Local News

ကိုဗစ္ ကာလ မွာ ဆြမ္း အခက္ အခဲ ျဖစ္ေန လို႔ ကူညီ ေပးၾက ပါအုံးရွင့္ (မ်ားမ်ားရွယ္ ထားေပးပါ အုံး …)

Written by Ms Cele

ကိုဗစ္ ကာလ မွာ ဆြမ္း အခက္ အခဲ ျဖစ္ေန လို႔ ကူညီ ေပးၾက ပါအုံးရွင့္ (မ်ားမ်ားရွယ္ ထားေပးပါ အုံး …)

ၾသဂုတ္လ ၁၆ ရက္ေန႔ ကေနၿပီးေတာ့ စတင္ခဲ့တဲ့ တစ္ေက်ာ့ျပန္ ကိုဗစ္ေရာဂါ ဂယက္ေၾကာင့္ဘဲ အမ်ားနည္းတူ အခက္အခဲ ေတြ နဲ႔ ရင္ဆိုင္ေန ရသူေတြ ထဲမွာ သာသနာ့ေဘာင္ အတြင္းက သီလရွင္ေတြ လည္း ပါဝင္ေနခဲ့ တာဘဲ ျဖစ္ပါတယ္။ေန႔စဥ္ဆက္တိုက္ ေထာင္ဂဏန္းနဲ႔ အထက္ ေတြ႕ရွိေနဆဲ အတည္ျပဳလူနာေတြနဲ႔ Stay at Home အစီအစဥ္ေတြ ေၾကာင့္ဘဲ ယခင္ကလို လူေတြဆီ ဆြမ္းဆန္အလႉခံ မထြက္နိုင္ေတာ့ဘဲ ဆရာေလးေတြ ဟာ ေန႔စဥ္ဆြမ္း ကိစၥအတြက္ လုံေလာက္မႈမရွိျဖစ္ၿပီးေတာ့

အလႉရွင္ေတြ မရွိတာေၾကာင့္ဘဲ စားေရးအတြက္ ပူပန္ေနရၿပီလို႔ ပုလဲၿမိဳ႕သစ္ မွာ ရွိတဲ့ ခ်မ္းေျမ့ရတနာသီလရွင္ စာသင္တိုက္ က ေက်ာင္းထိုင္ဆရာေလး ေဒၚဒေမၼသီက ေျပာခဲ့ပါတယ္။၁၀ႏွစ္ေအာင္ ကေနၿပီးေတာ့ ၉၀ ေက်ာ္အထိ သီလရွင္အပါး ၄၀ ရွိတဲ့ ဒီေက်ာင္း ဟာ ကိုဗစ္ပထမလွိုင္း မွာ ဆရာေလးေတြကို ဇာတိၿမိဳ႕ေတြဆီ ျပန္လႊတ္ခဲ့ေပမယ့္ လည္း ထင္မွတ္မထားတဲ့ ဒုတိယလွိုင္းက ကာလရွည္လာသလိုျဖစ္ၿပီး လူေနရပ္ကြက္ေတြဆီ အလႉခံထြက္ လို႔လည္း မရေတာ့ တာေၾကာင့္ဘဲ အခုအခ်ိန္မွာ သူတို႔ေတြဟာ ေန႔စဥ္ဆြမ္းကိစၥအတြက္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနတာျဖစ္ပါတယ္။

အဲဒီေက်ာင္းက ရွမ္းျပည္နယ္က လာတဲ့ အသက္ ၁၀ႏွစ္ကေန ၂၀ ၾကား အရြယ္ရွိတဲ့ စစ္ေဘးေရွာင္သီလရွင္ငယ္ေလးေတြ ကိုလည္း လက္ခံစာသင္ ေပးေနတဲ့ ေက်ာင္းျဖစ္ပါတယ္။လူဦးေရ မ်ားျပားတဲ့ သီလရွင္းေက်ာင္းေတြဟာ တစ္ေယာက္ ကူးစက္မႈစရင္ အားလုံးကိုပ်ံ႕ႏွံ့သြားမွား စိုးရိမ္ရတဲ့အတြက္ ေက်ာင္းအျပင္အလွႉခံမထြက္နိုင္ေပမယ့္ တစ္ဖက္က စားေသာက္စရိတ္၊ ေဆးဖိုး၊ မီတာခ စတဲ့ကုန္က်မႈေတြက ယခင္ကလိုပဲရွိေနတယ္လို႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ သဟပုညကာရီကမၼိဌာန္းေက်ာင္းက ဆရာေလး ဆႏၵာေထဝီက ေျပာခဲ့တာပါ။

