Local News

ကိုဗစ္ နဲ႔ ကြယ္ လြန္ ခဲ့ တဲ့ လူေတြ ရဲ့အေရျပား ကို စမ္းသပ္ စစ္ေဆး ၾကည့္ လိုက္ တဲ့ အခါ

Written by Ms Cele

ကိုဗစ္ နဲ႔ ကြယ္ လြန္ ခဲ့ တဲ့ လူေတြ ရဲ့အေရျပား ကို စမ္းသပ္ စစ္ေဆး ၾကည့္ လိုက္ တဲ့ အခါ

ကိုဗစ္ဗိုင္းရပ္စ္ ဟာ လူ႔အေရးျပား ေပၚမွာ ၉ နာရီၾကာ ရွင္သန္ ေနထိုင္နိုင္ေၾကာင္း ဂ်ပန္ သုေတသီေတြက ေျပာဆိုခဲ့ပါတယ္။ ေလ့လာေတြ႕ရွိခ်က္ အရ ကိုဗစ္ကပ္ေရာဂါ ကို တိုက္ဖ်က္နိုင္ဖို႔ရာမွာ လက္ကို မၾကာခဏ ေဆးေၾကာေပးဖို႔ လိုအပ္ေၾကာင္း ျပသေန တယ္လို႔ ၎တို႔က ေျပာဆိုပါတယ္။ ႏွိုင္းယွဥ္ေလ့လာ ခ်က္အရ တုပ္ေကြး ေရာဂါကို ျဖစ္ေစတဲ့ ေရာဂါပိုးဟာ လူ႔အေရျပားေပၚမွာ ၁.၈ နာရီၾကာခန႔္သာ အသက္ရွင္ နိုင္ေၾကာင္းလည္း ယခုလအတြင္း Clinical Infectious Diseases ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ ေလ့လာခ်က္မွာ

ေဖာ္ျပခဲ့ပါတယ္။ Sars-CoV-2 (ကိုဗစ္ျဖစ္ေစေသာ ဗိုင္းရပ္စ္) က လူ႔အေရျပားေပၚ ၉ နာရီၾကာ အသက္ရွင္နိုင္ တာေၾကာင့္ IAV (တုပ္ေကြးေရာဂါ A ဗိုင္းရပ္စ္) နဲ႔ ႏွိုင္းစာရင္ ထိေတြ႕ကူးစက္ ပ်ံ႕ႏွံ့နိုင္တဲ့ အႏၲရာယ္ ပိုျမင့္နိုင္ ေၾကာင္းနဲ႔ ယင္း အတြက္ ကူးစက္မႈ အရွိန္ျမင့္ေၾကာင္း ေလ့လာမႈက ေဖာ္ျပပါတယ္။ သုေတသန အဖြဲ႕ဟာ ေသဆုံးအၿပီး တစ္ရက္အၾကာခန႔္ အေလာင္းေတြရဲ့ ခြဲစိတ္နမူနာ အစိတ္အပိုင္းေတြမွ အေရျပားေတြကို စုေဆာင္းရယူကာ စမ္းသပ္ခဲ့ၾကတာျဖစ္ေၾကာင္း သိရပါတယ္။ ကိုဗစ္ဗိုင္းရပ္စ္နဲ႔ တုပ္ေကြးဗိုင္းရပ္စ္ ႏွစ္ခုစလုံးဟာ လက္သန႔္ေဆးေတြမွာ အသုံးျပဳတဲ့ အက္သေနာ သုတ္လိမ္းေဆးေၾကာလိုက္ပါက ၁၅ စကၠန႔္အတြင္း မလႈပ္ရွားနိုင္ေတာ့ဘူး လို႔ဆိုပါတယ္။ “Sars-CoV-2 က အေရျပားေပၚမွာ အခ်ိန္အေတာ္ၾကာ ရွင္သန္နိုင္တာက

ထိေတြ႕ကူးစက္သြားနိုင္ေၿခ ပိုျမင့္မား ပါတယ္။ သို႔ေပမယ့္ လက္ကို သန႔္ရွင္းေပးျခင္း အားျဖင့္ ဒီ အႏၲရာယ္ ကို ေလၽွာ့ခ်နိုင္ပါတယ္။” လို႔ ေလ့လာမႈ က ဆိုပါတယ္။ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ့မႈ ကန႔္သတ္နိုင္ဖို႔ရာ လက္ေတြကို ပုံမွန္ေဆးေၾကာေပးပါ ဆိုတဲ့ ကမၻာ့ က်န္းမာေရးအဖြဲ႕ရဲ့ လမ္းညႊန္ခ်က္ကို ယခုေလ့လာမႈက ေထာက္ခံခ်က္ေပး ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က တ႐ုတ္နိုင္ငံမွ စတင္ေပၚထြက္ လာခဲ့တဲ့ ကိုရိုနာ ဗိုင္းရပ္စ္ဟာ အခုဆိုရင္ ကမၻာတစ္ဝန္းက လူဦးေရ သန္း ၄၀ နီးပါးကို ကူးစက္ခံထားရေၾကာင္း သိရပါတယ္။

