Local News

ကိုဗစ္ စင္တာ က ေမတၱာ ဇာတ္လမ္း မ်ား (လူနာ ကို လူနာက ျပန္ ျပဳစုတာ ကမၻာ မွာ ျမန္မာ တနိုင္ငံ ထဲ ရွိပါတယ္)

Written by Ms Cele

ကိုဗစ္ စင္တာ က ေမတၱာ ဇာတ္လမ္း မ်ား (လူနာ ကို လူနာက ျပန္ ျပဳစုတာ ကမၻာ မွာ ျမန္မာ တနိုင္ငံ ထဲ ရွိပါတယ္)

Q ဝင္ၿပီး တပတ္ေက်ာ္ ျပန္ခါနီး 3 4 ရက္အလိုကနဲ ႔တူတယ္။ ေရႊသံလြင္ ဘိုးဘြားရိပ္သာ က အဖိုးေတြအဖြားေတြ covid p+ ျဖစ္လို႔တဲ့ Happy covid centerကို ေရာက္လာမယ္တဲ့ ။ စိတ္ထဲ မေကာင္းဘူး သနားပါတယ္။ သူတို႔ေတြေၾကာက္ေနၾက မလား မသိဘူး။ လူနာခ်င္းေတြ volunteerျပန္လုပ္ၾကတဲ့ အကိုအမေတြနဲ႔ တူတူေစာင့္ေနၾက ဖိုးဖြားေတြ လာၾကမယ္ ဆိုေတာ့ လိုအပ္တာ လိုက္ကူၾကမယ္ေပါ့။ မၾကာပါဘူး ေရာက္ လာၾကပါတယ္ ဖိုးေတြဖြားေတြ ကားေပၚက ဆင္းလာၾက PPE ဆရာေတြက ဝီးခ်ဲ ေပၚတင္ေပး Register လုပ္ေနတဲ့ခ်ိန္ အဲ့ အခန္းက အရမ္းေအး ေတာ့ ေစာင္ေတြကို Warehouseကေန ခ်က္ခ်င္းထုတ္ လိုက္ျခဳံေပး။ ဖိုးေတြက ဆီးသြားခ်င္တယ္ ေျပာ လာေတာ့ q centerထဲကို ပို႔ အထဲက လူနာခ်င္းလုပ္အား‌ေပး အကိုေတြကတြဲေခၚ အိမ္သာ လိုက္ပို႔ေပးၾက။

အဖိုးေတြထဲက တေယာက္က ဆီး ဝမ္းမကြဲ ေတာ့ ဝမ္း ေတြ လမ္းမွာ ထြက္ၾကကုန္။ အဲ့အဖိုးဆို အားနာလိုက္တာ ေျမးေလးရယ္တဲ့ သူနဲ႔တြဲပါသြားတဲ့ အကိုက ပုံရွင္းအဝင္း ေလ သူက မူပိုင္နာမည္ ရွိၿပီးသားေလ။ အဲ့အကိုကေျပာရွာတယ္ ဖိုးဘာမွ မျဖစ္နဲ႔ ကၽြန္ေတာ္ လုပ္ေနၾကတဲ့။ ဖိုးဖြားေတြစာရင္းသြင္း ၿပီးေတာ့ အခန္းေတြထဲ လူခြဲၿပီး လိုက္ပို႔ၾက။အထုပ္သယ္တဲ့သူက သယ္ၾကနဲ႔။ We love Yangonက လူႀကီးေတြကလည္း ဖိုးဖြားေတြအတြက္ brand ငွက္သိုက္ကို ညတြင္းခ်င္း ရေအာင္စီစဥ္ေပးၿပီး centerထဲကို ပို႔ေပးတယ္။ ကိုယ္တို႔ေတြလည္း ဖိုးဖြားေတြလိုက္စစ္ ခ်မ္းေနလား ေနလို႔ေကာင္းလား ။ ဖြားေတြ တအားခ်စ္ဖို႔ေကာင္းၾကတယ္။ သူတို႔ဆီခနခနလာပါတဲ့ သူတို႔နဲ႔စကားလာေျပာပါတဲ့ ပစ္မထားပါနဲ႔တဲ့ ကိုယ္စိတ္ထိခိုက္သြားတယ္ ကိုယ္တခုေတြးမိသြားတယ္ ဘဝဆိုတာ ကိုယ္လိုခ်င္သလို ေရြးခ်ယ္ခ်င္လို႔မရဘူးဆိုတာ။

PPE ေဒါက္တာေတြအဖိုးေတြဆီ round လွည့္ေတာ့ အဖိုးေတြ အကုန္လုံး အခန္းထဲကို မရွိၾက‌ေတာ့ဘူး …ဟ အဖိုးေတြအကုန္ေနေကာင္း ၾကတယ္ဟ အခန္းထဲေရာက္ပစၥည္းခ်ၿပီး တာနဲ႔ ေလၽွာက္သြားၾကၿပီေလ။ ေဒါက္တာက သေဘာေတြၾကလို႔။ အယ္ အဖိုးတစ္ေယာက္ဆို ထမင္းစားရင္း နဲ႔ သူ႔ေရဒီယိုေလး နားေထာင္ေနတာ ။သူ႔ေရဒီယိုကလည္း အႀကီး ႀကီးေနာ္။ antique radio နဲ႔တူတယ္။ အားရ စရာႀကီး ကိုယ္ဆိုသေဘာၾကလိုက္တာ။ သူတို႔ဘဝကိုသူတို႔ကိုယ္ပိုင္ စိတ္ခ်မ္းသာနည္းနဲ႔ေနထိုင္ၾကတယ္။ အဖြားေတြ ကလည္း ေခသူေတြမဟုတ္ဘူးေနာ္။ ပထမတရက္ အနားယူ ၾကတယ္။ ေနာက္ရက္က်ေတာ့ တေယာက္ခန္းကို တေယာက္ေလၽွာက္လည္ၾကတယ္။ ဟဲ့ နင္က ဘယ္အခန္းတုန္း ေအး ငါက A17 နင္တို႔ကေရာ ဘယ္အခန္းေတြတုန္း ငါလာမယ္ေနာ္ နင္တို႔ဆီ ‌ ေအး လာခဲ့ ဟဲ့ ဟုတ္ေနတာပဲေနာ္ ဖြားေတြခ်င္းေျပာေနၾကတာ။

အဖြားေတြ ေတာ္ေတာ္ မ်ားမ်ားက အပ်ိဳႀကီးေတြ မ်ားတယ္။ ေက်ာင္းဆရာမ တို႔ အစိုးရဝန္ထမ္းတို႔ ပါၾကတယ္။ ကိုယ္နဲ႔ သံေယာဇဥ္တြယ္ သြားခဲ့တဲ့ အဖြားဆို ေက်ာင္းဆရာမ ရခိုင္လူမ်ိဳး ေခ်ာကလည္းေခ်ာ အသားကလည္းျဖဴျဖဴ။ အရမ္းရွက္တတ္တာေနာ္။ ကိုယ့္ကို သူကေရခ်ိဳးခ်င္တယ္သမီးတဲ့ ရတယ္ ဖြား ခ်ိဳးေပးမယ္လို႔။ သူ႔ကို ဝီးခ်ဲနဲ႔ ေရခ်ိဳးကန္ကို ေခၚသြား အဲ့ေရာက္ေတာ့ သူက နိကပ္ ခ်ိဳးမွာတဲ့ ေရခ်ိဳးကန္ ပတ္ပတ္လည္ကို သြပ္ျပားေတြလည္း အခန္းကန္႔ေပး ထားတာ။ သူက ရွက္တတ္တာကိုယ္သိေတာ့ ေရခ်ိဳးကန္ရဲ့ေနာက္ဖက္ကိုေခၚသြား သူ႔ကိုထမီခၽြတ္ေပး ေရခ်ိဳးေပး ။ ၿပီးေတာ့အခန္းကိုဝီးခ်ဲနဲ႔ျပန္ေခၚသြား။ လုပ္အားေပးအကို အမေတြကလည္း ဖြားေတြဖိုးေတြ ဆီးအိုးကိုသြန္ေပးၾက ။ ထမင္းေတြေကၽြးေပး။ ေရပတ္ေတြတိုက္ေပး။ ဖြားေတြရဲ့ ေန႔စဥ္က်န္းမာေရး စစ္ေဆးခ်က္ေတြကို မနက္တိုင္းလိုက္စစ္ေပးၾက ၊ အားလုံးေပ်ာ္ေပ်ာ္ပါးပါးနဲ႔ လုပ္ေပးေနၾကတာ တကယ္ကို ကုသိုလ္ေတြပါ။