ဒီေက်ာင္းမွာ သီလရွင္ ၆၂ ပါးရွိေနတာပါ။ အသက္ အငယ္ဆုံးက ၁၀ႏွစ္ဝန္းက်င္က စၿပီး အသက္ ၇၀ ေက်ာ္ဆရာေလး အပါး ၂၀၊ ဆရာေလး အပါး ၈၀ ေက်ာ္၊ ေက်ာင္းကိုအုပ္ခ်ဳပ္တဲ့ဆရာေလး ၅ ပါး သီတင္းသုံးေနတယ္လို႔ ဆိုပါတယ္။သူတို႔ဟာ ကိုယ္ထူကိုယ္ထေဆာက္ထားတဲ့ ေက်ာင္းေဆာင္ ၄၈ ခုမွာ သီးျခားစီေနထိုင္ၾကေပမယ့္လည္း သက္ႀကီးသီလရွင္ေတြ က်န္းမာေရးအတြက္ အျပင္လူေတြနဲ႔ထိေတြ႕မႈမရွိေအာင္ ဝင္ေပါက္ေတြကို ဦးေဆာင္ ဆရာေလးေတြကဘဲ ေသာ့ခတ္ထားတာပါ။

ကိုဗစ္တိုက္ပြဲ ရွည္ၾကာလာ တာနဲ႔အမၽွ ယခင္ကလို သာသနာ့အလုပ္ေတြကို အပူအပင္ကင္းကင္းနဲ႔ မလုပ္နိုင္ေတာ့တဲ့ သာသနာ့ဝန္ထမ္းေတြ အတြက္ အလႉရွင္ေတြ ရွိေနေပမယ့္လည္း လႉဒါန္းမႈအမ်ားစုက ဘုန္းေတာ္ႀကီး ေက်ာင္းေတြ ျဖစ္ေနၿပီးေတာ့ သီလရွင္ေက်ာင္းအမ်ားစု ကေတာ့ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ဆရာေလးေတြက ေျပာခဲ့ပါတယ္။ယခု လက္ရွိအခ်ိန္မွာ ဆရာေလးေတြဟာ ရွိႏွင့္ၿပီးသားအလႉခံပစၥည္းေတြကို ခ်င့္ခ်ိန္သုံးစြဲရင္းနဲ႔ အလႉရွင္ေမၽွာ္ေနရဆဲလို႔ သဟပုညကာရီကမၼ႒ာန္းေက်ာင္းက ဆရာေလးေတြက ထပ္ၿပီးေတာ့ ေျပာၾကားခဲ့တာဘဲ ျဖစ္ပါတယ္။

crd

ကိုဗစ် ကာလ မှာ ဆွမ်း အခက် အခဲ ဖြစ်နေ လို့ ကူညီ ပေးကြ ပါအုံးရှင့် (များများရှယ် ထားပေးပါ အုံး …)

သြဂုတ်လ ၁၆ ရက်နေ့ ကနေပြီးတော့ စတင်ခဲ့တဲ့ တစ်ကျော့ပြန် ကိုဗစ်ရောဂါ ဂယက်ကြောင့်ဘဲ အများနည်းတူ အခက်အခဲ တွေ နဲ့ ရင်ဆိုင်နေ ရသူတွေ ထဲမှာ သာသနာ့ဘောင် အတွင်းက သီလရှင်တွေ လည်း ပါဝင်နေခဲ့ တာဘဲ ဖြစ်ပါတယ်။နေ့စဉ်ဆက်တိုက် ထောင်ဂဏန်းနဲ့ အထက် တွေ့ရှိနေဆဲ အတည်ပြုလူနာတွေနဲ့ Stay at Home အစီအစဉ်တွေ ကြောင့်ဘဲ ယခင်ကလို လူတွေဆီ ဆွမ်းဆန်အလှူခံ မထွက်နိုင်တော့ဘဲ ဆရာလေးတွေ ဟာ နေ့စဉ်ဆွမ်း ကိစ္စအတွက် လုံလောက်မှုမရှိဖြစ်ပြီးတော့

