Local News

ကိုဗစ္ပိုးကူးစက္မႈ ေၾကာင့္ နိုင္ငံေတာ္ ဗဟိုသံဃာ့ ဝန္ေဆာင္၊ ေရႊတိဂုံ ေစတီေတာ္ ေဂါပကအဖြဲ႕၏ ဩဝါဒါစရိယ ဆရာေတာ္ ျကီး ဘဝနတ္ ထံ ပ်ံလြန္ ေတာ္မူ

Written by Ms Cele

ကိုဗစ္ပိုးကူးစက္မႈ ေၾကာင့္ နိုင္ငံေတာ္ ဗဟိုသံဃာ့ ဝန္ေဆာင္၊ ေရႊတိဂုံ ေစတီေတာ္ ေဂါပကအဖြဲ႕၏ ဩဝါဒါစရိယ ဆရာေတာ္ ျကီး ဘဝနတ္ ထံ ပ်ံလြန္ ေတာ္မူ

ရန္ကုန္၊ ေအာက္တိုဘာ ၁၅

ကိုဗစ္ပိုး ကူးစက္မႈေၾကာင့္ နိုင္ငံေတာ္ ဗဟိုသံဃာ့ ဝန္ေဆာင္၊ ေရႊတိဂုံေစတီေတာ္ ေဂါပက အဖြဲ႕၏ ဩဝါဒါစရိယ ဆရာေတာ္ႀကီး ဆရာေတာ္ ဘဒၵႏၲေခမိႏၵာစာရ သာသနဓဇ သိရီပဝရ ဓမၼာစရိယ (အဂၢမဟာဂႏၲဝါစက ပ႑ိတ) စတုဘုမၼိကနိကာယဂဏနာယက (ငွက္တြင္း) အက်ိဳးေတာ္ေဆာင္ ယေန႔ မနက္က ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားေၾကာင္းသာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန (သာသနာေရး)၊ဝန္ႀကီး႐ုံး၊ညႊန္ၾကားေရးမႉး ဦးေအာင္ဆန္းဝင္းက Myanmar Harp ကိုေျပာသည္။

“ဆရာေတာ္ႀကီး ဘဝနတ္ထံ ပ်ံလြန္ေတာ္မူ သြားပါၿပီ၊ ေအာက္တိုဘာ ၇ ရက္ေန႔က ကိုဗစ္ပိုးေတြ႕ပါတယ္၊ ေနာက္ သဃၤန္းကၽြန္းေဆး႐ုံ၊ေနာက္ ဧရာဝတီ ကုသေရးစင္တာကို ေအာက္တိုဘာ ၁၁ရက္ေန႔ က ေျပာင္းေရႊ႕ကုသပါတယ္၊ ဒီေန႔ မနက္ ၅နာရီ ၅၅ မိနစ္တြင္ ဘဝနတ္ ထံ ပ်ံလြန္ေတာ္မူသြားပါတယ္”ဟု ၎ကေျပာသည္။

ဘဝနတ္ထံပ်ံလြန္ေတာ္ မူသြားသည့္ ဆရာေတာ္ ဘဒၵႏၲေခမိႏၵာစာရ သည္ သက္ေတာ္ (၆၉)၊ သိကၡာ (၄၉)ဝါ ရွိၿပီး ရန္ကုန္တိုင္းေဒသႀကီး၊ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ အမွတ္ (၂) ရပ္ကြက္၊ အေနာ္ရထာလမ္းႏွင့္ ၅၃-လမ္းေထာင့္၊ စတုဘုမၼိက ဗဟိုဌာန ေက်ာင္းတိုက္၊ ဦးစီးပဓာနနာယက လည္းျဖစ္ေတာ္မူသည္ဟုသိရသည္။

ဆရာေတာ္ႀကီးကို ယေန႔ ၁၅-၁၀-၂ဝ၂ဝ (ၾကာသပေတးေန႔) နံနက္ ၉း၄၉ အခ်ိန္တြင္ အႏၲိမဈာပန သၿဂိဳဟ္ၿပီးစီးသြားၿပီဟုလည္းသိရွိရသည္။

အရွင္ေတဇနိယ(မန္းေတာင္ေျခ)က ဆရာေတာ္ႀကီးႏွင့္ ပတ္သတ္ၿပီး“ေက်ာင္းမွာသီတင္းသုံး‌ရင္းအသက္႐ူရတာမေကာင္းလို႔ကားဒရိုင္ဘာနဲ႔အတူေဝဘာဂီေဆး႐ုံမွာသြားျပတယ္။စစ္ေဆးၾကည့္လိုက္ေတာ့ကိုဗစ္ပိုးရွိတာေတြ႕ရတယ္။