ကိုယ္ေတြရက္ျပည့္လို႔ ေဆး႐ုံဆင္း ခဲ့ရပင္မဲ့ ကိုယ္ေတြလို လုပ္အားေပးလုပ္ခ်င္တဲ့ အစ္မေတြ အမ်ားႀကီး ထပ္ေပၚလာေတာ့ ဖြားေတြဖိုးေတြအတြက္ စိတ္ခ်သြားရတယ္။ ေဆး႐ုံရက္ မျပည့္လို႔ က်န္ခဲ့ရတဲ့ အစ္မေတြက ဖြားေတြအတြက္ မနက္ဆိုမနက္ ညဆိုည အေသးစိတ္ လိုက္လုပ္ေပးၾက အစားအေသာက္က အစ ကိုယ္တိုင္ေကၽြးေပး ဆီးအိုးေတြသြန္ေပးၾက ။ သူတို႔ကေတာင္ ဖြားေတြနဲ႔ selfie ဆြဲ ဟုတ္ေန တာပဲ။ ဖြားေတြကလည္း သူတို႔ေတြကိုပဲ ေန႔တိုင္းေမၽွာ္ ၿပီးေတာ့ ခၽြဲကလည္းခၽြဲေသး ဖြားက ေျမးတို႔ကိုေမၽွာ္ေန တာတဲ့ ေျမးတို႔က ဖြားကိုပစ္ထားတယ္တဲ့။ ေႂကြ‌ၿပီေလ ဖြားရယ္။ ေျပာေသးတယ္ ေျမးကိုတိုင္ရအုန္းမယ္တဲ့ ရိပ္သာ မွာေနတုန္းက ဝန္ထမ္းေတြက သူတို႔ကို ခုလိုဘယ္သူမွဂ႐ုမစိုက္ၾကဘူးတဲ့ ကိုယ့္ဘာသာထမင္းစား ကိုယ့္ဘာသာေရခ်ိဳး ကိုယ့္ဘာသာ ေဆးေသာက္တဲ့ အရမ္းဆူတာပဲတဲ့ တခုခုလုပ္မိေျပာမိရင္ ဆူေနတာပဲတဲ့ ကိုယ္တကယ္စိတ္မေကာင္းျဖစ္မိတယ္။ လူလူခ်င္းတူပင္မဲ့ ဘဝခ်င္းကမတူၾကဘူးေနာ္။

ကိုယ္ေတြေနာက္မွ ဆင္းရမဲ့ အစ္မတ‌စ္ေယာက္ ကဆို ညီမတို႔က က်န္းမာ‌ေရးဝန္ထမ္းေတြလားတဲ့ မဟုတ္ပါဘူး လူနာေတြ ပါလို႔ ဒါေပမဲ့ အကူအညီလိုအပ္ေနတဲ့သူကို ျပန္ကူညီ ေပးေနၾကတာပါအစ္မ။ သူက အရမ္းအံ့ဩ သြားတယ္ ကိုယ္လည္းလူနာသူလည္း လူနာ လူနာခ်င္းတူပင္မဲ့ ငါက်ေတာ့ အခန္းထဲအခန္႔သား လွဲေနတယ္ သူတို႔က်ေတာ့ လိုအပ္သူကိုကူေနတယ္၊ ရွက္လိုက္ တာတဲ့၊ ညီမတို႔လိုအပ္တာေျပာပါ အစ္မတို႔ညီအစ္မေတြလည္း လိုက္ကူမယ္တဲ့။ အရမ္းဝမ္းသာ မိတယ္ အစ္မသႏၲာေရ ။ ေဆး႐ုံဆင္းရက္ မျပည့္လို႔ က်န္ခဲ့တဲ့ အစ္ကိုအစ္မေတြက ၂၅ ရက္ေန႔ဆို ဆင္းရမယ္ေလ။ ဒါေပမဲ့ မဆင္းေသးဘူးတဲ့ ဖြားတို႔က ၂၆ ရက္ေန႔ဆင္းမွာ‌ဆိုေတာ့ ဖြားတို႔နဲ႔တူတူလိုက္ဆင္းမယ္တဲ့ တကယ္ကို စိတ္ထားျပည့္တဲ့ အစ္မအစ္ကိုေတြ။ လူနာခ်င္းလုပ္ အားေပးအသစ္ေတြလည္း ထပ္ေပၚေပါက္ လာတယ္။ တကယ္ကို ပီတိျဖစ္မိတယ္။ အရမ္းလည္းဝမ္းသာတယ္။