အလှူရှင်တွေ မရှိတာကြောင့်ဘဲ စားရေးအတွက် ပူပန်နေရပြီလို့ ပုလဲမြို့သစ် မှာ ရှိတဲ့ ချမ်းမြေ့ရတနာသီလရှင် စာသင်တိုက် က ကျောင်းထိုင်ဆရာလေး ဒေါ်ဒမ္မေသီက ပြောခဲ့ပါတယ်။၁ဝနှစ်အောင် ကနေပြီးတော့ ၉၀ ကျော်အထိ သီလရှင်အပါး ၄၀ ရှိတဲ့ ဒီကျောင်း ဟာ ကိုဗစ်ပထမလှိုင်း မှာ ဆရာလေးတွေကို ဇာတိမြို့တွေဆီ ပြန်လွှတ်ခဲ့ပေမယ့် လည်း ထင်မှတ်မထားတဲ့ ဒုတိယလှိုင်းက ကာလရှည်လာသလိုဖြစ်ပြီး လူနေရပ်ကွက်တွေဆီ အလှူခံထွက် လို့လည်း မရတော့ တာကြောင့်ဘဲ အခုအချိန်မှာ သူတို့တွေဟာ နေ့စဉ်ဆွမ်းကိစ္စအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေတာဖြစ်ပါတယ်။

အဲဒီကျောင်းက ရှမ်းပြည်နယ်က လာတဲ့ အသက် ၁ဝနှစ်ကနေ ၂၀ ကြား အရွယ်ရှိတဲ့ စစ်ဘေးရှောင်သီလရှင်ငယ်လေးတွေ ကိုလည်း လက်ခံစာသင် ပေးနေတဲ့ ကျောင်းဖြစ်ပါတယ်။လူဦးရေ များပြားတဲ့ သီလရှင်းကျောင်းတွေဟာ တစ်ယောက် ကူးစက်မှုစရင် အားလုံးကိုပျံ့နှံ့သွားမှား စိုးရိမ်ရတဲ့အတွက် ကျောင်းအပြင်အလှှူခံမထွက်နိုင်ပေမယ့် တစ်ဖက်က စားသောက်စရိတ်၊ ဆေးဖိုး၊ မီတာခ စတဲ့ကုန်ကျမှုတွေက ယခင်ကလိုပဲရှိနေတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သဟပုညကာရီကမ္မိဌာန်းကျောင်းက ဆရာလေး ဆန္ဒာထေဝီက ပြောခဲ့တာပါ။

ဒီကျောင်းမှာ သီလရှင် ၆၂ ပါးရှိနေတာပါ။ အသက် အငယ်ဆုံးက ၁ဝနှစ်ဝန်းကျင်က စပြီး အသက် ၇၀ ကျော်ဆရာလေး အပါး ၂၀၊ ဆရာလေး အပါး ၈၀ ကျော်၊ ကျောင်းကိုအုပ်ချုပ်တဲ့ဆရာလေး ၅ ပါး သီတင်းသုံးနေတယ်လို့ ဆိုပါတယ်။သူတို့ဟာ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းဆောင် ၄၈ ခုမှာ သီးခြားစီနေထိုင်ကြပေမယ့်လည်း သက်ကြီးသီလရှင်တွေ ကျန်းမာရေးအတွက် အပြင်လူတွေနဲ့ထိတွေ့မှုမရှိအောင် ဝင်ပေါက်တွေကို ဦးဆောင် ဆရာလေးတွေကဘဲ သော့ခတ်ထားတာပါ။

ကိုဗစ်တိုက်ပွဲ ရှည်ကြာလာ တာနဲ့အမျှ ယခင်ကလို သာသနာ့အလုပ်တွေကို အပူအပင်ကင်းကင်းနဲ့ မလုပ်နိုင်တော့တဲ့ သာသနာ့ဝန်ထမ်းတွေ အတွက် အလှူရှင်တွေ ရှိနေပေမယ့်လည်း လှူဒါန်းမှုအများစုက ဘုန်းတော်ကြီး ကျောင်းတွေ ဖြစ်နေပြီးတော့ သီလရှင်ကျောင်းအများစု ကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆရာလေးတွေက ပြောခဲ့ပါတယ်။ယခု လက်ရှိအချိန်မှာ ဆရာလေးတွေဟာ ရှိနှင့်ပြီးသားအလှူခံပစ္စည်းတွေကို ချင့်ချိန်သုံးစွဲရင်းနဲ့ အလှူရှင်မျှော်နေရဆဲလို့ သဟပုညကာရီကမ္မဋ္ဌာန်းကျောင်းက ဆရာလေးတွေက ထပ်ပြီးတော့ ပြောကြားခဲ့တာဘဲ ဖြစ်ပါတယ်။

crd

About the author

Ms Cele

Leave a Comment