Local News

ကိုဗစ္ ကာလမွာ အခက္ အခဲျဖစ္ ေနတဲ့ အိမ္ေထာင္စု မ်ား အတြက္ ၿမိဳ႕ခံမ်ား စုေပါင္းၿပီး လႉဒါန္း

Written by Ms Cele

ကိုဗစ္ ကာလမွာ အခက္ အခဲျဖစ္ ေနတဲ့ အိမ္ေထာင္စု မ်ား အတြက္ ၿမိဳ႕ခံမ်ား စုေပါင္းၿပီး လႉဒါန္း

ကိုဗစ္ကာလ လပြတၱာတြင္ ဆိုက္ကားဆရာ ၆၅၀ အတြက္ ၿမိဳ႕ခံမ်ားစု ေပါင္းၿပီး လႉဒါန္း

ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕နယ္မွာ ကိုဗစ္-၁၉ ကပ္ေဘး ကာလ စားဝတ္ေနေရး အခက္အခဲ ျဖစ္ေနတဲ့ ဆိုက္ကား ဆရာေတြ အတြက္ ေအာက္တိုဘာ ၁၁ ရက္ေန႔က အေျခခံစား သုံးကုန္ေတြ လႉဒါန္းခဲ့ပါတယ္။အေႏွးယာဥ္ ဆိုက္ကား ဆရာေတြ အေျခခံ စားသုံးကုန္ေတြ လႉဒါန္းတာကို အျဖဴေရာင္ ဧရာဝတီက ဦးေဆာင္ၿပီး ၿမိဳ႕ခံအလႉရွင္ ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ ခဲ့တာျဖစ္တယ္လို႔ အျဖဴေရာင္ ဧရာဝတီအဖြဲ႕မွ ကိုစိုးသီဟမင္းက ဒီဗြီဘီ ကိုေျပာပါတယ္။

“အဓိကေတာ့ ကိုဗစ္ကာလမွာ အားလုံးက စားဝတ္ေနေရး အခက္အခဲျဖစ္ ေနတာပါ။ ၿပီးခဲ့တဲ့ ရက္က ရပ္ကြက္ေတြကို လႉေပးခဲ့ပါတယ္။ အခုလုပ္တာ ကေတာ့ က်ေနာ္တု႔္အဖြဲ႕က ဦးေဆာင္ၿပီး ၿမိဳ႕ခံအလႉရွင္ ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ဆိုက္ကား ဆရာေတြ အတြက္ လႉေပးျဖစ္တာပါ”လို႔ ေျပာပါတယ္။အျဖဴေရာင္ ဧရာဝတီ အဖြဲ႕နဲ႔ ၿမိဳ႕ခံအလႉရွင္ ေတြပူးေပါင္းၿပီ

း အေႏွးယာဥ္ ဆိုက္ကား ဆရာ ၆၅၀ ဦးအတြက္ ၁ ဦးကို ဆန္ ၂ ျပည္၊ ၾကက္ဥ ၂ လုံး၊ ေခါက္ဆြဲထုပ္ ၂ ထုပ္၊ အေအးနဲ႔ ကိတ္မုန႔္ေတြ ေပးေဝခဲ့ တာျဖစ္ တယ္လို႔ ဆိုပါတယ္။ လပြတၱာၿမိဳ႕မွာ ေနထိုင္သူေတြအေနနဲ႔ စားဝတ္ေနေရး အခက္အခဲ ရွိလာရင္ အျဖဴေရာင္ ဧရာဝတီအဖြဲ႕ထံ ဆက္သြယ္ၿပီး အကူညီေတာင္းခံနိုင္ လာရင္လည္း အဖြဲ႕အေနနဲ႔ ကူညီေပးသြားမွာ ျဖစ္တယ္လို႔ အျဖဴေရာင္ဧရာဝတီ အဖြဲ႕မွ ကိုစိုးသီဟမင္းက ဒီဗြီဘီကိုေျပာပါတယ္။

