Local News


Written by Ms Cele







ဒေါက်တာခင်ခင်ကြီး

ကိုဗစ် ကို ပေါ့ဆ မိ လို့ လူနာတင် ကားပေါ် မှာတင် အသက် ဆုံး ခဲ့ရ တဲ့ သူငယ်ချင်း ဖြစ် သူ အကြောင်း ပြောပြ တဲ့ ဒေါက်တာ ခင်ခင် ကြီး

ကိုဗစ် နဲ့ပတ်သက် လို့ ဒီရက်ပိုင်း စိတ်တွေ မလန်းဘူး စိတ်ထဲ ဝမ်းနည်းမိတာက ပြီးခဲ့တဲ့ အပတ်က မူလတန်းကတည်းက ငယ်သူငယ်ချင်း ဆယ်တန်းအောင် ပြီး ကျောင်းတွေ ပိတ်တုန်းလဲ သင် တ န်းမျိုးစုံအတူတူ တက်ခဲ့တဲ့ သူငယ်ချင်း ကိုဗစ်ကြောင့် သေဆုံးရတယ် ဘာလို့လဲ

အိမ်မှာသူ့အဖေက စဖျားတယ် ချောင်းဆိုးတယ် ညီမလုပ်သူက ဆေးရုံပို့မယ် လို့ပြောတယ် သူကဆေးရုံမှာလဲ လူတွေ မနိုင်ဘူး ကျပ်ညှပ်နေတာပဲ ရောဂါကသိပ် မဆိုးပါဘူးဆိုပြီး ပေါ့တွက်မိ တယ် အိမ်မှာပဲထားတယ် နောက်ရက် သူပါ ဖျားလာတယ် ချောင်းဆိုးလာတယ် နောက်တခြား သူတွေက သိသွားတော့ မဖြစ်ဘူး ဆေးရုံပို့မှဆိုပြီး လုပ်ကြတယ် ဆေးရုံကားပေါ်မှာ သူနောက် ဆုံးပြော သွားတာက ငါကိုဗစ်ဖြစ်ပြီ ထင်တယ်ဆိုတဲ့ စကားပဲ အင်းစိန်ဆေးရုံ မရောက်ခင် ကားပေါ်မှာပဲ အသက်ဆုံးပါတယ် တကယ့်ကို နှမျောစရာဖြစ်ပါတယ် သေပြီးမှ ဓာတ်ခွဲ နမူနာယူပြီး စစ်ရ တာ positive ထွက်ပါတယ်

သူ့အဖေကကျတော့ အင်းစိန်ဆေးရုံ မှာ ပြည့်နေလို့ မြောက်ဥက္ကလာပဆေးရုံကို ပို့ပါတယ် သူ့သမီးအငယ်နဲ့ အတူပါ ရောက်ရောက်ချင်း အတော့်ကို ဆိုးပါတယ် အသက်ကလဲ ၇၇ နဂိုရော ဂါ အ ခံတွေကလဲ ရှိတော့ အေ တာ့်ကို ကုသခဲ့ရပါတယ် ဓာတ်ခွဲနမူနာ ယူတော့လဲ သူလဲ positive ဖြစ်ပါတယ် ခုတော့ ကုသမှုတွေရပြီး အစားအသောက်တွေ ဝင်ပြီး အားနေတရား ထိုင်ေ နနို င် ပါပြီ ဘယ်လောက်ဝမ်းသာစရာကောင်းပါသလဲ

သားအဖ ၃ ယောက်မှာ သမီးအငယ်လေး ကတော့ ပိုးမတွေ့ negative ပါ သူကတော့ ရောဂါပြင်းပြင်း ထန်ထန် မခံစားရပါ။ ပြောချင်တာက ကိုဗစ်ဟာ မိသားစုတွေကို သေခြင်းတရား နဲ့ ရင်ဆိုင် ခိုင်းပြီး သေခွဲခွဲပါတာ် အဖေလုပ်သူ ကတော့ သူ့သမီးကြီးသေတာ မသိသေးပါ စိတ်မကောင်းဖြစ်ပြီး ပိုဆိုးမှာ စိုးလို့ဖြစ်ပါတယ် လက်ရှိလဲဆေးရုံမှာ မဆင်းရသေး ပါဘူး။

ကိုဗစ်ကြောင့်တကယ့်ကို ကြော က်စရာလ န့်စရာအဖြစ်ကို ရောက်ရှိစေနိုင်တာမို့ ဂရုစိုက်ကြပါ။ ဒါဟာအဖြစ်မှန်ကို မခြွင်းမချန် အများအကျိုး ရှိအောင် တင်ပြတာဖြစ်ပါတယ် အသိတ ရားရြ ကပါေ စ။

ဒေါက်တာခင်ခင်ကြီး

About the author

Ms Cele

Leave a Comment