Celebrity

ကိုဗစ္ေၾကာင့္ မဂၤလာပြဲနဲ့ ပက္သတ္ျပီး လိုအပ္ခ်က္ တစ္ခုကို နားလည္ ခြင့္လႊတ္ေပးဖို့ ေတာင္းပန္ လာတဲ့ နိုင္းဝမ္း

Written by Ms Cele

ကိုဗစ္ေၾကာင့္ မဂၤလာပြဲနဲ့ ပက္သတ္ျပီး လိုအပ္ခ်က္ တစ္ခုကို နားလည္ ခြင့္လႊတ္ေပးဖို့ ေတာင္းပန္ လာတဲ့ နိုင္းဝမ္း

ခ်စ္သူကို အရမ္းခ်စ္ျပီး အရိပ္တၾကည့္ၾကည့္ နဲ့ ဂရုစိုက္ တတ္တဲ့ နုိင္းဝမ္း ကေတာ့ ျပီးခဲ့တဲ့ ဒီဇင္ဘာလ (၉) ရက္ေန့ကပဲ နွစ္ဖက္ ေသာ လူၾကီးမိဘေတြေရွ့မွာ တရားဝင္ မဂၤလာလက္မွတ္ထိုး လက္ထပ္ခဲ့ျပီပဲ ျဖစ္ပါတယ္။ နုိင္းဝမ္း ကေတာ့ မဂၤလာပြဲအတြက္ အခ်ိန္ေတြ အမ်ားၾကီးေပးျပီး ျပင္ဆင္ခဲ့သလို သူ့ရဲ့ မဂၤလာပြဲေလး ကလည္း က်က္သေရရိွရိွနဲ့ အေခ်ာေမြ့ဆံုး ျပီးဆံုးသြား ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ နိုင္းဝမ္း ကေတာ့ သူ့ရဲ့ မဂၤလာပြဲက ခင္မင္ရသူမိတ္ေဆြ တစ္ေယာက္ခ်င္းစီတုိင္းကို မဖိတ္ၾကားနိုင္ခဲ့တဲ့ အတြက္ အခုလိုပဲ ေတာင္းပန္စကားေျပာ လာခဲ့တာပဲ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို ႔ဇနီးေမာင္ႏွံရဲ႕ မဂၤလာ လက္မွတ္ေရးထိုးပြဲေလးကို ၉.၁၂.၂၀၂၀(အမ်ိဳးသားေန႔)မွာ အက်ဥ္းခ်ဳံးျပဳလုပ္ျဖစ္ခဲ့တယ္ ဆိုေပမဲ့ ကြၽန္ေတာ့ ဘက္ကေန မိဘေဆြမ်ိဳးေနရာက ပြဲတက္ေပးဖို႔ ကြၽန္ေတာ့ မိတ္ေဆြေတြထဲကမွ အကိုႀကီးအမႀကီး တခ်ိဳ႕ကိုဖိတ္ျဖစ္ခဲ့ပါတယ္။ အေၾကာင္းက ကြၽန္ေတာ့မိဘနဲ႔မိသားစုဝင္အားလုံးက လက္ရွိမႏၲေလးမွာ ေနထိုင္ေနၾကတာျဖစ္ၿပီး ကိုဗစ္ကာလခရီးသြားခြင့္မရွိတာေၾကာင့္ ကြၽန္ေတာ့ မဂၤလာပြဲကိုမတက္ေရာက္ေပးႏိုင္ၾက တဲ့အတြက္ မိဘေတြေနရာက ကိုယ္စားတက္ေရာက္ေပးဖို ႔ဖိတ္ၾကားျဖစ္ခဲ့တာပါ။ ကြၽန္ေတာ့ အတြက္ ကိုဗစ္ကာလအတြင္းမွာ ပြဲတက္ေပးခဲ့ၾကလို႔လဲ အကိုေတြအမေတြကို အတိုင္းမသိေက်းဇူးတင္ပါတယ္ခင္ဗ်ာ။”

“ျဖစ္ႏိုင္မယ္ ဆိုရင္ေတာ့ ကြၽန္ေတာ္ခ်စ္ခင္ရတဲ့ မိတ္ေဆြသူငယ္ခ်င္းအကုန္လုံးကို တစ္ေယာက္ မက်န္ဖိတ္ခ်င္ခဲ့တာပါ။ ဒါေပမဲ့ ကိုဗစ္ကာလျဖစ္ေနလို႔ လူစုလူေဝးနဲ႔က်င္းပခြင့္ မရွိတာေၾကာင့္ မဖိတ္ၾကားႏိုင္ခဲ့ တာကို နားလည္ခြင့္လြတ္ေပးၾကဖို႔ မိတ္ေဆြသူငယ္ခ်င္း မ်ားကို အႏူးအၫြတ္ေတာင္းပန္အပ္ ပါတယ္ခင္ဗ်ာ🙏🏻🙏🏻🙏🏻” ဆိုျပီး ခင္မင္ရသူမိတ္ေဆြေတြကို ေတာင္းပန္စကားဆို ထားပါတယ္။

