Celebrity


Written by Ms Cele






ကိုဗစ်ကြောင့် စီစဉ်ထားပြီးသား လက်ထပ် စာချုပ်ကို အကြိမ်ကြိမ် ပြန်ပြင်နေရကြောင်း ပြောပြ လာတဲ့ နိုင်းဝမ်း

အဆိုတော် နိုင်းဝမ်း ကတော့ လူငယ်တစ်ယောက် ပီပီ သူ့ရဲ့အချစ်ရေး ကိစ္စတွေနဲ့ ပက်သတ်ရင် ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြတတ်သူတစ်ယောက် ဖြစ်ပါတယ်။ နိုင်းဝမ်း ကတော့ အခုဆိုရင် သူရဲ့ တစ်စိတ်တစ်ပိုင်းလို့တောင် ဆိုရလောက်တဲ့ ချစ်သူ လေယာဉ်မယ်လေးနဲ့ လက်ထပ်တော့ မှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ (၉) ရက်နေ့မှာ မင်္ဂလာ လက်မှတ်ရေးထိုးပွဲပြုလုပ်ဖို့ သေချာစီစဉ် ထားပြီးမှ ကိုဗစ်ကြောင့် အမျိုးမျိုးပြောင်းလဲ နေရတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးဖို့ ကိုယ့်ဘက်ကအသိသက်သေလက်မှတ်ထိုးပေးဖို့ အချစ်ဆုံးဘော်ဒါတစ်ယောက်ကို အကူအညီတောင်းထားခဲ့တာ လွန်ခဲ့တဲ့၃ရက်က အဲ့ဒီသူငယ်ချင်း ကိုဗစ် ပေါ့စတစ်ဖြစ်တယ်😓 အဲ့ဒါကြောင့် နောက်ထပ်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကိုထပ်ပြီးအကူအညီတောင်းထားခဲ့တာ။ အဲ့ဒီသူငယ်ချင်းလဲ ဒီည ကိုဗစ်ပေါ့စတစ်ဖြစ်တယ်😔 လက်ထပ်စာချုပ်ထဲမှာတောင် နံမည်တွေထည့်ပြီးနေပြီကွာ။ မနက်မိုးလင်းရင် နောက်တစ်ယောက်ထပ်ပြောင်းပြီး စာချုပ်အသစ်ဖြည့်ရအုံးမယ်😖 မင်္ဂလာပွဲကိုလဲ ခမ်းခမ်းနားနားလုပ်ခွင့်မရဘူး။ မင်းငါ့ကို စောင်ရမ်းဒုက္ခပေးနေပြီငဗစ်ရေ😣” ဆိုပြီး စိတ်မကောင်းစွာ ပြောလာ ပါတယ်။

နိုင်းဝမ်းကတော့ မင်္ဂလာ လက်မှတ်ရေးထိုးဖို့ စာချုပ်ကို အမျိုးမျိုး ပြောင်းနေရတဲ့ အပြင် ချစ်သူကိုလည်း စိတ်ကူးထားသလို ခမ်းခမ်း နားနား လက်ထပ်ဖို့ စီစဉ်မပေးနိုင်တာကြောင့် စိတ်မကောင်းဖြစ် နေရတာပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းရဲ့ မင်္ဂလာ လက်မှတ်ရေးထိုးပွဲလေး အဆင်ပြေပြေချောချောမွေ့မွေ့ ပြီးဆုံးသွားပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment