Celebrity

ကိုဗစ္ကူးစက္ခံရတဲ့ ျပည္သူေတြအတြက္ အားအင္ျပန္လည္ျပည့္ဝေစဖို႔ ၾကက္ေပါင္းစြပ္ျပဳတ္ လႉဒါန္းၾကတဲ့ အလႉေလးမွာတတ္ႏိုင္သေလာက္ ပါ၀င္လွဴဒါန္းခဲ့တဲ့ ဖူးဖူး

Written by Ms Cele

ကိုဗစ္ကူးစက္ခံရတဲ့ ျပည္သူေတြအတြက္ အားအင္ျပန္လည္ျပည့္ဝေစဖို႔ ၾကက္ေပါင္းစြပ္ျပဳတ္ လႉဒါန္းၾကတဲ့ အလႉေလးမွာတတ္ႏိုင္သေလာက္ ပါ၀င္လွဴဒါန္းခဲ့တဲ့ ဖူးဖူး

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္တဲ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုသ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ဖူးဖူးကေတာ့ ဒီေန႔မွာ အာဟာရဒါန အလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ဖူးဖူးကေတာ့ အၿမဲတမ္းလိုလို အလႉအတန္းေတြကို တတ္ႏိုင္ သေလာက္ ျပဳလုပ္ေနခဲ့ၿပီး လတ္တေလာမွာလည္း ျပည္သူေတြ လိုအပ္ေနတဲ့ ေအာက္စီဂ်င္အိုးအလႉေလးေတြ ကိုလည္း လႉဒါန္းခဲ့ပါေသးတယ္။

ဒီေန႔မွာလည္း ကိုဗစ္ကူးစက္ခံ ရတဲ့ ျပည္သူေတြအတြက္ အားအင္ျပန္လည္ျပည့္ဝေစဖို႔ ၾကက္ေပါင္းစြပ္ျပဳတ္ လႉဒါန္းၾကတဲ့ အလႉေလးမွာ ဖူးဖူးက သူတတ္ႏိုင္ သေလာက္ အာဟာရဒါနကုသိုလ္အလႉေလးအျဖစ္ (၅)ေသာင္းက်ပ္ကို ပါဝင္လႉဒါန္းေပးခဲ့ပါေသးတယ္။ သူ႔ရဲ႕ ဒီေန႔မွာျပဳလုပ္တဲ့ အာဟာရဒါန အလႉေလးကို ပရိသတ္ေတြလည္း သာဓုေခၚဆိုႏိုင္ဖို႔ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝေဖာ္ျပထားခဲ့ပါတယ္။

အလႉေလးရဲ႕အဖို႔ဘာဂ ကိုလည္း ပရိသတ္ေတြသာဓုေခၚဆိုဖို႔ ေဖာ္ျပရင္း (၇)ရက္သားသမီးမ်ား အားလုံး က်န္းမာၾကပါေစ။လို႕လည္း ဆုမြန္ေကာင္းေတာင္းထား ပါေသးတယ္။ ပရိသတ္ေတြလည္း သရုပ္ေဆာင္ ဖူးဖူးရဲ႕ အာဟာရဒါန အလွဴေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Phoo Phoo
Credit:Cele Zone

ကိုဗစ်ကူးစက်ခံရတဲ့ ပြည်သူတွေအတွက် အားအင်ပြန်လည်ပြည့်ဝစေဖို့ ကြက်ပေါင်းစွပ်ပြုတ် လှူဒါန်းကြတဲ့ အလှူလေးမှာတတ်နိုင်သလောက် ပါဝင်လှူဒါန်းခဲ့တဲ့ ဖူးဖူး

ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မင်းသမီးချောလေး ဖူးဖူးကတော့ ဒီနေ့မှာ အာဟာရဒါန အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဖူးဖူးကတော့ အမြဲတမ်းလိုလို အလှူအတန်းတွေကို တတ်နိုင် သလောက် ပြုလုပ်နေခဲ့ပြီး လတ်တလောမှာလည်း ပြည်သူတွေ လိုအပ်နေတဲ့ အောက်စီဂျင်အိုးအလှူလေးတွေ ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

ဒီနေ့မှာလည်း ကိုဗစ်ကူးစက်ခံ ရတဲ့ ပြည်သူတွေအတွက် အားအင်ပြန်လည်ပြည့်ဝစေဖို့ ကြက်ပေါင်းစွပ်ပြုတ် လှူဒါန်းကြတဲ့ အလှူလေးမှာ ဖူးဖူးက သူတတ်နိုင် သလောက် အာဟာရဒါနကုသိုလ်အလှူလေးအဖြစ် (၅)သောင်းကျပ်ကို ပါဝင်လှူဒါန်းပေးခဲ့ပါသေးတယ်။ သူ့ရဲ့ ဒီနေ့မှာပြုလုပ်တဲ့ အာဟာရဒါန အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။

အလှူလေးရဲ့အဖို့ဘာဂ ကိုလည်း ပရိသတ်တွေသာဓုခေါ်ဆိုဖို့ ဖော်ပြရင်း (၇)ရက်သားသမီးများ အားလုံး ကျန်းမာကြပါစေ။လို့လည်း ဆုမွန်ကောင်းတောင်းထား ပါသေးတယ်။ ပရိသတ်တွေလည်း သရုပ်ဆောင် ဖူးဖူးရဲ့ အာဟာရဒါန အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Phoo Phoo
Credit:Cele Zone

About the author

Ms Cele

Leave a Comment