News

ကိုဗစ္ပိုးကူးစက္ခံရမႈရွိမရွိ Test Kitေတြနဲ႔ စစ္တဲ့ေနရာမွာမွန္ကန္တဲ့ နည္းလမ္းနဲ႔စနစ္တက်စစ္ဖို႔ ခ်စ္သူေလးကို နမူနာစစ္ျပတဲ့ ဗီဒီယိုေလးကိုျပသလာတဲ့ စိန္ၿဖိဳးလႈိင္

Written by Ms Cele

ကိုဗစ္ပိုးကူးစက္ခံရမႈရွိမရွိ Test Kitေတြနဲ႔ စစ္တဲ့ေနရာမွာမွန္ကန္တဲ့ နည္းလမ္းနဲ႔စနစ္တက်စစ္ဖို႔ ခ်စ္သူေလးကို နမူနာစစ္ျပတဲ့ ဗီဒီယိုေလးကိုျပသလာတဲ့ စိန္ၿဖိဳးလႈိင္

အႏုပညာရွင္ တစ္ေယာက္အျဖစ္ ဇာတ္ကားေတြ မ်ားစြာ ႐ိုက္ကူးထားတဲ့ နႏၵာလႈိင္ရဲ ႕ေမာင္ေလး စိန္ၿဖိဳးလႈိင္ ကေတာ့ ဆရာဝန္တစ္ေယာက္ အျဖစ္လည္း ျပည္သူေတြကို အက်ိဳးျပဳေနသူလည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း ပရိသတ္ေတြအားလုံးက သူ႔ကို ေလးစား ခ်စ္ခင္ေနၾကတာပါ ။

ခုလို ကိုဗစ္ေရာဂါေတြ ျပည္သူေတြ ခံစားေနရအခ်ိန္ မွာလည္း တတ္ႏိုင္ သေလာက္ ကူညီမႈေတြ ျပဳလုပ္ေပးလ်က္ရွိပါတယ္ ။ ေအာက္ဆီဂ်င္အိုးေတြ ဝယ္ယူ လႉဒါန္းေပးသလို ေရာဂါနဲ႔ ပတ္သက္ၿပီး လိုက္နာသင့္တာေတြကိုလည္း ေသေသခ်ာခ်ာ ဗဟုသုတအေနနဲ႔ ေဝမွ်ေပးေနတာကို ေတြ႕ရပါတယ္ ။

အခုလည္း ကိုဗစ္ပိုးရွိမရွိ Test Kit ေတြနဲ႔ စစ္တဲ့ေနရာမွာ မွန္ကန္တဲ့ နည္းလမ္းနဲ႔ စနစ္တက်စစ္ဖို႔ လိုေၾကာင္း ဗီဒီယိုေလး႐ိုက္ကာေဝမွ် လာပါတယ္ ။ ” အရင္လို ေဆး႐ုံေဆးခန္း သြားစစ္ဖို႔ မလြယ္ေတာ့တဲ့အခ်ိန္မွာ Antigen Test Kit ‌ေတြနဲ႔ စစ္ေနၾကတာေတြ႕လို႔ ဘယ္လိုမ်ိဳး အသုံးျပဳရတယ္ဆိုတာေလးကို တင္ေပးလိုက္တာပါ။ စစ္တဲ့အခါ ႏွာေခါင္းအဝေလးတင္ မဟုတ္ပဲ ႏွာေခါင္းအရင္းထိ ေရာက္မွသာလွ်င္ ပိုမိုတိက်တဲ့ အေျဖကို ရမွာမို႔ သတိထားေစခ်င္ပါတယ္။” ဆိုတဲ့ စာေလးပါေရးသားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Credit:Cele Zone
Photo – Sein Phyo

ကိုဗစ်ပိုးကူးစက်ခံရမှုရှိမရှိ Test Kitတွေနဲ့ စစ်တဲ့နေရာမှာမှန်ကန်တဲ့ နည်းလမ်းနဲ့စနစ်တကျစစ်ဖို့ ချစ်သူလေးကို နမူနာစစ်ပြတဲ့ ဗီဒီယိုလေးကိုပြသလာတဲ့ စိန်ဖြိုးလှိုင်

အနုပညာရှင် တစ်ယောက်အဖြစ် ဇာတ်ကားတွေ များစွာ ရိုက်ကူးထားတဲ့ နန္ဒာလှိုင်ရဲ ့မောင်လေး စိန်ဖြိုးလှိုင် ကတော့ ဆရာဝန်တစ်ယောက် အဖြစ်လည်း ပြည်သူတွေကို အကျိုးပြုနေသူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပရိသတ်တွေအားလုံးက သူ့ကို လေးစား ချစ်ခင်နေကြတာပါ ။

ခုလို ကိုဗစ်ရောဂါတွေ ပြည်သူတွေ ခံစားနေရအချိန် မှာလည်း တတ်နိုင် သလောက် ကူညီမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ အောက်ဆီဂျင်အိုးတွေ ဝယ်ယူ လှူဒါန်းပေးသလို ရောဂါနဲ့ ပတ်သက်ပြီး လိုက်နာသင့်တာတွေကိုလည်း သေသေချာချာ ဗဟုသုတအနေနဲ့ ဝေမျှပေးနေတာကို တွေ့ရပါတယ် ။

အခုလည်း ကိုဗစ်ပိုးရှိမရှိ Test Kit တွေနဲ့ စစ်တဲ့နေရာမှာ မှန်ကန်တဲ့ နည်းလမ်းနဲ့ စနစ်တကျစစ်ဖို့ လိုကြောင်း ဗီဒီယိုလေးရိုက်ကာဝေမျှ လာပါတယ် ။ ” အရင်လို ဆေးရုံဆေးခန်း သွားစစ်ဖို့ မလွယ်တော့တဲ့အချိန်မှာ Antigen Test Kit ‌တွေနဲ့ စစ်နေကြတာတွေ့လို့ ဘယ်လိုမျိုး အသုံးပြုရတယ်ဆိုတာလေးကို တင်ပေးလိုက်တာပါ။ စစ်တဲ့အခါ နှာခေါင်းအဝလေးတင် မဟုတ်ပဲ နှာခေါင်းအရင်းထိ ရောက်မှသာလျှင် ပိုမိုတိကျတဲ့ အဖြေကို ရမှာမို့ သတိထားစေချင်ပါတယ်။” ဆိုတဲ့ စာလေးပါရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Sein Phyo

About the author

Ms Cele

Leave a Comment