Local News

ကိုဗစ္ ကူးစက္ မႈႏႈန္း ကမၻာ့ ထိပ္တန္း အဆင့္၀င္ေနျပီ ျဖစ္တဲ့ ျမန္မာ နုိင္ငံ ရဲ႕ အေျခ အေန

Written by Ms Cele

ကိုဗစ္ ကူးစက္ မႈႏႈန္း ကမၻာ့ ထိပ္တန္း အဆင့္၀င္ေနျပီ ျဖစ္တဲ့ ျမန္မာ နုိင္ငံ ရဲ႕ အေျခ အေန

ကမာၻ႔အဆင့္ ၂၀ အတြင္းဝင္ သြားတဲ့ ျမန္မာႏိုင္ငံရဲ႕တေန႔တာ ေသဆုံး မႈစာရင္း

(၁) Covid-19 designated Hospital မ်ား အျဖစ္ ေဝဘာဂီ၊ ေတာင္ဥကၠလာ၊ ေဖာင္ႀကီး ၃ ခုတည္း ရွိေနရာမွ လူနာအင္အား ဆတိုးမ်ားျပားလာသည့္ အခါ ရန္ကုန္ၿမိဳ႕ေပၚရွိ အျခားေဆး႐ုံ အသီးသီးကိုလည္း designated hospital မ်ားအျဖစ္ ျပင္ဆင္ ထားရန္ စီစဥ္ေနဆဲ မွာပင္ ထိုေဆး႐ုံ မ်ားမွာ သူ႔အလိုလိုပင္ designated hospital မ်ားအျဖစ္ ေျပာင္းလဲေနၿပီး သားျဖစ္ေန သည္ကို ေတြ႕ႏိုင္ပါသည္။

(၂) ေဆး႐ုံတင္လူနာ သတ္မွတ္ေရး Admission Criteria တြင္ သာမာန္လကၡနာရွိ သူမ်ား၊အနံ႔ေပ်ာက္ သူမ်ားထက္ ေရာဂါ လကၡနာ ပိုဆိုး၊ပိုျပင္းထန္သူမ်ားကိုသာ ေဆး႐ုံတင္ ကုသရန္ စီစဥ္ေနဆဲ မွာပင္ လာသမွ်လူနာ ၁၀ ေယာက္မွာ ၁၀ ေယာက္လုံးနီးပါး ဖတ္ဖတ္ေမာလို႔၊ ေသြးတြင္း ေအာက္စီဂ်င္ ၈၀% ႏွင့္ ၉၀% ရာခိုင္ႏႈန္းၾကား၊ အခ်ိဳ႕ဆို အံ့ဩေလာက္စရာ ၃၀-၄၀%၊ အဆုတ္ဓါတ္မွန္မ်ားတြင္ ကိုဗစ္ကိုက္ဒါဏ္ရာဒါဏ္ခ်က္မ်ား အေဖြးသားျဖင့္၊ သူ႔အလိုလို admission criteria ေျပာင္းသြားၿပီးသား ျဖစ္ေနျပန္ပါသည္။

(၃) containment strategy ကို လႊတ္ခ်လိုက္ပါေတာ့ လားဟု အားလုံး ညာသံေပး၍ ေအာ္ေနစဥ္ မွာပင္ အဆိုပါ အနံ႔ေပ်ာက္ႏွင့္ သာမာန္လကၡနာရွိသူအမ်ားစုမွာ မိမိတို႔အိမ္အသီးသီးမွာပင္ ေအာင္းေနပုံရသည့္အတြက္ modified containment ဟုဆိုဆို၊ mitigation ဟုပဲ အာလုတ္သံျပဳျပဳ သူ႔အလိုလို ေျပာင္းၿပီးျဖစ္ေနျပန္ပါသည္။

(၄) ယခု အခါ ရန္ကုန္ၿမိဳ႕ေပၚရွိ ေဆး႐ုံ အသီးသီးသည္ အေရွ႕ဘက္မွ စစ္မ်က္ႏွာဖြင့္ အားကုန္ ထုတ္လာၿပီျဖစ္ေသာ ရန္သူ ကိုဗစ္ႏွင့္ သူေသကိုယ္ေသ ရင္ဆိုင္ေနရခ်ိန္တြင္ အေနာက္ဘက္မွ Non-Covid ရန္သူမ်ားကလည္း ေနာက္ေက်ာ ဓါးႏွင့္ ထိုးေနပါၿပီ။ ဗ်ဴဟာကုန္းမ်ားသည္ တစ္ေန႔တစ္ေန႔ ခ်ိနဲ႔စျပဳလာေနပါၿပီ။ ကတုတ္က်ဥ္းမ်ားထဲမွာလည္း လူအင္အား ခပ္နဲ႔နဲ႔။

