Celebrity


Written by Ms Cele





Credit:Cele Gabar

ကိုဗစ်ကြောင့် အိမ်မှာနေရင်း အရင်တုန်းက မလုပ်တတ်တာတွေ အခု အကုန်လုပ်တတ်နေပြီ ဆိုတဲ့ လွင်မိုး

ပရိသတ်ရဲ့အချစ်တော် မင်းသားကြီးလွင်မိုး ကတော့ ကိုဗစ်ကာလ ကို အိမ်မှာပဲနေရင်းဖြတ်သန်း နေသလို ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းတွေနဲ့ သူ့ရဲ့တစ်နေ့တာအကြောင်း အရာတွေကို နေ့စဉ်နေ့တိုင်း ပရိသတ်ကြီးကို မျှဝေပေးလျက် ရှိပါတယ်။ လတ်တလောမှာတော့ ကိုယ်တိုင်ဟင်းလျာ တွေကို အမျိုးမျိုး ချက်ပြုတ်စားရင်း ပရိသတ်ကြီးအတွက်ပါ သူချက်တဲ့ ဟင်းတွေရဲ့ နည်းလမ်းတွေကို မျှဝေပေး နေပါတယ်။

ဒီတစ်ခေါက် မှာတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ကိုဗစ်ရေ..နင့်ကြောင့် ရေပိုက်လည်း ပြင်တတ်ပြီ…. မီးကြိုးတွေလည်းပြင်တတ်ပြီ….ဟင်းတွေပါ ချက်တတ်နေပြီ..ဟ ဆိုပြီး ရေးသားမျှဝေ လာတဲ့ လွင်မိုးရဲ့စကားကြောင့် ပရိသတ်တွေပွဲ ကျခဲ့ရသလို အကုန်လုံးလည်း အလားတူ ဖြစ်နေကြောင်း မှတ်ချက်ပေးရေးသား ခဲ့ပါတယ်။ ကာလကြာရှည်နေပြီဖြစ်တဲ့ ကိုဗစ် ကပ်ရောဂါကြောင့် အိမ်ထဲမှာပဲနေရမယ့်အတူတူ လူတော်တော် များများကတော့ အရင်တုန်းက မလုပ်ဖြစ်တာလေး တွေကို အချိန်ပေးပြီးလုပ်လာကြသလို အိမ်မှာနေရင်းလုပ် လို့ရမယ့် ပညာအသစ်တွေ ဝါသနာလေးတွေ၊ အသစ်အဆန်း လေးတွေ ချက်ပြုတ်စားသောက်ရင်း အိမ်မှာနေရင်း အချိန်ကို မပျင်းရအောင်၊ အကျိုးရှိရှိဖြတ်သန်း နိုင်အောင် ကြိုးစားနေကြရတယ်လို့ ဆိုရမှာပါ။

လွင်မိုး ကိုယ်တိုင်လည်း ကာလကြာရှည်အိမ်မှာပဲ နေနေရတာမို့ အရင်တုန်းက မလုပ်တတ်တာ တွေတောင် အခုဆိုအကုန်လုပ်တတ်နေပါပြီတဲ့ ပရိသတ်ကြီးရေ.. ဆယ်လီကမ္ဘာပရိသတ်ကြီးထဲ မှာရော လွင်မိုးနဲ့ဘဝတူတွေ ရှိလား ဖြေပေးခဲ့ပါဦးနော်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment