Celebrity

ကိုဗစ္ ကူးစက္ခံရတဲ့ လူနာေတြ ကို ကုသေပး ေနတဲ့ အခ်ိန္ မွာ ႀကဳံေတြ႕ေနရတာေတြကို ေျပာျပ လာတဲ့ စိန္ၿဖိဳးလႈိင္

Written by Ms Cele

ကိုဗစ္ ကူးစက္ခံရတဲ့ လူနာေတြ ကို ကုသေပး ေနတဲ့ အခ်ိန္ မွာ ႀကဳံေတြ႕ေနရတာေတြကို ေျပာျပ လာတဲ့ စိန္ၿဖိဳးလႈိင္

မင္းသမီးႀကီး နႏၵာလႈိင္ရဲ႕ ေမာင္ေလး ျဖစ္တဲ့ စိန္ၿဖိဳးလႈိင္ ( ေမာင္ ) ကေတာ့ ကိုဗစ္ ကူးစက္ လူနာမ်ားကို ကုသေပးေနတဲ့ ဆရာဝန္ တဦးျဖစ္ပါတယ္။ ေမာင္ ကေတာ့ မၾကာခင္မွာပဲ တာဝန္ရက္ေစ့ၿပီး အိမ္ျပန္ရေတာ့မယ့္ အေၾကာင္းကို သူ႔ရဲ႕ လူမႈကြန္ရက္ကေန တဆင့္ အသိေပး ေျပာၾကားခဲ့ပါတယ္။

ထို႔ေနာက္မွာေတာ့ တာဝန္ ထမ္းေဆာင္ေနစဥ္ အတြင္း ႀကဳံေတြ႕ခဲ့ရတဲ့ အေျခအေနေတြ ကိုလည္း အခုလိုပဲ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ေမာင္ ေျပာခဲ့တာ ကေတာ့ ” ကြၽန္ေတာ္မၾကာခင္ တာဝန္ရက္ေစ့လို႔ အိမ္ျပန္ရေတာ့မယ္။ ေရာက္ကာစက အရာရာ အစဥ္ေျပပင္မဲ့ ျပန္မယ့္ရက္နီးလာ တာနဲ႔အမွ် အိမ္ကိုသတိရတဲ့စိတ္ကပိုလာပါတယ္။

ပ်ဥ္က်ဲက်ဲေပၚ ေမႊ႕ရာပါးပါးေလးခင္းထားတဲ့ ကုတင္ေပၚမွာ ၄နာရီထက္ပိုအိပ္ရင္ ​ေက်ာနာလာၿပီ။ေန႔တိုင္းစားေနက် ထမင္းဟင္းေတြကို မျမင္ခ်င္ေလာက္ aအာင္ၿငီးေငြ႕လာၿပီ။မေတြ႕တာ တစ္လနီးပါးရွိလာတဲ့ မိသားစုနဲ႔ ရည္းစားကိုလဲေတြ႕ခ်င္လာၿပီ။ အားလပ္ရက္မွာ Vlog ေလး႐ိုက္ၿပီး Edit လုပ္ရတဲ့အခ်ိန္ေလးေတြကို လဲသတိရလာၿပီ။

ညေနခင္း Youtube မွာသီးခ် င္းနားေထာင္းရင္း ဘီယာေသာက္ တဲ့အ ခ်ိန္ေတြကို လြမ္းလာတယ္။ ဒီမွာ အရာအားလုံးကိုေမ့ထားလို႔ရတဲ့ အခ်ိန္ကေတာ့ Duty မွာ ကိုယ္တာဝန္ကိုယ္လုပ္ေနတဲ့အခ်ိန္ပါပဲ။

လူနာေတြကို ကိုယ္ကူညီေပးလိုက္တာ အဆင္ေျပသြားတယ္ လို႔ျပန္ၾကားရတိုင္း အပင္ပန္းခံရႀကိဳးနပ္တယ္လို ႔ခံစားရပါတယ္။ လူနာေတြၾကည့္တဲ့အခ်ိန္ PPE နဲ႔သြားရတာမို႔ ဖုန္းယူသြားလို႔မရပင္မဲ့ လူနာေတြက အမွတ္တရ႐ိုက္ၿပီျပန္ပို႔ ေပးလို႔ ဒီလိုပုံေလးေတြရခဲ့တာပါ။ ” ဆိုကာ လူနာမ်ားနဲ႔အတူ တြဲဖက္႐ိုက္ကူးခဲ့တဲ့ ပုံရိပ္ေလး ေတြကိုလည္း မွ်ေဝခဲ့ပါတယ္။

ပရိတ္သတ္ႀကီးေရ ကိုဗစ္ကာလ အတြင္းမွာ ကိုယ္က်ိဳးမငဲ့ပဲ ေရွ႕တန္းကေန တာဝန္ယူ ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြ ကေတာ့ တကယ္ကို ေလးစား ခ်ီးက်ဴးစရာပါ ။ က်န္းမာေရးဝန္ထမ္းေတြအတြက္ အားေပးစကားေလးေတြ ေျပာခဲ့ပါဦးေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္ သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္။

#Crd:San Kyi Par

ကိုဗစ် ကူးစက်ခံရတဲ့ လူနာတွေ ကို ကုသပေး နေတဲ့ အချိန် မှာ ကြုံတွေ့နေရတာတွေကို ပြောပြ လာတဲ့ စိန်ဖြိုးလှိုင်

မင်းသမီးကြီး နန္ဒာလှိုင်ရဲ့ မောင်လေး ဖြစ်တဲ့ စိန်ဖြိုးလှိုင် ( မောင် ) ကတော့ ကိုဗစ် ကူးစက် လူနာများကို ကုသပေးနေတဲ့ ဆရာဝန် တဦးဖြစ်ပါတယ်။ မောင် ကတော့ မကြာခင်မှာပဲ တာဝန်ရက်စေ့ပြီး အိမ်ပြန်ရတော့မယ့် အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်ကနေ တဆင့် အသိပေး ပြောကြားခဲ့ပါတယ်။

ထို့နောက်မှာတော့ တာဝန် ထမ်းဆောင်နေစဉ် အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ ကိုလည်း အခုလိုပဲ ဆက်လက် ပြောပြခဲ့ပါတယ်။ မောင် ပြောခဲ့တာ ကတော့ ” ကျွန်တော်မကြာခင် တာဝန်ရက်စေ့လို့ အိမ်ပြန်ရတော့မယ်။ ရောက်ကာစက အရာရာ အစဉ်ပြေပင်မဲ့ ပြန်မယ့်ရက်နီးလာ တာနဲ့အမျှ အိမ်ကိုသတိရတဲ့စိတ်ကပိုလာပါတယ်။

ပျဉ်ကျဲကျဲပေါ် မွှေ့ရာပါးပါးလေးခင်းထားတဲ့ ကုတင်ပေါ်မှာ ၄နာရီထက်ပိုအိပ်ရင် ​ကျောနာလာပြီ။နေ့တိုင်းစားနေကျ ထမင်းဟင်းတွေကို မမြင်ချင်လောက် aအာင်ငြီးငွေ့လာပြီ။မတွေ့တာ တစ်လနီးပါးရှိလာတဲ့ မိသားစုနဲ့ ရည်းစားကိုလဲတွေ့ချင်လာပြီ။ အားလပ်ရက်မှာ Vlog လေးရိုက်ပြီး Edit လုပ်ရတဲ့အချိန်လေးတွေကို လဲသတိရလာပြီ။

ညနေခင်း Youtube မှာသီးချ င်းနားထောင်းရင်း ဘီယာသောက် တဲ့အ ချိန်တွေကို လွမ်းလာတယ်။ ဒီမှာ အရာအားလုံးကိုမေ့ထားလို့ရတဲ့ အချိန်ကတော့ Duty မှာ ကိုယ်တာဝန်ကိုယ်လုပ်နေတဲ့အချိန်ပါပဲ။

လူနာတွေကို ကိုယ်ကူညီပေးလိုက်တာ အဆင်ပြေသွားတယ် လို့ပြန်ကြားရတိုင်း အပင်ပန်းခံရကြိုးနပ်တယ်လို ့ခံစားရပါတယ်။ လူနာတွေကြည့်တဲ့အချိန် PPE နဲ့သွားရတာမို့ ဖုန်းယူသွားလို့မရပင်မဲ့ လူနာတွေက အမှတ်တရရိုက်ပြီပြန်ပို့ ပေးလို့ ဒီလိုပုံလေးတွေရခဲ့တာပါ။ ” ဆိုကာ လူနာများနဲ့အတူ တွဲဖက်ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေး တွေကိုလည်း မျှဝေခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ ကိုဗစ်ကာလ အတွင်းမှာ ကိုယ်ကျိုးမငဲ့ပဲ ရှေ့တန်းကနေ တာဝန်ယူ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကတော့ တကယ်ကို လေးစား ချီးကျူးစရာပါ ။ ကျန်းမာရေးဝန်ထမ်းတွေအတွက် အားပေးစကားလေးတွေ ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ် သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

#Crd:San Kyi Par

About the author

Ms Cele

Leave a Comment