Celebrity
Written by Ms Cele
ကိုဗစ် ကာလ ဆွမ်းအခက် အခဲကြောင့် ယာဂု ဆွမ်းသာ ဘုဉ်းပေး နေရတဲ့ သံဃာတော် အပါး ၁၀၀၀ အတွက် လှူဒါန်းပေး ခဲ့တဲ့ ခိုင်နှင်းဝေ
ခိုင်နှင်းဝေ ကတော့ ကိုဗစ်ကာလ အတွင်း မှာလည်း ပရဟိတအလုပ်တွေ ဆက်တိုက် ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ အဲဒီနောက် သူမရဲ့ ရင်သွေးလေးတွေရဲ့ ဂေဟာမှာလည်း ကလေး တွေကို ကိုယ်တိုင် စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။
ဒီနေ့မှာလဲ ခိုင်နှင်းဝေက သံဃာတော် အပါး ၁၀၀၀ လှူဒါန်းပေးခဲ့တဲ့အကြောင်းလေး ပြောကြ လာပါတယ်။ ခိုင်နှင်းဝေက “ဒီနေ့ သံဃာတော်အပါး ၁၀၀၀ လှူဒါန်းပေးခဲ့ပါတယ်။ ဆွမ်းစားချိန် ရောက်သွားတဲ့အခါ ယာဂုဆွမ်းသာ ဘုဉ်းပေးနေရပါတယ်လို့
ကျမဆီ အကူအညီတောင်းခံ လာတာတွေ့တော့ တော်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာတော်တွေ ဆွမ်းခံမကြွရတော့တဲ့ အတွက် တော်တော် အခက်ခဲဖြစ်နေကြတာ ဖြစ်ပါတယ်။ ကျောင်းကလေး ကလဲ ချောင်ကျတော့ အလှူရှင်တွေ အမြဲ
ကျော်သွားခံရတဲ့ ကျောင်းလေးလဲဖြစ်တော့ တော်တော်လေးဒုက္ခ ရောက်နေရှာ ပါတယ်။ မလှူခင် အကြားနဲ့တင် စိတ်မကောင်းဖြစ်နေမိတဲ့ ကျမ ယခုလို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတော့ ယနေ့လှူလိုက်ရတဲ့အလှူ မြတ်သောအလှူ ဖြစ်သွားတဲ့အတွက်
ကျမနှင့်အတူ အလှူရှင်များအားလုံး ဝမ်းမြောက်စွာ သာဓုခေါ်နိုင်ကြ ပါစေရှင် ယနေ့လှူတဲ့ သံဃာတွေထဲ ဒလမြို့မှ သံဃာတော် တွေလဲပါတာမို့ ဆိပ်ကမ်းအထိ သွားရောက် လှူပေးခဲ့ပါတယ်ရှင်” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့
ကိုဗစ်ကာလဖြစ်ပေမယ့်လဲ အလှူအတန်းတွေကို တက်လက်လုပ်ကိုင် နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ အလှူလေးကို သာဓုခေါ်ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာ ကျန်းမာရေး ဂရုစိုက်ကြပါနော်။
About the author
Ms Cele
Leave a Comment