Celebrity
Written by Ms Cele
ကိုဗစ်ရောဂါကူးစက်ခံရစဉ်က မိခင်ဖြစ်သူရဲ့ဂရုတစိုက်နေခဲ့ပုံ မှတ်တမ်းကို ပရိသတ်ကြီးသိအောင် ပြောပြလာတဲ့ ညီနန္ဒ
ပရိသတ်ကြီးရေ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ညီနန္ဒ ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာ မလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်..။ ညီနန္ဒကတော့ လက်ရှိမှာ အနုပညာသမား ပေမယ့် စိတ်ပိုင်ဖြတ်ကာ ယုံကြည့်ရာ လမ်းကို ဦးတည် ပြီး မိသားစု အဝေးမှာ ရဲရင့်မှု အပြည့် နဲ့ လျောက်လှမ်းနေသူပါ.
မိသားစု အဝေးမှာ ရှိနေစဉ်မှာပဲ ဖခင်ဖြစ်သူကို ရောဂါကပ်ပိုးဖြစ်တဲ့ Covid-19 ပိုးကူးစက်ကာ ဘဝတစါယသို့ ကူးပြောင်းသွားခဲ့ ရပြီး မိခင်ဖြစ်သူက တော့ ပြန်လည် နေကောင်းကျန်းဟာ လာကြောင်းကို ညီနန္ဒက ဒီကနေ့ သြဂုတ်လ(၁၅)ရက်နေ့မှာ “ကျွန်တော့အမေ ရဲ့ (၃၆)ရက်ပြည့် အခြေအနေကတော့ စိတ်ချမ်းသာပြီး အားရကျေနပ်စရာပါ…။အမေ နှားစေး,ချောင်းဆိုး စ,ဖြစ်တဲ့ (၁၀.၇.၂၁) မှစပြီး ဒီနေ့အထိ အမေကိုယ်တိုင် မပျက်မကွက် ဂရုစိုက်ခဲ့တဲ့နေ့စဉ်မှတ်တမ်း…
* ရေနွေးငွေ့ရှုခြင်း (တစ်နေ့ နှစ်ကြိမ် မှ သုံးကြိမ်)* ဆားရေဖြင့်ပုလုတ်ကျင်းခြင်း (တစ်နေ့သုံးကြိမ် – မနက်,နေ့လည်,ည)* တစ်နေ့ ရနာရီပြည့်အောင် အိပ်စက်အနားယူခြင်း။ * တစ်နေ့ကို မိနစ်၃၀ (သို့) ၄၅မိနစ် လမ်းလျှောက်ခြင်း။ * Aircon အခန်းထဲ အချိန်အကြာကြီးနေထိုင်မှု မပြုခြင်း။ * အသက်ရှုလေ့ကျင့်ခန်း(ဝင်လေထွက်လေ မှတ်ခြင်း) မိနစ်(၃၀)။ * ကြက်ဥ (သို့) ကြက်ပေါင်း (သို့) ဌက်သိုက် နေ့စဉ်စားသောက်ခြင်း။ * နှာစေးချောင်းဆိုးပျောက်ဆေး, အားဆေး နှင့် အခြားဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အချိန်မှန်သောက်သုံးခြင်း တို့ပဲဖြစ်ပါတယ်…။
*ကျွန်တော်အရေးအကြီးဆုံး ပြောချင်တာက ရေလုံးဝမချိုးဖို့ပါ…။ အရမ်းချိုးချင်ရင် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှချိုးပါလို့ ပြောချင်ပါတယ်…။ ကျွန်တော့အမေ နေ့စဉ်ဂရုစိုက်သလို ပြည်သူတွေအားလုံး ဂရုစိုက်ခြင်းဖြင့် ကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်စေဖို့မျှဝေလိုက်ပါတယ်…။ ကျွန်တော့အဖေလို အသက်မဆုံးရှုံးအောင် ကျွန်တော့အမေလို အထူးဂရုစိုက်ကြပါ…။ ပြည်သူတွေအားလုံး ကျန်းမာကြပါစေ…🙏🙏🙏မေတ္တာဖြင့် ညီနန္ဒ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာတင်လာခဲ့ပါတယ်..။ ပရိသတ်ကြီး အတွက်လည်း ညီနန္ဒရဲ့ မိခင် နေကောင်းသက်သာ လာအောင် ဂရုတစိုက် နေထိုင်ခဲ့ပုံလေးကို ပြန်လည်မျှဝေ ပေးလိုက်ရပါတယ်..။
Source : Nyi Nandar ‘s Facebook
Credit:Cele Active World
About the author
Ms Cele
Leave a Comment