Celebrity

ကိုဗစ္ေရာဂါကို ကူးစက္ခံလိုက္ရၿပီး အနံ႕ေပ်ာက္ကာ ေနမေကာင္းျဖစ္ေနတဲ့ အေၾကာင္းကို ေျပာျပလာတဲ့ ဟာသသ႐ုပ္ေဆာင္ ၿငိမ္းခ်မ္း

Written by Ms Cele

ကိုဗစ္ေရာဂါကို ကူးစက္ခံလိုက္ရၿပီး အနံ႕ေပ်ာက္ကာ ေနမေကာင္းျဖစ္ေနတဲ့ အေၾကာင္းကို ေျပာျပလာတဲ့ ဟာသသ႐ုပ္ေဆာင္ ၿငိမ္းခ်မ္း

ပရိတ္သတ္ႀကီးေရ….ဟာသ သ႐ုပ္ေဆာင္၊ လူရႊင္ေတာ္ ၿငိမ္းခ်မ္းဟာ ဆိုရင္ ထူးျခားဆန္းျပားတဲ့ ဟာသပ်က္လုံးေတြ နဲ႔အတူ မရိုးနိုင္ေအာင္စင္ျမင္ ထက္မွာ ကျပနိုင္ခဲ့တဲ့အတြက္ ပရိတ္သတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို ရရွိခဲ့တာပဲျဖစ္ပါတယ္ေနာ္။လူရႊင္ေတာ္ ၿငိမ္းခ်မ္းဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္းကမ်က္ႏွာေလတျခမ္း ျဖတ္သြားခဲ့ၿပီး၊ က်န္းမာေရး ျပန္ေကာင္းလာၿပီးေနာက္ မိသားစုနဲ႔အတူ အြန္လိုင္းမွာ အဝတ္အထည္မ်ား Live Sale ေရာင္းခ်ေနသူ ျဖစ္ပါတယ္။

ဦၿငိမ္းခ်မ္းက ဇူလိုင္လ (၂၂) ရက္ေန႔မွာ ကိုဗစ္ေရာဂါကို ခံစားေနရၿပီး အနံ့ေပ်ာက္ကာ ေနမေကာင္းျဖစ္ေနတဲ့ အေၾကာင္းအခုလိုပဲေျပာျပလာခဲ့ တာပဲျဖစ္ပါတယ္ေနာ္.။“ဒီေန႔ အနံ့ေပ်ာက္သြားၿပီး ဖ်ားေနၿပီ။ ကိုယ္ခႏၶာ တခုလုံး အသားေတြ နာတယ္။ အေၾကာေတြ တက္ေနတယ္။ ငါမရွိလို႔မျဖစ္၊ ငါ့မိသားစုအတြက္ ငါေနေကာင္းရမယ္။ အေကာင္းဆုံး ေက်ာ္ျဖတ္နိုင္ရမယ္”လို႔ ၿငိမ္းခ်မ္းက ဆိုပါတယ္။

ျမန္မာျပည္အႏွံ့ျပန႔္ပြား ကူးစက္ေနတဲ့ ဒီကိုဗစ္ေရာဂါကပ္ဆိုးႀကီး ျမန္မာျပည္ကေန အျမန္ဆုံးထြက္သြားရေအာင္ ဆုေတာင္းရင္း ဦးၿငိမ္းခ်မ္းလည္း ဒီကိုဗစ္ေရာဂါႀကီးကို အံတုေၾကာ္လႊားနိုင္ၿပီး အရင္လိုဆန္းသစ္ေျပာင္ေျမာက္တဲ့ ပ်က္လုံးေတြနဲ႔စင္ျမင့္ထက္မွာ ျပန္လည္ကျပနိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္.။ပရိတ္သတ္ႀကီးကလည္း ဦးၿငိမ္းခ်မ္းအတြက္ ဆုေတာင္းေမတၱာပို႔သေပးပါအုံးေနာ္။ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္.။

Source – Nyein Chan’s Facebook acc
Credit ; Celebrity Platforms

ကိုဗစ်ရောဂါကို ကူးစက်ခံလိုက်ရပြီး အနံ့ပျောက်ကာ နေမကောင်းဖြစ်နေတဲ့ အကြောင်းကို ပြောပြလာတဲ့ ဟာသသရုပ်ဆောင် ငြိမ်းချမ်း

ပရိတ်သတ်ကြီးရေ….ဟာသ သရုပ်ဆောင်၊ လူရွှင်တော် ငြိမ်းချမ်းဟာ ဆိုရင် ထူးခြားဆန်းပြားတဲ့ ဟာသပျက်လုံးတွေ နဲ့အတူ မရိုးနိုင်အောင်စင်မြင် ထက်မှာ ကပြနိုင်ခဲ့တဲ့အတွက် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်နော်။လူရွှင်တော် ငြိမ်းချမ်းဟာ ပြီးခဲ့တဲ့နှစ်အတွင်းကမျက်နှာလေတခြမ်း ဖြတ်သွားခဲ့ပြီး၊ ကျန်းမာရေး ပြန်ကောင်းလာပြီးနောက် မိသားစုနဲ့အတူ အွန်လိုင်းမှာ အဝတ်အထည်များ Live Sale ရောင်းချနေသူ ဖြစ်ပါတယ်။

ဦငြိမ်းချမ်းက ဇူလိုင်လ (၂၂) ရက်နေ့မှာ ကိုဗစ်ရောဂါကို ခံစားနေရပြီး အနံ့ပျောက်ကာ နေမကောင်းဖြစ်နေတဲ့ အကြောင်းအခုလိုပဲပြောပြလာခဲ့ တာပဲဖြစ်ပါတယ်နော်.။“ဒီနေ့ အနံ့ပျောက်သွားပြီး ဖျားနေပြီ။ ကိုယ်ခန္ဓာ တခုလုံး အသားတွေ နာတယ်။ အကြောတွေ တက်နေတယ်။ ငါမရှိလို့မဖြစ်၊ ငါ့မိသားစုအတွက် ငါနေကောင်းရမယ်။ အကောင်းဆုံး ကျော်ဖြတ်နိုင်ရမယ်”လို့ ငြိမ်းချမ်းက ဆိုပါတယ်။

မြန်မာပြည်အနှံ့ပြန့်ပွား ကူးစက်နေတဲ့ ဒီကိုဗစ်ရောဂါကပ်ဆိုးကြီး မြန်မာပြည်ကနေ အမြန်ဆုံးထွက်သွားရအောင် ဆုတောင်းရင်း ဦးငြိမ်းချမ်းလည်း ဒီကိုဗစ်ရောဂါကြီးကို အံတုကြော်လွှားနိုင်ပြီး အရင်လိုဆန်းသစ်ပြောင်မြောက်တဲ့ ပျက်လုံးတွေနဲ့စင်မြင့်ထက်မှာ ပြန်လည်ကပြနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.။ပရိတ်သတ်ကြီးကလည်း ဦးငြိမ်းချမ်းအတွက် ဆုတောင်းမေတ္တာပို့သပေးပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်.။

Source – Nyein Chan’s Facebook acc
Credit ; Celebrity Platforms

About the author

Ms Cele

Leave a Comment