Local News

ကိုဗစ္ ကူးစက္မႈ ေတြကို မထိန္းခ်ဳပ္ နိုင္ေသး ေပမယ့္ စက္႐ုံ အလုပ္႐ုံ ေတြ ျပန္ ဖြင့္ၿပီ

Written by Ms Cele

ကိုဗစ္ ကူးစက္မႈ ေတြကို မထိန္းခ်ဳပ္ နိုင္ေသး ေပမယ့္ စက္႐ုံ အလုပ္႐ုံ ေတြ ျပန္ ဖြင့္ၿပီ

ကိုဗစ္ဆိုင္ရာ စည္းမ်ဥ္း ေတြနဲ႔ ကိုက္ညီမယ္ ဆိုရင္ လက္ခစား အထည္ခ်ဳပ္လုပ္ငန္းနဲ႔ အေသးစား အလတ္စား လုပ္ငန္းေတြ ဟာ ေအာက္တိုဘာလ ၁၂ ရက္ ဒီေန႔မွာ ျပန္ဖြင့္နိုင္ပါၿပီ။ ရန္ကုန္မွာ ကိုဗစ္ပိုးေတြ႕ရွိရတဲ့ လူအေရအတြက္က က်ဆင္းသြားတာမ်ိဳး မရွိေသးဘဲ တစ္ေန႔ကို ပိုးေတြ႕ရသူ အသစ္ ၂,၀၀၀ ဝန္းက်င္နဲ႔ စံခ်ိန္တင္ တိုးေနတဲ့ ဒီလိုကာလမွာ

စက္႐ုံ အလုပ္႐ုံေတြ ျပန္ဖြင့္ဖို႔ ညႊန္ၾကားခ်က္ ဟာ ေအာက္တိုဘာလ ၁၀ ရက္ေန႔ ညေနပိုင္းမွာ ႐ုတ္တရက္ ထြက္လာတာလည္းျဖစ္ ပါတယ္။ရန္ကုန္မွာ အထည္ခ်ဳပ္ စက္႐ုံလုပ္သား ၅ သိန္းေလာက္ ရွိၿပီး ဗိုင္းရပ္စ္ပိုး ထိန္းခ်ဳပ္ေရး အတြက္ အလုပ္သမား ေတြကို လုပ္ငန္းခြင္ေတြဆီ မသြားဖို႔ အမိန႔္ထုတ္ ခဲ့တာ သီတင္းပတ္ သုံးပတ္ျပည့္လာခ်ိန္မွ

အေျခခံလူတန္းစား အမ်ားစုဟာ စားဝတ္ေနေရး အခက္အခဲကို ဆက္ေတာင့္မခံနိုင္ၾကေတာ့ ဘူးလို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေျပာပါတယ္။အခု ျပန္ဖြင့္ခြင့္ ျပဳတာကလည္း အစိုးရဌာနေတြက ထုတ္ျပန္ထားတဲ့ ကိုဗစ္ ၁၉ ကာကြယ္ေရး ညႊန္ၾကားခ်က္ေတြကို အတိအက် လိုက္နာမွသာ စက္႐ုံအလုပ္႐ုံ လုပ္ငန္းခြင္ေတြ ျပန္ဖြင့္ခြင့္ ရမွာျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရက စိစစ္ ၿပီး

သတ္မွတ္ခ်က္ A အဆင့္ရမွာသာ ျပန္ဖြင့္ခြင့္ရမွာ ျဖစ္တယ္လို႔ ျမန္မာနိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား အသင္းက ေျပာပါတယ္။ကိုဗစ္ ကပ္ၾကားမွာ အေျခခံလူတန္းစား အလုပ္သမား ေတြ ရဲ့ ဝမ္းေရး အတြက္ ဘယ္လို စီစဥ္ ေဆာင္ရြက္သင့္လဲ။ က်န္းမာေရး စည္းကမ္းေတြနဲ႔ စက္႐ုံေတြ ျပန္ဖြင့္ေပးတဲ့ နည္းက အလုပ္ျဖစ္မလား။ ကိုယ့္အျမင္ သေဘာထားေတြကို အျပဳ သေဘာေဆာင္ မွတ္ခ်က္မွာ ပါဝင္ ေဆြးေႏြးၾကဖို႔ ဖိတ္ေခၚပါတယ္။Crd BBC Burmese

ကိုဗစ် ကူးစက်မှု တွေကို မထိန်းချုပ် နိုင်သေး ပေမယ့် စက်ရုံ အလုပ်ရုံ တွေ ပြန် ဖွင့်ပြီ

ကိုဗစ်ဆိုင်ရာ စည်းမျဉ်း တွေနဲ့ ကိုက်ညီမယ် ဆိုရင် လက်ခစား အထည်ချုပ်လုပ်ငန်းနဲ့ အသေးစား အလတ်စား လုပ်ငန်းတွေ ဟာ အောက်တိုဘာလ ၁၂ ရက် ဒီနေ့မှာ ပြန်ဖွင့်နိုင်ပါပြီ။ ရန်ကုန်မှာ ကိုဗစ်ပိုးတွေ့ရှိရတဲ့ လူအရေအတွက်က ကျဆင်းသွားတာမျိုး မရှိသေးဘဲ တစ်နေ့ကို ပိုးတွေ့ရသူ အသစ် ၂,၀၀၀ ဝန်းကျင်နဲ့ စံချိန်တင် တိုးနေတဲ့ ဒီလိုကာလမှာ

စက်ရုံ အလုပ်ရုံတွေ ပြန်ဖွင့်ဖို့ ညွှန်ကြားချက် ဟာ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာ ရုတ်တရက် ထွက်လာတာလည်းဖြစ် ပါတယ်။ရန်ကုန်မှာ အထည်ချုပ် စက်ရုံလုပ်သား ၅ သိန်းလောက် ရှိပြီး ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး အတွက် အလုပ်သမား တွေကို လုပ်ငန်းခွင်တွေဆီ မသွားဖို့ အမိန့်ထုတ် ခဲ့တာ သီတင်းပတ် သုံးပတ်ပြည့်လာချိန်မှ

အခြေခံလူတန်းစား အများစုဟာ စားဝတ်နေရေး အခက်အခဲကို ဆက်တောင့်မခံနိုင်ကြတော့ ဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။အခု ပြန်ဖွင့်ခွင့် ပြုတာကလည်း အစိုးရဌာနတွေက ထုတ်ပြန်ထားတဲ့ ကိုဗစ် ၁၉ ကာကွယ်ရေး ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာမှသာ စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေ ပြန်ဖွင့်ခွင့် ရမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရက စိစစ် ပြီး

သတ်မှတ်ချက် A အဆင့်ရမှာသာ ပြန်ဖွင့်ခွင့်ရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။ကိုဗစ် ကပ်ကြားမှာ အခြေခံလူတန်းစား အလုပ်သမား တွေ ရဲ့ ဝမ်းရေး အတွက် ဘယ်လို စီစဉ် ဆောင်ရွက်သင့်လဲ။ ကျန်းမာရေး စည်းကမ်းတွေနဲ့ စက်ရုံတွေ ပြန်ဖွင့်ပေးတဲ့ နည်းက အလုပ်ဖြစ်မလား။ ကိုယ့်အမြင် သဘောထားတွေကို အပြု သဘောဆောင် မှတ်ချက်မှာ ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။Crd BBC Burmese

About the author

Ms Cele

Leave a Comment