Celebrity


Written by Ms Cele






#Crd

ကိုဗစ်ရောဂါနဲ့ ဖခင်သေဆုံးမှုအပေါ် ပရိတ်သတ် တွေကို နောက်ကျမှ အသိပေးရတဲ့ အကြောင်းနဲ့ ပက်သက်ပြီး ပြန်လည် ‌ဖြေရှင်းခဲ့တဲ့ လင်းနစ်

အခုလို ဆောင်းရာသီ ကာလတွေမှာ အပေါက်ဆုံး သီချင်းဖြစ်တဲ့ ” ဒီဇင်ဘာည ” သီချင်းရဲ့ အဆိုရှင် လင်းနစ် ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်နော်။ အဆိုတော် လင်းနစ်ကတော့ ဖခင်သေဆုံး ရတဲ့ အကြောင်းနဲ့ ပက်သက်ပြီး ပရိတ်သတ် တွေကို နောက်ကျမှ အသိပေးခြင်းအပေါ် အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

လင်းနစ်ပြောခဲ့တာ ကတော့ ” အဖေ၁၅ရက်နေ့ကတည်းကဆုံးသွားပါပြီဗျ ခုမှ Public တင်ရတာက ကျန်ခဲ့တဲ့ မာမီ(step-mom) ကို အသိမပေးရသေး လို့ပါ သူကိုယ်တိုင်လည်း Covid ကို တိုက်ခိုက်နေရတဲ့ အချိန်မို့ စိတ်ဓါတ်ကျသွားမစိုးလို့ မပြောပဲဖုံးထား ခဲ့ရတာပါ ခုတော့သူ့ကိုလည်း အသိပေးပြီးပြီမို့ပြောပြတာပါ

ခုထိမသိသေးတဲ့ သူတွေက အဖေသက်သာပြီလားလာလာ မေးနေကြတုန်း မို့​လည်း အသိပေး ရတာပါ ခုထိနောက်ဆက်တွဲ ကိစ္စတွေက မပြီးသေး တာမို့ Covid ကိုမပေါ့ကြဖို့ ထပ်သတိပေး ပါရစေဗျ နောက်တစ်ခု တောင်းပန်ချင် တာ ကတော့ Online အဆိုသင်တန်းအပ်ထားတဲ့ သူတွေကိုပါ ဒီလတော့ဖြစ်အောင်ဖွင့် ပေးပါ့မယ်လို့ အဆင်မပြေမှုတွေ အတွက် အနူးညွတ် တောင်းပန်ပါတယ် ” ဆိုကာ သူ့ရဲ့ ကြုံတွေ့ရတဲ့ အခက်အခဲ နဲ့ ပက်သက်ပြီး ပြောပြခဲ့ပါတယ်။

ကိုဗစ်ကပ် ရောဂါကြောင့် သေဆုံးနှုန်း ဟာ ဆက်လက် မြင့်တက်နေတဲ့ အတွက် ပရိတ်သတ် ကြီးလည်း အထူးဂရုစိုက် ကြပါလို့ တိုက်တွန်းလိုက် ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိ ပါတယ်ရှင်။

#Crd

About the author

Ms Cele

Leave a Comment