Celebrity


Written by Ms Cele





Source: Ya Min Ko Ko’s Fb
Credit:Pay Phu Hlwar

ကိုဗစ်တတိယလှိုင်းစနေပြီမို့ ပြည်သူအားလုံးကို Maskတပ်ဖို့ သတိပေးလိုက်တဲ့ ယမင်းကိုကို

ပရိသတ်ကြီးရေ တစ်ချိန်ကအနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ယမင်းကိုကို ကတော့ ယခုအချိန်မှာဆိုရင်အနုပညာ အလုပ်တွေရပ်နည်းထားပေမယ့် ပရိသတ်အားပေးမှုတွေကို ယနေ့တိုင် ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်နော်။ယမင်းကိုကိုကတော့ လိုအပ်နေတဲ့ ပြည်သူတွေ အတွက်လည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်နေသူလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ယမင်းကိုကိုကတော့ လက်ရှိအခြေအနေတွေမှာ ကျန်းမာရေးအရ ကိုဗစ်တတိယလှိုင်းတွေ စနေပြီမို့ သူမရဲ့ပရိသတ်တွေကို Mask တပ်ကြဖို့ကိုလည်း သတိပေးပြောပြလာတာပဲဖြစ်ပါတယ်။လူတိုင်း ကျန်းမာရေးဂရုစိုက်ကာ ဘယ်သူ့ကိုမှ အားမနာဘဲ အပြင်သွားတိုင်း မဖြစ်မနေ Mask တပ်ကြဖို့ကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်။

ယမင်းကိုကိုက”🙏🙏🙏Mask တပ်ပါတတိယလှိုင်း စနေပြီ။မည်သူ့မှ အားမနာပါနဲ့သူများဆီသွားလည်း ကိုယ်တိုင်တပ်ပါ။ကိုယ့်ဆီလာလည်း တပ်ခိုင်းပါ။မိမိကြောင့် တတိယလှိုင်းအင်အားမကြီးပါစေနဲ့..” ဆိုပြီးပြောပြထားတာကိုတွေ့ရပါတယ်နော်။သူမရဲ့ပို့စ်အောက်မှာတော့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေအားလုံးကလည်း ကျန်းမာရေးအပြင် အစစအရာရာဂရုစိုက်ကြဖို့ Comment တွေမှာ မှတ်ချက်ပေးရေးသားထားကြတာ တွေ့ရပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်နော်။

Source: Ya Min Ko Ko’s Fb
Credit:Pay Phu Hlwar

About the author

Ms Cele

Leave a Comment