ဒီေန႔ ဖိုးေတြဖြားေတြေဆး႐ုံဆင္း ရေတာ့မယ္။ သံသရာမွာ ေရစက္ပါခဲ့ၾကလို႔ အခုဒီဘဝမွာ ျပန္ဆုံခဲ့ၾက ရတယ္ ျပန္ဆုံခဲ့ရတဲ့ အခိုက္အတန္႔မွာ အဖိုး‌ေတြ အဖြားေတြကို အေကာင္းဆုံး လုပ္ေပးနိုင္ခဲ့လို႔ ေက်နပ္တယ္။ ဝမ္းသာတယ္။ ဖိုးေတြဖြားေတြကို အျမဲဆုေတာင္းေပးေနပါတယ္‌။ ေရာက္ေလရာ ဘဝတိုင္းမွာ ေစတနာစစ္ ေစတနာ‌မွန္ ေမတၱာစစ္ေမတၱာမွန္ ေတြနဲ႔ၾကဳံရပါေစလို႔။ အဖိုးအဖြားေတြကို ဝိုင္းျပဳစု ဂ႐ုစိုက္ ေပးၾကတဲ့ လူနာခ်င္း လုပ္အားေပး အကိုအမ ညီမေလးေတြကိုလည္း ခ်ီးက်ဴးပါတယ္ ။ ကိုယ္လုပ္ေပးတာထက္ သူတို႔က အမ်ားႀကီး လုပ္ေပးနိုင္ၾကတယ္။ တကယ့္ကိုစိတ္ထားျပည့္ၾကတဲ့ အကိုအမ‌ ညီမေလးေတြပါ။ မွတ္ခ်က္ အစိမ္းဝတ္စုံေတြကလည္း လူနာေတြပါပဲ လူနာၾကားထဲ လုပ္အားေပးလူနာဆိုၿပီး တမင္ဝတ္ထားၾကတာပါ။

Phue Phue

ကိုဗစ် စင်တာ က မေတ္တာ ဇာတ်လမ်း များ (လူနာ ကို လူနာက ပြန် ပြုစုတာ ကမ္ဘာ မှာ မြန်မာ တနိုင်ငံ ထဲ ရှိပါတယ်)

Q ဝင်ပြီး တပတ်ကျော် ပြန်ခါနီး 3 4 ရက်အလိုကနဲ ့တူတယ်။ ရွှေသံလွင် ဘိုးဘွားရိပ်သာ က အဖိုးတွေအဖွားတွေ covid p+ ဖြစ်လို့တဲ့ Happy covid centerကို ရောက်လာမယ်တဲ့ ။ စိတ်ထဲ မကောင်းဘူး သနားပါတယ်။ သူတို့တွေကြောက်နေကြ မလား မသိဘူး။ လူနာချင်းတွေ volunteerပြန်လုပ်ကြတဲ့ အကိုအမတွေနဲ့ တူတူစောင့်နေကြ ဖိုးဖွားတွေ လာကြမယ် ဆိုတော့ လိုအပ်တာ လိုက်ကူကြမယ်ပေါ့။ မကြာပါဘူး ရောက် လာကြပါတယ် ဖိုးတွေဖွားတွေ ကားပေါ်က ဆင်းလာကြ PPE ဆရာတွေက ဝီးချဲ ပေါ်တင်ပေး Register လုပ်နေတဲ့ချိန် အဲ့ အခန်းက အရမ်းအေး တော့ စောင်တွေကို Warehouseကနေ ချက်ချင်းထုတ် လိုက်ခြုံပေး။ ဖိုးတွေက ဆီးသွားချင်တယ် ပြော လာတော့ q centerထဲကို ပို့ အထဲက လူနာချင်းလုပ်အား‌ပေး အကိုတွေကတွဲခေါ် အိမ်သာ လိုက်ပို့ပေးကြ။