(၅) ငယ္ငယ္ကၾကည့္ဖူးေသာ စစ္ကားမ်ားထဲက မင္းသားႀကီး ဗိုလ္ဗကို၏ ေနာက္ခံ စကားေျပာသံကို ၾကားေယာင္ေန မိပါသည္။ “အဲ အခုဆိုရင္ …က်ဴးေက်ာ္သူေတြဟာ ေထာင္ေသာင္း အလုံးအရင္းနဲ႔ အမိေျမထဲကို က်ဴးေက်ာ္ဝင္ေရာက္ လာေနၿပီခင္ဗ်။ ဗ်ဴဟာကုန္းမွာ က်န္ေနတဲ့ ဗမ နဲ႔ တပ္မေတာ္ သားေလး ၂ ဦးကေတာ့ ရဲစြမ္းသတၱိအျပည့္နဲ႔၊ ရွိတဲ့ လက္နက္ အင္အားနဲ႔ ခုခံေနတုန္းပဲခင္ဗ်။”ဒီလို ေျပာၿပီး သိပ္မၾကာခင္မွာပဲ ဘယ္ကေရာက္လာမွန္းမသိတဲ့ လက္နက္ႀကီး ပစ္ကူေတြေရာ၊ ေလယာဥ္ေတြေရာ၊ စစ္ကူေတြ “က်ား” ေအာ္ရင္း တက္လာတာလည္း ေဖြးေဖြးလႈပ္လို႔၊ ၾကည့္ေနတဲ့ ပရိတ္သတ္ကလည္း ၾကက္သီးေတြထ၊ လက္ေခါက္ေတြ မႈတ္လို႔၊ ေအာင္ပြဲ။

(၆) ဗ်ဴဟာကုန္း ေတြမွာ လူစုၾကဖို႔ လိုပါၿပီ။မေန႔က (၁၈-၁၀-၂၀၂၀) ရက္ေန႔မွာ ျမန္မာ တႏိုင္ငံလုံး ကိုဗစ္ေၾကာင့္ ေသဆုံးသူ (၄၂) ဦး ရွိခဲ့ပါတယ္။ အဆိုပါ ပမာဏသည္ တကမာၻလုံး တြင္ တေန႔တာ ေသဆုံးႏႈန္း စာရင္း၌ အဆင့္ (၁၉)သို႔ ေရာက္ရွိခဲ့ၿပီး ပိုးကူးစက္ မႈ ကမာၻ႔တတိယ အမ်ားဆုံး ဘရာဇီးႏိုင္ငံ ထက္ တဆင့္ ျမင့္ခဲ့တာ ျဖစ္ပါတယ္။ ယင္း စာရင္းတြင္ အိႏၵိယႏိုင္ငံက ေသဆုံးသူ (၅၆၅) ဦးျဖင့္ အဆင့္ (၁) မွာ ရပ္တည္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံတြင္ လတ္တေလာ အခ်ိန္ထိ ကိုဗစ္ေၾကာင့္ ေသဆုံးသူ စုစုေပါင္း (၈၈၀) ဦး ရွိၿပီ ျဖစ္ပါတယ္။

ကိုဗစ် ကူးစက် မှုနှုန်း ကမ္ဘာ့ ထိပ်တန်း အဆင့်ဝင်နေပြီ ဖြစ်တဲ့ မြန်မာ နိုင်ငံ ရဲ့ အခြေ အနေ

ကမ္ဘာ့အဆင့် ၂၀ အတွင်းဝင် သွားတဲ့ မြန်မာနိုင်ငံရဲ့တနေ့တာ သေဆုံး မှုစာရင်း

(၁) Covid-19 designated Hospital များ အဖြစ် ဝေဘာဂီ၊ တောင်ဥက္ကလာ၊ ဖောင်ကြီး ၃ ခုတည်း ရှိနေရာမှ လူနာအင်အား ဆတိုးများပြားလာသည့် အခါ ရန်ကုန်မြို့ပေါ်ရှိ အခြားဆေးရုံ အသီးသီးကိုလည်း designated hospital များအဖြစ် ပြင်ဆင် ထားရန် စီစဉ်နေဆဲ မှာပင် ထိုဆေးရုံ များမှာ သူ့အလိုလိုပင် designated hospital များအဖြစ် ပြောင်းလဲနေပြီး သားဖြစ်နေ သည်ကို တွေ့နိုင်ပါသည်။