ပြတၱာၿမိဳ႕အေျခစိုက္ အျဖဴေရာင္ ဧရာဝတီ အဖြဲ႕ဟာ သဘာဝေဘး ကယ္ဆယ္ေရး လုပ္ငန္း ေတြ ကိုလုပ္ေဆာင္ေနတဲ့ အဖြဲ႕ျဖစ္ၿပီး ကိုဗစ္ကာလ စားဝတ္ေနေရး အခက္အခဲ ရွိေနတဲ့ အိမ္ေထာင္စု ေတြကို ေထာက္ပံ့ေပး ေနသလို ဆြမ္းအခက္အခဲရွိတဲ့ သံဃာေတာ္မ်ား အတြက္ လည္း ဆြမ္းခံေပး တာေတြ ျပဳလုပ္ေပးေနတာပါ။

ကိုဗစ် ကာလမှာ အခက် အခဲဖြစ် နေတဲ့ အိမ်ထောင်စု များ အတွက် မြို့ခံများ စုပေါင်းပြီး လှူဒါန်း

ကိုဗစ်ကာလ လပွတ္တာတွင် ဆိုက်ကားဆရာ ၆၅၀ အတွက် မြို့ခံများစု ပေါင်းပြီး လှူဒါန်း

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေး ကာလ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ ဆိုက်ကား ဆရာတွေ အတွက် အောက်တိုဘာ ၁၁ ရက်နေ့က အခြေခံစား သုံးကုန်တွေ လှူဒါန်းခဲ့ပါတယ်။အနှေးယာဉ် ဆိုက်ကား ဆရာတွေ အခြေခံ စားသုံးကုန်တွေ လှူဒါန်းတာကို အဖြူရောင် ဧရာဝတီက ဦးဆောင်ပြီး မြို့ခံအလှူရှင် တွေနဲ့ ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်တယ်လို့ အဖြူရောင် ဧရာဝတီအဖွဲ့မှ ကိုစိုးသီဟမင်းက ဒီဗွီဘီ ကိုပြောပါတယ်။

“အဓိကတော့ ကိုဗစ်ကာလမှာ အားလုံးက စားဝတ်နေရေး အခက်အခဲဖြစ် နေတာပါ။ ပြီးခဲ့တဲ့ ရက်က ရပ်ကွက်တွေကို လှူပေးခဲ့ပါတယ်။ အခုလုပ်တာ ကတော့ ကျနော်တု့်အဖွဲ့က ဦးဆောင်ပြီး မြို့ခံအလှူရှင် တွေနဲ့ ပူးပေါင်းပြီးတော့ ဆိုက်ကား ဆရာတွေ အတွက် လှူပေးဖြစ်တာပါ”လို့ ပြောပါတယ်။အဖြူရောင် ဧရာဝတီ အဖွဲ့နဲ့ မြို့ခံအလှူရှင် တွေပူးပေါင်းပြီ

း အနှေးယာဉ် ဆိုက်ကား ဆရာ ၆၅၀ ဦးအတွက် ၁ ဦးကို ဆန် ၂ ပြည်၊ ကြက်ဥ ၂ လုံး၊ ခေါက်ဆွဲထုပ် ၂ ထုပ်၊ အအေးနဲ့ ကိတ်မုန့်တွေ ပေးဝေခဲ့ တာဖြစ် တယ်လို့ ဆိုပါတယ်။ လပွတ္တာမြို့မှာ နေထိုင်သူတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲ ရှိလာရင် အဖြူရောင် ဧရာဝတီအဖွဲ့ထံ ဆက်သွယ်ပြီး အကူညီတောင်းခံနိုင် လာရင်လည်း အဖွဲ့အနေနဲ့ ကူညီပေးသွားမှာ ဖြစ်တယ်လို့ အဖြူရောင်ဧရာဝတီ အဖွဲ့မှ ကိုစိုးသီဟမင်းက ဒီဗွီဘီကိုပြောပါတယ်။

ပွတ္တာမြို့အခြေစိုက် အဖြူရောင် ဧရာဝတီ အဖွဲ့ဟာ သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်း တွေ ကိုလုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပြီး ကိုဗစ်ကာလ စားဝတ်နေရေး အခက်အခဲ ရှိနေတဲ့ အိမ်ထောင်စု တွေကို ထောက်ပံ့ပေး နေသလို ဆွမ်းအခက်အခဲရှိတဲ့ သံဃာတော်များ အတွက် လည်း ဆွမ်းခံပေး တာတွေ ပြုလုပ်ပေးနေတာပါ။

About the author

Ms Cele

Leave a Comment