အဖိုးတွေထဲက တယောက်က ဆီး ဝမ်းမကွဲ တော့ ဝမ်း တွေ လမ်းမှာ ထွက်ကြကုန်။ အဲ့အဖိုးဆို အားနာလိုက်တာ မြေးလေးရယ်တဲ့ သူနဲ့တွဲပါသွားတဲ့ အကိုက ပုံရှင်းအဝင်း လေ သူက မူပိုင်နာမည် ရှိပြီးသားလေ။ အဲ့အကိုကပြောရှာတယ် ဖိုးဘာမှ မဖြစ်နဲ့ ကျွန်တော် လုပ်နေကြတဲ့။ ဖိုးဖွားတွေစာရင်းသွင်း ပြီးတော့ အခန်းတွေထဲ လူခွဲပြီး လိုက်ပို့ကြ။အထုပ်သယ်တဲ့သူက သယ်ကြနဲ့။ We love Yangonက လူကြီးတွေကလည်း ဖိုးဖွားတွေအတွက် brand ငှက်သိုက်ကို ညတွင်းချင်း ရအောင်စီစဉ်ပေးပြီး centerထဲကို ပို့ပေးတယ်။ ကိုယ်တို့တွေလည်း ဖိုးဖွားတွေလိုက်စစ် ချမ်းနေလား နေလို့ကောင်းလား ။ ဖွားတွေ တအားချစ်ဖို့ကောင်းကြတယ်။ သူတို့ဆီခနခနလာပါတဲ့ သူတို့နဲ့စကားလာပြောပါတဲ့ ပစ်မထားပါနဲ့တဲ့ ကိုယ်စိတ်ထိခိုက်သွားတယ် ကိုယ်တခုတွေးမိသွားတယ် ဘဝဆိုတာ ကိုယ်လိုချင်သလို ရွေးချယ်ချင်လို့မရဘူးဆိုတာ။

PPE ဒေါက်တာတွေအဖိုးတွေဆီ round လှည့်တော့ အဖိုးတွေ အကုန်လုံး အခန်းထဲကို မရှိကြ‌တော့ဘူး …ဟ အဖိုးတွေအကုန်နေကောင်း ကြတယ်ဟ အခန်းထဲရောက်ပစ္စည်းချပြီး တာနဲ့ လျှောက်သွားကြပြီလေ။ ဒေါက်တာက သဘောတွေကြလို့။ အယ် အဖိုးတစ်ယောက်ဆို ထမင်းစားရင်း နဲ့ သူ့ရေဒီယိုလေး နားထောင်နေတာ ။သူ့ရေဒီယိုကလည်း အကြီး ကြီးနော်။ antique radio နဲ့တူတယ်။ အားရ စရာကြီး ကိုယ်ဆိုသဘောကြလိုက်တာ။ သူတို့ဘဝကိုသူတို့ကိုယ်ပိုင် စိတ်ချမ်းသာနည်းနဲ့နေထိုင်ကြတယ်။ အဖွားတွေ ကလည်း ခေသူတွေမဟုတ်ဘူးနော်။ ပထမတရက် အနားယူ ကြတယ်။ နောက်ရက်ကျတော့ တယောက်ခန်းကို တယောက်လျှောက်လည်ကြတယ်။ ဟဲ့ နင်က ဘယ်အခန်းတုန်း အေး ငါက A17 နင်တို့ကရော ဘယ်အခန်းတွေတုန်း ငါလာမယ်နော် နင်တို့ဆီ ‌ အေး လာခဲ့ ဟဲ့ ဟုတ်နေတာပဲနော် ဖွားတွေချင်းပြောနေကြတာ။