crd

ကိုဗစ် နဲ့ ကွယ် လွန် ခဲ့ တဲ့ လူတွေ ရဲ့အရေပြား ကို စမ်းသပ် စစ်ဆေး ကြည့် လိုက် တဲ့ အခါ

ကိုဗစ်ဗိုင်းရပ်စ် ဟာ လူ့အရေးပြား ပေါ်မှာ ၉ နာရီကြာ ရှင်သန် နေထိုင်နိုင်ကြောင်း ဂျပန် သုတေသီတွေက ပြောဆိုခဲ့ပါတယ်။ လေ့လာတွေ့ရှိချက် အရ ကိုဗစ်ကပ်ရောဂါ ကို တိုက်ဖျက်နိုင်ဖို့ရာမှာ လက်ကို မကြာခဏ ဆေးကြောပေးဖို့ လိုအပ်ကြောင်း ပြသနေ တယ်လို့ ၎င်းတို့က ပြောဆိုပါတယ်။ နှိုင်းယှဉ်လေ့လာ ချက်အရ တုပ်ကွေး ရောဂါကို ဖြစ်စေတဲ့ ရောဂါပိုးဟာ လူ့အရေပြားပေါ်မှာ ၁.၈ နာရီကြာခန့်သာ အသက်ရှင် နိုင်ကြောင်းလည်း ယခုလအတွင်း Clinical Infectious Diseases ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာချက်မှာ

ဖော်ပြခဲ့ပါတယ်။ Sars-CoV-2 (ကိုဗစ်ဖြစ်စေသော ဗိုင်းရပ်စ်) က လူ့အရေပြားပေါ် ၉ နာရီကြာ အသက်ရှင်နိုင် တာကြောင့် IAV (တုပ်ကွေးရောဂါ A ဗိုင်းရပ်စ်) နဲ့ နှိုင်းစာရင် ထိတွေ့ကူးစက် ပျံ့နှံ့နိုင်တဲ့ အန္တရာယ် ပိုမြင့်နိုင် ကြောင်းနဲ့ ယင်း အတွက် ကူးစက်မှု အရှိန်မြင့်ကြောင်း လေ့လာမှုက ဖော်ပြပါတယ်။ သုတေသန အဖွဲ့ဟာ သေဆုံးအပြီး တစ်ရက်အကြာခန့် အလောင်းတွေရဲ့ ခွဲစိတ်နမူနာ အစိတ်အပိုင်းတွေမှ အရေပြားတွေကို စုဆောင်းရယူကာ စမ်းသပ်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်နဲ့ တုပ်ကွေးဗိုင်းရပ်စ် နှစ်ခုစလုံးဟာ လက်သန့်ဆေးတွေမှာ အသုံးပြုတဲ့ အက်သနော သုတ်လိမ်းဆေးကြောလိုက်ပါက ၁၅ စက္ကန့်အတွင်း မလှုပ်ရှားနိုင်တော့ဘူး လို့ဆိုပါတယ်။ “Sars-CoV-2 က အရေပြားပေါ်မှာ အချိန်အတော်ကြာ ရှင်သန်နိုင်တာက

ထိတွေ့ကူးစက်သွားနိုင်ခြေ ပိုမြင့်မား ပါတယ်။ သို့ပေမယ့် လက်ကို သန့်ရှင်းပေးခြင်း အားဖြင့် ဒီ အန္တရာယ် ကို လျှော့ချနိုင်ပါတယ်။” လို့ လေ့လာမှု က ဆိုပါတယ်။ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကန့်သတ်နိုင်ဖို့ရာ လက်တွေကို ပုံမှန်ဆေးကြောပေးပါ ဆိုတဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်ကို ယခုလေ့လာမှုက ထောက်ခံချက်ပေး ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံမှ စတင်ပေါ်ထွက် လာခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်းက လူဦးရေ သန်း ၄၀ နီးပါးကို ကူးစက်ခံထားရကြောင်း သိရပါတယ်။

crd

About the author

Ms Cele

Leave a Comment