(၂) ဆေးရုံတင်လူနာ သတ်မှတ်ရေး Admission Criteria တွင် သာမာန်လက္ခနာရှိ သူများ၊အနံ့ပျောက် သူများထက် ရောဂါ လက္ခနာ ပိုဆိုး၊ပိုပြင်းထန်သူများကိုသာ ဆေးရုံတင် ကုသရန် စီစဉ်နေဆဲ မှာပင် လာသမျှလူနာ ၁၀ ယောက်မှာ ၁၀ ယောက်လုံးနီးပါး ဖတ်ဖတ်မောလို့၊ သွေးတွင်း အောက်စီဂျင် ၈၀% နှင့် ၉၀% ရာခိုင်နှုန်းကြား၊ အချို့ဆို အံ့ဩလောက်စရာ ၃၀-၄၀%၊ အဆုတ်ဓါတ်မှန်များတွင် ကိုဗစ်ကိုက်ဒါဏ်ရာဒါဏ်ချက်များ အဖွေးသားဖြင့်၊ သူ့အလိုလို admission criteria ပြောင်းသွားပြီးသား ဖြစ်နေပြန်ပါသည်။

(၃) containment strategy ကို လွှတ်ချလိုက်ပါတော့ လားဟု အားလုံး ညာသံပေး၍ အော်နေစဉ် မှာပင် အဆိုပါ အနံ့ပျောက်နှင့် သာမာန်လက္ခနာရှိသူအများစုမှာ မိမိတို့အိမ်အသီးသီးမှာပင် အောင်းနေပုံရသည့်အတွက် modified containment ဟုဆိုဆို၊ mitigation ဟုပဲ အာလုတ်သံပြုပြု သူ့အလိုလို ပြောင်းပြီးဖြစ်နေပြန်ပါသည်။

(၄) ယခု အခါ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံ အသီးသီးသည် အရှေ့ဘက်မှ စစ်မျက်နှာဖွင့် အားကုန် ထုတ်လာပြီဖြစ်သော ရန်သူ ကိုဗစ်နှင့် သူသေကိုယ်သေ ရင်ဆိုင်နေရချိန်တွင် အနောက်ဘက်မှ Non-Covid ရန်သူများကလည်း နောက်ကျော ဓါးနှင့် ထိုးနေပါပြီ။ ဗျူဟာကုန်းများသည် တစ်နေ့တစ်နေ့ ချိနဲ့စပြုလာနေပါပြီ။ ကတုတ်ကျဉ်းများထဲမှာလည်း လူအင်အား ခပ်နဲ့နဲ့။

(၅) ငယ်ငယ်ကကြည့်ဖူးသော စစ်ကားများထဲက မင်းသားကြီး ဗိုလ်ဗကို၏ နောက်ခံ စကားပြောသံကို ကြားယောင်နေ မိပါသည်။ “အဲ အခုဆိုရင် …ကျူးကျော်သူတွေဟာ ထောင်သောင်း အလုံးအရင်းနဲ့ အမိမြေထဲကို ကျူးကျော်ဝင်ရောက် လာနေပြီခင်ဗျ။ ဗျူဟာကုန်းမှာ ကျန်နေတဲ့ ဗမ နဲ့ တပ်မတော် သားလေး ၂ ဦးကတော့ ရဲစွမ်းသတ္တိအပြည့်နဲ့၊ ရှိတဲ့ လက်နက် အင်အားနဲ့ ခုခံနေတုန်းပဲခင်ဗျ။”ဒီလို ပြောပြီး သိပ်မကြာခင်မှာပဲ ဘယ်ကရောက်လာမှန်းမသိတဲ့ လက်နက်ကြီး ပစ်ကူတွေရော၊ လေယာဉ်တွေရော၊ စစ်ကူတွေ “ကျား” အော်ရင်း တက်လာတာလည်း ဖွေးဖွေးလှုပ်လို့၊ ကြည့်နေတဲ့ ပရိတ်သတ်ကလည်း ကြက်သီးတွေထ၊ လက်ခေါက်တွေ မှုတ်လို့၊ အောင်ပွဲ။

(၆) ဗျူဟာကုန်း တွေမှာ လူစုကြဖို့ လိုပါပြီ။မနေ့က (၁၈-၁၀-၂၀၂၀) ရက်နေ့မှာ မြန်မာ တနိုင်ငံလုံး ကိုဗစ်ကြောင့် သေဆုံးသူ (၄၂) ဦး ရှိခဲ့ပါတယ်။ အဆိုပါ ပမာဏသည် တကမ္ဘာလုံး တွင် တနေ့တာ သေဆုံးနှုန်း စာရင်း၌ အဆင့် (၁၉)သို့ ရောက်ရှိခဲ့ပြီး ပိုးကူးစက် မှု ကမ္ဘာ့တတိယ အများဆုံး ဘရာဇီးနိုင်ငံ ထက် တဆင့် မြင့်ခဲ့တာ ဖြစ်ပါတယ်။ ယင်း စာရင်းတွင် အိန္ဒိယနိုင်ငံက သေဆုံးသူ (၅၆၅) ဦးဖြင့် အဆင့် (၁) မှာ ရပ်တည်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် လတ်တလော အချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း (၈၈၀) ဦး ရှိပြီ ဖြစ်ပါတယ်။

About the author

Ms Cele

Leave a Comment