အဖွားတွေ တော်တော် များများက အပျိုကြီးတွေ များတယ်။ ကျောင်းဆရာမ တို့ အစိုးရဝန်ထမ်းတို့ ပါကြတယ်။ ကိုယ်နဲ့ သံယောဇဉ်တွယ် သွားခဲ့တဲ့ အဖွားဆို ကျောင်းဆရာမ ရခိုင်လူမျိုး ချောကလည်းချော အသားကလည်းဖြူဖြူ။ အရမ်းရှက်တတ်တာနော်။ ကိုယ့်ကို သူကရေချိုးချင်တယ်သမီးတဲ့ ရတယ် ဖွား ချိုးပေးမယ်လို့။ သူ့ကို ဝီးချဲနဲ့ ရေချိုးကန်ကို ခေါ်သွား အဲ့ရောက်တော့ သူက နိကပ် ချိုးမှာတဲ့ ရေချိုးကန် ပတ်ပတ်လည်ကို သွပ်ပြားတွေလည်း အခန်းကန့်ပေး ထားတာ။ သူက ရှက်တတ်တာကိုယ်သိတော့ ရေချိုးကန်ရဲ့နောက်ဖက်ကိုခေါ်သွား သူ့ကိုထမီချွတ်ပေး ရေချိုးပေး ။ ပြီးတော့အခန်းကိုဝီးချဲနဲ့ပြန်ခေါ်သွား။ လုပ်အားပေးအကို အမတွေကလည်း ဖွားတွေဖိုးတွေ ဆီးအိုးကိုသွန်ပေးကြ ။ ထမင်းတွေကျွေးပေး။ ရေပတ်တွေတိုက်ပေး။ ဖွားတွေရဲ့ နေ့စဉ်ကျန်းမာရေး စစ်ဆေးချက်တွေကို မနက်တိုင်းလိုက်စစ်ပေးကြ ၊ အားလုံးပျော်ပျော်ပါးပါးနဲ့ လုပ်ပေးနေကြတာ တကယ်ကို ကုသိုလ်တွေပါ။

ကိုယ်တွေရက်ပြည့်လို့ ဆေးရုံဆင်း ခဲ့ရပင်မဲ့ ကိုယ်တွေလို လုပ်အားပေးလုပ်ချင်တဲ့ အစ်မတွေ အများကြီး ထပ်ပေါ်လာတော့ ဖွားတွေဖိုးတွေအတွက် စိတ်ချသွားရတယ်။ ဆေးရုံရက် မပြည့်လို့ ကျန်ခဲ့ရတဲ့ အစ်မတွေက ဖွားတွေအတွက် မနက်ဆိုမနက် ညဆိုည အသေးစိတ် လိုက်လုပ်ပေးကြ အစားအသောက်က အစ ကိုယ်တိုင်ကျွေးပေး ဆီးအိုးတွေသွန်ပေးကြ ။ သူတို့ကတောင် ဖွားတွေနဲ့ selfie ဆွဲ ဟုတ်နေ တာပဲ။ ဖွားတွေကလည်း သူတို့တွေကိုပဲ နေ့တိုင်းမျှော် ပြီးတော့ ချွဲကလည်းချွဲသေး ဖွားက မြေးတို့ကိုမျှော်နေ တာတဲ့ မြေးတို့က ဖွားကိုပစ်ထားတယ်တဲ့။ ကြွေ‌ပြီလေ ဖွားရယ်။ ပြောသေးတယ် မြေးကိုတိုင်ရအုန်းမယ်တဲ့ ရိပ်သာ မှာနေတုန်းက ဝန်ထမ်းတွေက သူတို့ကို ခုလိုဘယ်သူမှဂရုမစိုက်ကြဘူးတဲ့ ကိုယ့်ဘာသာထမင်းစား ကိုယ့်ဘာသာရေချိုး ကိုယ့်ဘာသာ ဆေးသောက်တဲ့ အရမ်းဆူတာပဲတဲ့ တခုခုလုပ်မိပြောမိရင် ဆူနေတာပဲတဲ့ ကိုယ်တကယ်စိတ်မကောင်းဖြစ်မိတယ်။ လူလူချင်းတူပင်မဲ့ ဘဝချင်းကမတူကြဘူးနော်။