နိုင္းဝမ္း ကေတာ့ တစ္သက္မွာ တစ္ခါသာရိွတဲ့ သူ့ရဲ့ မဂၤလာပြဲကို မိတ္ေဆြ သူငယ္ခ်င္း စံုစံုလင္လင္နဲ့ ျဖတ္သန္းခ်င္ ခဲ့ေပမယ့္ က်န္းမာေရးက ပိုအေရးၾကီးတာေၾကာင့္ အက်ဥ္းရံုးသာ က်င္းပခဲ့ရတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ကိုဗစ်ကြောင့် မင်္ဂလာပွဲနဲ့ ပက်သတ်ပြီး လိုအပ်ချက် တစ်ခုကို နားလည် ခွင့်လွှတ်ပေးဖို့ တောင်းပန် လာတဲ့ နိုင်းဝမ်း

ချစ်သူကို အရမ်းချစ်ပြီး အရိပ်တကြည့်ကြည့် နဲ့ ဂရုစိုက် တတ်တဲ့ နိုင်းဝမ်း ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၉) ရက်နေ့ကပဲ နှစ်ဖက် သော လူကြီးမိဘတွေရှေ့မှာ တရားဝင် မင်္ဂလာလက်မှတ်ထိုး လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နိုင်းဝမ်း ကတော့ မင်္ဂလာပွဲအတွက် အချိန်တွေ အများကြီးပေးပြီး ပြင်ဆင်ခဲ့သလို သူ့ရဲ့ မင်္ဂလာပွဲလေး ကလည်း ကျက်သရေရှိရှိနဲ့ အချောမွေ့ဆုံး ပြီးဆုံးသွား ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်းဝမ်း ကတော့ သူ့ရဲ့ မင်္ဂလာပွဲက ခင်မင်ရသူမိတ်ဆွေ တစ်ယောက်ချင်းစီတိုင်းကို မဖိတ်ကြားနိုင်ခဲ့တဲ့ အတွက် အခုလိုပဲ တောင်းပန်စကားပြော လာခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို ့ဇနီးမောင်နှံရဲ့ မင်္ဂလာ လက်မှတ်ရေးထိုးပွဲလေးကို ၉.၁၂.၂၀၂၀(အမျိုးသားနေ့)မှာ အကျဉ်းချုံးပြုလုပ်ဖြစ်ခဲ့တယ် ဆိုပေမဲ့ ကျွန်တော့ ဘက်ကနေ မိဘဆွေမျိုးနေရာက ပွဲတက်ပေးဖို့ ကျွန်တော့ မိတ်ဆွေတွေထဲကမှ အကိုကြီးအမကြီး တချို့ကိုဖိတ်ဖြစ်ခဲ့ပါတယ်။ အကြောင်းက ကျွန်တော့မိဘနဲ့မိသားစုဝင်အားလုံးက လက်ရှိမန္တလေးမှာ နေထိုင်နေကြတာဖြစ်ပြီး ကိုဗစ်ကာလခရီးသွားခွင့်မရှိတာကြောင့် ကျွန်တော့ မင်္ဂလာပွဲကိုမတက်ရောက်ပေးနိုင်ကြ တဲ့အတွက် မိဘတွေနေရာက ကိုယ်စားတက်ရောက်ပေးဖို ့ဖိတ်ကြားဖြစ်ခဲ့တာပါ။ ကျွန်တော့ အတွက် ကိုဗစ်ကာလအတွင်းမှာ ပွဲတက်ပေးခဲ့ကြလို့လဲ အကိုတွေအမတွေကို အတိုင်းမသိကျေးဇူးတင်ပါတယ်ခင်ဗျာ။”

“ဖြစ်နိုင်မယ် ဆိုရင်တော့ ကျွန်တော်ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းအကုန်လုံးကို တစ်ယောက် မကျန်ဖိတ်ချင်ခဲ့တာပါ။ ဒါပေမဲ့ ကိုဗစ်ကာလဖြစ်နေလို့ လူစုလူဝေးနဲ့ကျင်းပခွင့် မရှိတာကြောင့် မဖိတ်ကြားနိုင်ခဲ့ တာကို နားလည်ခွင့်လွတ်ပေးကြဖို့ မိတ်ဆွေသူငယ်ချင်း များကို အနူးအညွတ်တောင်းပန်အပ် ပါတယ်ခင်ဗျာ🙏🏻🙏🏻🙏🏻” ဆိုပြီး ခင်မင်ရသူမိတ်ဆွေတွေကို တောင်းပန်စကားဆို ထားပါတယ်။

နိုင်းဝမ်း ကတော့ တစ်သက်မှာ တစ်ခါသာရှိတဲ့ သူ့ရဲ့ မင်္ဂလာပွဲကို မိတ်ဆွေ သူငယ်ချင်း စုံစုံလင်လင်နဲ့ ဖြတ်သန်းချင် ခဲ့ပေမယ့် ကျန်းမာရေးက ပိုအရေးကြီးတာကြောင့် အကျဉ်းရုံးသာ ကျင်းပခဲ့ရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment