Local News

ကိုဗစ္ ကာလ အေျခခံ ပညာေရး အတြက္ ပညာ ေရး ဝန္ႀကီး ဌာနက နည္းဗ်ဴ ဟာ အသစ္ စေတာ့ မည္

Written by Ms Cele

ကိုဗစ္ ကာလ အေျခခံ ပညာေရး အတြက္ ပညာ ေရး ဝန္ႀကီး ဌာနက နည္းဗ်ဴ ဟာ အသစ္ စေတာ့ မည္

အေျခခံပညာ အတန္းအားလုံး အတြက္ ႐ုပ္ျမင္သံၾကားႏွင့္ ေရဒီယိုမွ ေအာက္တိုဘာ လကုန္ စတင္ထုတ္လႊင့္ သင္ၾကားမည္ ျဖစ္ေၾကာင္း အေျခခံပညာ ဦးစီးဌာန မွ ညႊန္ၾကာေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း က ေျပာပါတယ္။ “ကၽြန္ေတာ္တို႔ကေတာ့ ရည္ရြယ္ထား တာ အတန္း အားလုံး အတြက္ ပါပဲ။ မူလယ္ထက္ အကုန္လုံးပါပဲ။ ဒီလကုန္စလႊင့္ မွာေပါ့။စ နစ္ေဟာင္းသင္ခန္းစာ ေတြဆို မူလရိုက္ၿပီးသားေတြ ရွိေနတယ္။ အဲဒါေတြကို ေတာ့လႊင့္ေနၿပီ။ myanmar education ခ်န္နယ္တို႔ ၊ ဒါကေတာ့ အြန္လိုင္း ဘက္မွာ လႊင့္ေနၿပီ။ ေရဒီယို သင္ခန္းစာ ေတြဆိုလည္း ရွိၿပီးသားေတြ လႊင့္ဖို႔လုပ္ေနၿပီ”ဟု ေျပာပါတယ္။

ကိုဗစ္ စတင္ျဖစ္ပြား သည့္ အခ်ိန္ ပထမလွိုင္း တြင္ ေက်ာင္းမ်ား ပိတ္ခဲ့ၿပီးေနာက္ ကိုဗစ္ ထိန္းခ်ဳပ္နိုင္သည့္ အကာအကြယ္မ်ား စီမံထားသည္ A အဆင့္ရ အေျခခံပညာ အထက္တန္းေက်ာင္း မ်ားကို ပထမလွိုင္းတည္ၿငိမ္ခ်ိန္ ျပန္လည္ ဖြင့္လွစ္ခဲ့ၿပီး ကိုဗစ္ဒုတိယလွိုင္း တြင္ ျပန္လည္ပိတ္ခဲ့ပါတယ္။ အေျခခံပညာ ဦးစီးဌာနေအာက္ တြင္ အေျခခံပညာေက်ာင္းေပါင္း ငါးေသာင္းေက်ာ္ ဆရာ၊ဆရာမေပါင္းသိန္းႏွင့္ ခ်ီရွိေၾကာင္းသိရပါတယ္။

“ေက်ာင္းဖြင့္ သည္ျဖစ္ေစ၊ မဖြင့္သည္ျဖစ္ေစ မိဘေတြကေတာ့ အိမ္မွာ ကေလးေတြ ကို စာအတူေလ့က်င့္ေပးတာ လုပ္သင့္ တာေပါ့။ သင္ယူမႈ အခြင့္အလမ္း မဆုံးရႈံး ေစဖို႔ မိဘေတြ အိမ္မွာ ရွိတယ္။ မိဘေတြ၊ အကိုေတြ အမေတြ ဒါေတြက ပုံမွန္ေလးသူ႔ဘာသာ သင္ေပးရင္ေတာ့ ကေလးက ေက်ာင္းသင္ခန္းစာ မျပတ္လပ္ေတာ့ဘူးေပါ့။ နို႔မို႔ဆို ဒီအတိုင္းပဲ ပစ္ထားမယ္ ဆိုရင္ သင္ယူမႈ အခြင့္အလမ္း ဆုံးရႈံးၿပီးေတာ့ ကေလးေတြက သင္ယူခ်င္တဲ့စိတ္ေတြ ေပ်ာက္သြား လိမ့္မယ္”ဟု ညႊန္ၾကားေရး မႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။ လက္ရွိတြင္ ကိုဗစ္ေၾကာင့္ အေျခခံပညာေက်ာင္းမ်ား ပိတ္ထားရၿပီး ေက်ာင္းသားမ်ား သင္ယူခြင့္ အခြင့္အလမ္း ၄၀ ရာခိုင္ရာႏႈန္းေက်ာ္ ဆုံးရႈံးၿပီး ျဖစ္ေၾကာင္း သိရပါတယ္။

crd

ကိုဗစ် ကာလ အခြေခံ ပညာရေး အတွက် ပညာ ရေး ဝန်ကြီး ဌာနက နည်းဗျူ ဟာ အသစ် စတော့ မည်

အခြေခံပညာ အတန်းအားလုံး အတွက် ရုပ်မြင်သံကြားနှင့် ရေဒီယိုမှ အောက်တိုဘာ လကုန် စတင်ထုတ်လွှင့် သင်ကြားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန မှ ညွှန်ကြာရေးမှူးချုပ် ဦးကိုလေးဝင်း က ပြောပါတယ်။ “ကျွန်တော်တို့ကတော့ ရည်ရွယ်ထား တာ အတန်း အားလုံး အတွက် ပါပဲ။ မူလယ်ထက် အကုန်လုံးပါပဲ။ ဒီလကုန်စလွှင့် မှာပေါ့။စ နစ်ဟောင်းသင်ခန်းစာ တွေဆို မူလရိုက်ပြီးသားတွေ ရှိနေတယ်။ အဲဒါတွေကို တော့လွှင့်နေပြီ။ myanmar education ချန်နယ်တို့ ၊ ဒါကတော့ အွန်လိုင်း ဘက်မှာ လွှင့်နေပြီ။ ရေဒီယို သင်ခန်းစာ တွေဆိုလည်း ရှိပြီးသားတွေ လွှင့်ဖို့လုပ်နေပြီ”ဟု ပြောပါတယ်။

ကိုဗစ် စတင်ဖြစ်ပွား သည့် အချိန် ပထမလှိုင်း တွင် ကျောင်းများ ပိတ်ခဲ့ပြီးနောက် ကိုဗစ် ထိန်းချုပ်နိုင်သည့် အကာအကွယ်များ စီမံထားသည် A အဆင့်ရ အခြေခံပညာ အထက်တန်းကျောင်း များကို ပထမလှိုင်းတည်ငြိမ်ချိန် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ဒုတိယလှိုင်း တွင် ပြန်လည်ပိတ်ခဲ့ပါတယ်။ အခြေခံပညာ ဦးစီးဌာနအောက် တွင် အခြေခံပညာကျောင်းပေါင်း ငါးသောင်းကျော် ဆရာ၊ဆရာမပေါင်းသိန်းနှင့် ချီရှိကြောင်းသိရပါတယ်။

“ကျောင်းဖွင့် သည်ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ မိဘတွေကတော့ အိမ်မှာ ကလေးတွေ ကို စာအတူလေ့ကျင့်ပေးတာ လုပ်သင့် တာပေါ့။ သင်ယူမှု အခွင့်အလမ်း မဆုံးရှုံး စေဖို့ မိဘတွေ အိမ်မှာ ရှိတယ်။ မိဘတွေ၊ အကိုတွေ အမတွေ ဒါတွေက ပုံမှန်လေးသူ့ဘာသာ သင်ပေးရင်တော့ ကလေးက ကျောင်းသင်ခန်းစာ မပြတ်လပ်တော့ဘူးပေါ့။ နို့မို့ဆို ဒီအတိုင်းပဲ ပစ်ထားမယ် ဆိုရင် သင်ယူမှု အခွင့်အလမ်း ဆုံးရှုံးပြီးတော့ ကလေးတွေက သင်ယူချင်တဲ့စိတ်တွေ ပျောက်သွား လိမ့်မယ်”ဟု ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ လက်ရှိတွင် ကိုဗစ်ကြောင့် အခြေခံပညာကျောင်းများ ပိတ်ထားရပြီး ကျောင်းသားများ သင်ယူခွင့် အခွင့်အလမ်း ၄၀ ရာခိုင်ရာနှုန်းကျော် ဆုံးရှုံးပြီး ဖြစ်ကြောင်း သိရပါတယ်။

crd

About the author

Ms Cele

Leave a Comment