Celebrity


Written by Ms Cele





Credit

ကိုဗစ်ရောဂါ ကူးစက်ခံနေရပြီး သတင်းအမှားတွေထွက်ပေါ်နေတဲ့ အစီအစဉ်တင်ဆက်သူကောင်းထက်ဇော်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ

ပရိတ်သတ်ကြီးရေ….အစီစဉ်တင်ဆက်သူတွေ များစွာရှိတဲ့အနက်မှ အသံပါဝါ အားကောင်းကောင်းနဲ့ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူကတော့ အစီစဉ် တင်ဆက်သူ ကောင်းထက်ဇော်ပဲဖြစ်ပါတယ်နော်။ကောင်းထက်ဇော်ဟာ ဆိုရင် မိသားစုပြိုင်ပွဲ၊ The Money Drop Myanmar (ငွေတွေဝင်)အစီအစဉ်ရဲ့ ပင်တိုင် အစီစဉ်တင်ဆက်သူ တစ်ယောက်လည်းဖြစ်ပါတယ်။

မြန်မာပြည်မှာ ကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေမှာ စိုးရိမ်ကြောက်လန့်နေကြရပြီး တစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်..။လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ ကောင်းထက်ဇော်က ကိုဗစ် 19 ရောဂါကပ်ဆိုးကြီးကူးဆက်မှုကိုခံ နေရတာပဲဖြစ်ပါတယ်နော်။

ကောင်းထက်ဇော်ဟာ လက်ရှိ အင်းလျားစင်တာတွင် ကုသမှုခံယူ နေရပြီး ဇူလိုင်လ အစပိုင်းကတည်းက ဆေးရုံတက်နေရတာ ဖြစ်ပါတယ်နော်။ လက်ရှိမှာဆိုရင်တော့ ကိုကောင်းကြီး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းမှာတွေကို ဓာတ်ပုံနဲကတကွကောင်းထက်ဇော်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကိုပြောပြ လာတာပဲဖြစ်ပါတယ်နော်။“ကောင်းကြီးရဲ့လက်ရှိ အခြေအနေပါ။ သတိရ စကား ပြောနိုင်နေပါပြီ။ အားလုံး စိတ်ဒုက္ခရောက်နေကြတဲ့ ဒီအချိန်မှာ မသေချာဘဲနဲ့ လျှောက်မတင်၊ မ share ကြသင့်ပါဘူး”လို့ ကောင်းထက်ဇော်ရဲ့ မိတ်ဆွေ ကိုဖိုးနီက ဆိုပါတယ်။ ကောင်းထက်ဇော်ရဲ့ ကျန်းမာရေး အခြေအနေဟာ မနက်ဖြန် စင်တာကနေ ဆေးရုံသို့ ရွှေ့ရမှာဖြစ်ပြီး၊ အဆုတ်ကို ဆက်လက် ကုသရမယ်လို့ သိရပါတယ်။

Credit

About the author

Ms Cele

Leave a Comment