Celebrity


Written by Ms Cele





Credit:CELELUCKY

ကိုဗစ်ရောဂါကို ကိုယ်ဝန်ကြီးနဲ့ ကူးစက်ခံရပေမယ့် စိတ်ဓာတ်မကျပဲ တွန်းလှန်ခဲ့တဲ့ နည်းလမ်းတွေကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် တစ်ယောက်လည်း ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်တဲ့နော်။ ရောဂါဝင်နေမှန်းတောင် မသိဘဲ သာမန်အတိုင်း နေထိုင် စားသောက်ခဲ့ပြီး အနံ့၊ အရသာပျောက်သွားမှသာ သိရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မနက် အနံ့ပြန်ရလာပြီဖြစ်ပြီး တစ်ပတ်အတွင်း ခံစားခဲ့ရပုံနဲ့ ကိုဗစ်ကို တိုက်ထုတ်ခဲ့တဲ့ နည်းလမ်းတွေကို ပြောပြလာပါတယ်နော်။

” ဒီရောဂါ အကြောင်း ကိုယ်တစ်ကိုယ်စာ ခံစားလို့ရသလောက် ပြောပြပေးမယ်ရှင့်….ကိုယ်ဝန်ကြီးနဲ့မို့ ဖြစ်တာ သိချင်နေလို့တဲ့…..ကျွန်မ ခုမှသိတာကျွန်မလွန်ခဲ့တဲ့ 10ရက်လောက်ထဲက ခါးတွေ လက်တွေ ပေါင်တွေ ခြေသလုံးတွေ နာတာနာတာဆိုတာ အားလုံးက ကိုယ်ဝန်ဆိပ်တက်နေတာလို့ပဲ ပြောကြတယ်။ ကျွန်မလည်းအဲ့လိုပဲထင်ခဲ့တာ ကိုဗစ် ကိုယ်ထဲ ဝင်နေတာသိတောင် မသိခဲ့ဘူးးး အစားအသောက်မပျက်ဘူးးးးးလူမမာကြီးလို မနေခဲ့ဘူးးးးဖြစ်နေမှန်းတောင်မသိခဲ့ဘူါ်ညညကျရင် တုန်ပြီး ချမ်းတက်လာတာကိုလည်းဗိုက်ကြီးသည်မို့ မီးယပ်ချမ်း ထတယ်ပဲထင်နေခဲ့တာ😁ဘာဆေးမှလည်း မသောက်ခဲ့ဘူးးး။ ညညကျရင် ခြေတွေလက်တွေ ကိုက်တော့ ယောက်ျားကို ဆေးလိမ်းခိုင်းတယ်…နင်းခိုင်း နှိပ်ခိုင်းတယ်။လွန်ခဲ့တဲ့ 4ရက်လောက်က အာခေါင်တွေစနာတယ်… နှာခေါင်းပိတ်တယ်…ကိုယ်နည်းနည်းပူတယ်….အဲ့ဒါလည်း ငါမိုးမိလို့ တုတ်ကွေး ဖြစ်တယ်လောက်ပဲ သဘောထားတယ်….စားစရာရှိတာကတော့ အရင်ကထက်ပိုစားတယ်….ပိုအိပ်တယ်….အင်တာနက်မှာ ဟာသတွေရှာကြည့်တယ်….သရဏဂုံ ရွတ်နေတယ်…ဆရာသမားတွေ ကလည်းမေတ္တာပို့ပေးနေတယ်တဲ့…ပြီးတော့ လွန်ခဲ့တဲ့ 2ရက်က အနံ့စပျောက်တယ်…. ဘာရေမွှေးနံ့ ဘာဟင်းနံ့မှမရတော့ဘူးးးမကြောက်ပါဘူးးးး နှာခေါင်းပိတ်နေတယ်ပဲ သဘောထားလိုက်တယ်….အိမ်ကလူတွေနဲ့ သူငယ်ချင်းတွေကတော့စိုးရိမ်ကြတာပေါ့ ကိုယ်ဝန်ကြီးနဲ့ဆိုတော့….

တနေ့ ပါရာဒက် 500 အားနဲ့ စီဗစ် မနက်နဲ့ည သောက်တယ်….အားရှိတာတွေ စားတယ်…အိပ်တယ်….ရေပုံမှန်ချိုးတယ်…ဒီနေ့မနက် အနံ့ပြန်ရပီ…နေလည်းကောင်းတယ်….ခု ယောက္ခမက ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ် ကျွေးတယ်…ညနေ အိတုံမရဲ့ ဟော့ပေါ့ အကောင်းစားလာ ပို့လိမ့်မယ်….စားမယ်…အိပ်မယ်…နားမယ်….အားလုံး စိတ်ချရမှ အလုပ်တွေပြန်လုပ်မယ်….ငါ့ဆီ ဒီရောဂါ ရောက်ကိုရောက်လာနိုင်တယ်ဘာဆေးနဲ့မှ မပျောက်ဘူးးးးသာမာန်ပါရာစီတမော့နဲ့ပဲအဓိက အစာအဟာရမပြတ်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ကပျောက်မယ့်တစ်ခုတည်းသောနည်းလမ်းပါပဲအမျိုးတို့🙏” လို့ ရေးသားထားပါတယ်နော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment