Celebrity


Written by Ms Cele





Credit:Swelsone News

ကိုဗစ် ကူးစက်ခံ ခဲ့ရလို့ သေပြီထင်ပြီး သေတမ်းစာ တောင် ရေးပြီး သွားပြီ ဆိုတဲ့ ဂျွန်လွင်

ချစ်ပရိသတ်ကြီးရေ အနုပညာ လောကရဲ့ အရည်ချင်းရှိတဲ့ မော်ဒယ် တွေကို မွေးထုတ် ပေးနေတဲ့ ဂျွန်လွင်ကို ချစ်ပရိသတ်ကြီး သိကြမယ်ထင် ပါတယ်။သူကတော့ အောင်မြင်နေတဲ့ မော်ဒယ်အေဂျင်စီကြီးကို တည်ထောင်ထားကာ အောင်မြင်နေသူ လည်းဖြစ်ပါတယ်။အများက မော်ဒယ်ဖခင်ကြီးလို ့ခေါ်ရလောက်အောင် အရည်အချင်း ရှိတဲ့ မော်ဒယ်တွေ မွေးထုတ်ပေးခဲ့ တာကြောင့်လည်းဖြစ်ပါတယ်။

ဂျွန်လွင်ကတော့ ကိုဗစ် ကူးစက်ခံ ရတာကြောင့် သေပြီလို့ ထင်မှတ်ပြီး သေတမ်းစာပါ ရေးထားပြီးတဲ့ အကြောင်း ပြောပြလာခဲ့ပါတယ်။ ဂျွန်လွင်က “”ကျွန်တော် Covid ကူးခံလိုက်ရတော့ သေပြီတောင်ထင်ပြီး ကျွန်တော့်ရဲ့ ဘဏ် အကောင့်တွေ မီးခံသေတ္တာ Password တွေ အကုန်လုံးကို ခင်ရတဲ့သူ တစ်ယောက်ကို ဘာတွေလုပ်ရမယ်က အစအကုန်ပြောပြီးပြီ..သေတမ်းစာ တောင် ရေးပြီးသွားပြီ ” ဆိုပြီးပြောပြ လာပါတယ်။

ဂျွန်လွင်က လတ်တလော မှာတော့ သူနဲ့အတူ ပြည်သူတွေ ပေါင်းပြီး 254 သိန်းဖိုး ကိုဗစ် သက်သာစေတဲ့ ဆေးကိုဝယ်ယူပြီး လှူဒါန်းခဲ့ တာပဲဖြစ် ပါတယ်။ ပရိသတ်ကြီး အတွက် ဂျွန်လွင်ရဲ့ interview ဗီဒီယိုဖိုင်လေး ကို ဖော်ပြပေးလိုက် ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment