သေးသဗျ,(၂၇)ရက်နေ့မှာ, ရင်ခုန်သံထပ်တူကျကြပါစို”့ ဆိုပြီးတော့ ရေးသားထားတာပါ။

ဒီအယ်လ်ဘမ်လေး ကတော့ နိုင်ဝင်ဘာလ(၂၇)ရက်နေ့မှာစတင်ဖြန့်ချီတော့ မှာလည်း ဖြစ်ပါတယ်။ ဝါရင့်အဆိုတော် တစ်ယောက်ဖြစ်တဲ့ မီမီဝင်းဖေရဲ့သီချင်းအသစ် တွေကတော့ ကိုဗစ်ကာလကြီးမှာ သီချင်းအသစ် တွေမျှော်လင့်နေတဲ့ ပရိသတ်တွေ အတွက် ရင်ခုန်နေစေမှာအမှန်ပါပဲနော်…

Credit:Cele Gabar

About the author

Ms Cele

Leave a Comment