ကိုယ်တွေနောက်မှ ဆင်းရမဲ့ အစ်မတ‌စ်ယောက် ကဆို ညီမတို့က ကျန်းမာ‌ရေးဝန်ထမ်းတွေလားတဲ့ မဟုတ်ပါဘူး လူနာတွေ ပါလို့ ဒါပေမဲ့ အကူအညီလိုအပ်နေတဲ့သူကို ပြန်ကူညီ ပေးနေကြတာပါအစ်မ။ သူက အရမ်းအံ့ဩ သွားတယ် ကိုယ်လည်းလူနာသူလည်း လူနာ လူနာချင်းတူပင်မဲ့ ငါကျတော့ အခန်းထဲအခန့်သား လှဲနေတယ် သူတို့ကျတော့ လိုအပ်သူကိုကူနေတယ်၊ ရှက်လိုက် တာတဲ့၊ ညီမတို့လိုအပ်တာပြောပါ အစ်မတို့ညီအစ်မတွေလည်း လိုက်ကူမယ်တဲ့။ အရမ်းဝမ်းသာ မိတယ် အစ်မသန္တာရေ ။ ဆေးရုံဆင်းရက် မပြည့်လို့ ကျန်ခဲ့တဲ့ အစ်ကိုအစ်မတွေက ၂၅ ရက်နေ့ဆို ဆင်းရမယ်လေ။ ဒါပေမဲ့ မဆင်းသေးဘူးတဲ့ ဖွားတို့က ၂၆ ရက်နေ့ဆင်းမှာ‌ဆိုတော့ ဖွားတို့နဲ့တူတူလိုက်ဆင်းမယ်တဲ့ တကယ်ကို စိတ်ထားပြည့်တဲ့ အစ်မအစ်ကိုတွေ။ လူနာချင်းလုပ် အားပေးအသစ်တွေလည်း ထပ်ပေါ်ပေါက် လာတယ်။ တကယ်ကို ပီတိဖြစ်မိတယ်။ အရမ်းလည်းဝမ်းသာတယ်။

ဒီနေ့ ဖိုးတွေဖွားတွေဆေးရုံဆင်း ရတော့မယ်။ သံသရာမှာ ရေစက်ပါခဲ့ကြလို့ အခုဒီဘဝမှာ ပြန်ဆုံခဲ့ကြ ရတယ် ပြန်ဆုံခဲ့ရတဲ့ အခိုက်အတန့်မှာ အဖိုး‌တွေ အဖွားတွေကို အကောင်းဆုံး လုပ်ပေးနိုင်ခဲ့လို့ ကျေနပ်တယ်။ ဝမ်းသာတယ်။ ဖိုးတွေဖွားတွေကို အမြဲဆုတောင်းပေးနေပါတယ်‌။ ရောက်လေရာ ဘဝတိုင်းမှာ စေတနာစစ် စေတနာ‌မှန် မေတ္တာစစ်မေတ္တာမှန် တွေနဲ့ကြုံရပါစေလို့။ အဖိုးအဖွားတွေကို ဝိုင်းပြုစု ဂရုစိုက် ပေးကြတဲ့ လူနာချင်း လုပ်အားပေး အကိုအမ ညီမလေးတွေကိုလည်း ချီးကျူးပါတယ် ။ ကိုယ်လုပ်ပေးတာထက် သူတို့က အများကြီး လုပ်ပေးနိုင်ကြတယ်။ တကယ့်ကိုစိတ်ထားပြည့်ကြတဲ့ အကိုအမ‌ ညီမလေးတွေပါ။ မှတ်ချက် အစိမ်းဝတ်စုံတွေကလည်း လူနာတွေပါပဲ လူနာကြားထဲ လုပ်အားပေးလူနာဆိုပြီး တမင်ဝတ်ထားကြတာပါ။

Phue Phue

About the author

Ms Cele

Leave a Comment