ဒါနဲ႔ေက်ာင္းတိုက္ ကို ေလာ့ေဒါင္းခ်သံဃာ/ေက်ာင္းသားအားလုံးသက္ဆိုင္ရာသို႔ေျပာင္း‌ေရြ႕ခဲ့ရတယ္။ သက္သာၿပီျပန္ရေတာ့ မယ္လို႔ ထင္ေနမွဒီမနက္မွာ ပ်ံလြန္ေတာ္မူသြားတယ္။ ဒီျဖစ္စဥ္အားလုံးဟာ ရက္သတၱပတ္ အတြင္းမွာ ျဖစ္သြားတယ္၊ ကိုဗစ္ေရာဂႏၲရကပ္ဆိုးေၾကာင့္အရြယ္မ်ိဳးစုံ/အဆင့္အတန္းမ်ိဳးစုံ အသက္ေသဆုံးျခင္းနဲ႔ၾကဳံရတယ္၊ ကပ္ေရာဂါႏွင့္ၾကဳံေနရတဲ့အခါမွာေတာ့ ရာထူး/အာဏာ/ပါဝါဘယ္ေလာက္ႀကီးႀကီးေငြေၾကးဘယ္‌ေလာက္တတ္နိုင္‌/တတ္နိုင္လူမသိ/သူမသိ တိတ္တဆိတ္ ပင္ဒေဟနိေကၡပန အမႈျပဳခဲ့ရတယ္၊ “” ေကာ ဇညာ မရဏံ သုေဝ”” ကပ္ေရာဂါကာလအတြင္းမွာေသြးတိုး/ဆီးခ်ိဳအေျခခံရွိသူမ်ားအထူး သတိထားေတာ္ မူၾကပါဘုရား….ဘဝသံသရာ ခရီးရွည္ႀကီးမွာ…ေဘးဘယာ ေဝးကြာ….က်န္းမာခ်မ္းသာၾကပါေစ…..”ဟု ေဖ့ဘုတ္စာမ်က္ႏွာထက္ မိန႔္ၾကားထားသည္ကိုေတြ႕ရသည္။

ကိုမင္း

Myanmar Harp

ကိုဗစ်ပိုးကူးစက်မှု ကြောင့် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်၊ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် ကြီး ဘဝနတ် ထံ ပျံလွန် တော်မူ

ရန်ကုန်၊ အောက်တိုဘာ ၁၅

ကိုဗစ်ပိုး ကူးစက်မှုကြောင့် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်၊ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီး ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ) စတုဘုမ္မိကနိကာယဂဏနာယက (ငှက်တွင်း) အကျိုးတော်ဆောင် ယနေ့ မနက်က ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်းသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ဝန်ကြီးရုံး၊ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက Myanmar Harp ကိုပြောသည်။

“ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ သွားပါပြီ၊ အောက်တိုဘာ ၇ ရက်နေ့က ကိုဗစ်ပိုးတွေ့ပါတယ်၊ နောက် သင်္ဃန်းကျွန်းဆေးရုံ၊နောက် ဧရာဝတီ ကုသရေးစင်တာကို အောက်တိုဘာ ၁၁ရက်နေ့ က ပြောင်းရွှေ့ကုသပါတယ်၊ ဒီနေ့ မနက် ၅နာရီ ၅၅ မိနစ်တွင် ဘဝနတ် ထံ ပျံလွန်တော်မူသွားပါတယ်”ဟု ၎င်းကပြောသည်။

ဘဝနတ်ထံပျံလွန်တော် မူသွားသည့် ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရ သည် သက်တော် (၆၉)၊ သိက္ခာ (၄၉)ဝါ ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၅၃-လမ်းထောင့်၊ စတုဘုမ္မိက ဗဟိုဌာန ကျောင်းတိုက်၊ ဦးစီးပဓာနနာယက လည်းဖြစ်တော်မူသည်ဟုသိရသည်။

ဆရာတော်ကြီးကို ယနေ့ ၁၅-၁၀-၂ဝ၂ဝ (ကြာသပတေးနေ့) နံနက် ၉း၄၉ အချိန်တွင် အန္တိမဈာပန သဂြိုဟ်ပြီးစီးသွားပြီဟုလည်းသိရှိရသည်။

အရှင်တေဇနိယ(မန်းတောင်ခြေ)က ဆရာတော်ကြီးနှင့် ပတ်သတ်ပြီး“ကျောင်းမှာသီတင်းသုံး‌ရင်းအသက်ရူရတာမကောင်းလို့ကားဒရိုင်ဘာနဲ့အတူဝေဘာဂီဆေးရုံမှာသွားပြတယ်။စစ်ဆေးကြည့်လိုက်တော့ကိုဗစ်ပိုးရှိတာတွေ့ရတယ်။

ဒါနဲ့ကျောင်းတိုက် ကို လော့ဒေါင်းချသံဃာ/ကျောင်းသားအားလုံးသက်ဆိုင်ရာသို့ပြောင်း‌ရွေ့ခဲ့ရတယ်။ သက်သာပြီပြန်ရတော့ မယ်လို့ ထင်နေမှဒီမနက်မှာ ပျံလွန်တော်မူသွားတယ်။ ဒီဖြစ်စဉ်အားလုံးဟာ ရက်သတ္တပတ် အတွင်းမှာ ဖြစ်သွားတယ်၊ ကိုဗစ်ရောဂန္တရကပ်ဆိုးကြောင့်အရွယ်မျိုးစုံ/အဆင့်အတန်းမျိုးစုံ အသက်သေဆုံးခြင်းနဲ့ကြုံရတယ်၊ ကပ်ရောဂါနှင့်ကြုံနေရတဲ့အခါမှာတော့ ရာထူး/အာဏာ/ပါဝါဘယ်လောက်ကြီးကြီးငွေကြေးဘယ်‌လောက်တတ်နိုင်‌/တတ်နိုင်လူမသိ/သူမသိ တိတ်တဆိတ် ပင်ဒဟေနိက္ခေပန အမှုပြုခဲ့ရတယ်၊ “” ကော ဇညာ မရဏံ သုဝေ”” ကပ်ရောဂါကာလအတွင်းမှာသွေးတိုး/ဆီးချိုအခြေခံရှိသူများအထူး သတိထားတော် မူကြပါဘုရား….ဘဝသံသရာ ခရီးရှည်ကြီးမှာ…ဘေးဘယာ ဝေးကွာ….ကျန်းမာချမ်းသာကြပါစေ…..”ဟု ဖေ့ဘုတ်စာမျက်နှာထက် မိန့်ကြားထားသည်ကိုတွေ့ရသည်။

ကိုမင်း

Myanmar Harp

About the author

Ms Cele

Leave a Comment