Local News

ကိုဗစ္ မကူး ေစ ဖို႔ သဘာဝ က ေပး တဲ့ အေကာင္း ဆုံး ကာကြယ္ ေဆး

Written by Ms Cele

ကိုဗစ္ မကူး ေစ ဖို႔ သဘာဝ က ေပး တဲ့ အေကာင္း ဆုံး ကာကြယ္ ေဆး

နိုင္ငံျခား မွာ ေနတဲ့ က်ေနာ့္ သူငယ္ခ်င္း ၅ ေယာက္ဟာ တစ္အိမ္ထဲ မွာ အတူတူေနၾက ပါတယ္။ သူတို႔ ၅ ေယာက္လုံးက ကိုဗစ္ဗိုင္းရပ္စ္နဲ႔ ေတြ႕ခဲ့ၾက သူေတြ ျဖစ္ပါတယ္။ ၅ ေယာက္မွာ ၂ ေယာက္က ေရာဂါကူးစက္ မခံရေပမဲ့ က်န္တဲ့ ၃ေယာက္ ကေတာ့ ေပါ့စတစ္ျဖစ္သြား တယ္။ လူ၅ေယာက္ ဗိုင္းရပ္စ္နဲ႔ ေတြ႕ၾကဳံရတာခ်င္းအတူတူ ၃ေယာက္က ေရာဂါရၿပီး ၂ေယာက္က ဘာလို႔ လြတ္သြားရတာလဲ….? အေျဖကေတာ့ ကိုယ္ခံ စြမ္းအားခ်င္း မတူလို႔ပဲျဖစ္ပါတယ္။ ေရာဂါမရတဲ့သူေတြက ကိုယ္ခံစြမ္းအား ေကာင္းၾကၿပီး ေရာဂါရသြားၾကသူေတြကေတာ့ ကိုယ္ခံစြမ္းအားနည္းလို႔ ျဖစ္ပါတယ္။

ဗိုင္းရပ္စ္ ကိုယ္ထဲကိုဝင္လာၿပီ ဆိုတာနဲ႔ အရင္ဆုံး ထြက္လာတာ ကေတာ့ ကိုယ္ခံ စြမ္းအားထဲက Anti body ေတြျဖစ္ပါတယ္။ ဝင္လာ တဲ့ ဗိုင္းရပ္စ္ကို Anti body ေတြက သြားေရာက္ ဖ်က္ဆီးလိုက္တဲ့ အတြက္ လူကို ေရာဂါမကူးစက္နိုင္ေတာ့ဘူး။ လူတိုင္းမွာ ကိုယ္ခံစြမ္းအားအနည္းနဲ႔ အမ်ားရွိၾကေပမဲ့ အခ်ိဳ႕လူေတြမွာ အနည္းငယ္ေလာက္ပဲ ရွိတဲ့အတြက္ ဗိုင္းရပ္စ္ေတြ ဝင္လာတာ မ်ားရင္ မခုခံနိုင္ေတာ့ဘဲ က်ရႈံးသြားရတဲ့အတြက္ ေရာဂါကူးစက္ခံရတာ ျဖစ္ပါတယ္။

ကိုယ္ခံစြမ္းအားဆိုတာက အေမေမြး ကတည္းက လူတိုင္းမွာပါလာၿပီးသား ျဖစ္ပါတယ္။ ဒါေပမဲ့ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ကိုယ္ခံစြမ္း အားခ်င္း မတူၾကဘူး။ ကိုယ္ခံအားနည္းၾက ရတာဟာ ဘာေၾကာင့္ပါလဲ..? အေၾကာင္းအမ်ိဳးမ်ိဳး ရွိပါတယ္။ မိခင္နို႔မစို႔ခဲ့ရတဲ့သူေတြ ၊အသည္းမွာ BပိုးCပို႔း H ပိုးရွိတဲ့သူေတြ၊ နာတာရွည္ေရာဂါ ရွိၾကတဲ့သူေတြ၊ free radical မ်ားတဲ့သူေတြ၊ အာဟာရခ်ိဳ႕တဲ့သူေတြ၊ ေဆးလိပ္အရက္စြဲေနၾကသူေတြ စသည္ျဖင့္ေပါ့ဗ်ာ။ အဲဒီလူေတြဟာ အခုလို ကိုဗစ္ကာလမွာ ေရာဂါကူးစက္ခံရဖို႔ သိပ္လြယ္ပါတယ္။ ဒါေၾကာင့္လည္း အခုေသေနၾကတဲ့သူေတြမွာ အဲ့လို ကိုယ္ခံစြမ္းအားနည္းသူေတြခ်ည္းပဲ ျဖစ္ေနတာေတြ႕ရလိမ့္မယ္။

ဒါေၾကာင့္ က်ေနာ္တို႔အားလုံး အတြက္ အေရးအႀကီးဆုံး အခ်က္က ကိုယ္ခံစြမ္း အားကို အျမင့္ဆုံး ျဖစ္ေအာင္ Boost လုပ္ထာၾကဖို႔ဆိုတာ ထင္ရွား ပါတယ္။ လူတိုင္းကေတာ့ ကိုယ္ခံစြမ္းအား ေကာင္းေအာင္ လုပ္ခ်င္ၾကတာပါပဲ။ သို႔ေသာ္လည္း ဘယ္လိုလုပ္ရမယ္ဆိုတာကိုေတာ့ဂ ဃနဏမသိၾကဘူး။ ၾကားဖူးနားဝေလးေတြပဲ လိုက္လုပ္ေနၾကရတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ကိုယ္ခံစြမ္းအားေကာင္းေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို အတိအက်ေျပာျပပါမယ္။ အခုကာလအတြက္ သာမက တစ္သက္လုံးေရာဂါကင္းၿပီး သက္တမ္းေစ့ေအာင္ ေနနိုင္ဖို႔လည္း အသုံးက်တဲ့အတြက္ ျမန္မာမ်ား အားလုံး ေသေသခ်ာခ်ာ မွတ္သားထားေစခ်င္ပါတယ္။

မိမိရဲ့ ကိုယ္တြင္းကေန ကိုယ္ခံစြမ္းအား ထြက္လာ တဲ့ အရင္းအျမစ္ ၃ ခုရွိပါတယ္။ အဲဒါေတြကေတာ့- (၁) ေသြးရည္ၾကည္ (၂)ေသြး (၃) အူပိုး

အဲဒီ၃ခုျဖစ္ပါတယ္။ ေသြးရည္ၾကည္ အေၾကာင္း စေျပာမယ္။ က်ေနာ္တို႔ ေခါင္းအစေျခအဆုံး လွည့္ပတ္စီးဆင္းေနတဲ့ အၾကည္ေရာင္ အရည္ေတြရွိပါတယ္။ အဲဒါကို `လင္ဖက္တစ္´ လို႔ေခၚပါတယ္။ ျမန္မာလိုေတာ့ ေသြးရည္ၾကည္ေပါ့။ အဲဒီလင္ဖက္ တစ္ေသြးရည္ၾကည္ထဲမွာ ျပင္ပေရာဂါပိုးေတြ ဝင္လာရင္ ခ်က္ခ်င္းတိုက္ထုတ္ေပးမယ့္ Anti body ေတြ ႀထီလ်ံခ်ီၿပီး ရွိပါတယ္။ အေနာက္တိုင္းေဆးပညာရွင္ေတြကေတာ့ T cell, B cell စသည္ျဖင့္ ေခၚၾကပါတယ္။ အဲဒီေသြးရည္ၾကည္ အားေကာင္းမွကိုယ္ခံစြမ္းအားေကာင္းတာ ျဖစ္ပါတယ္။ ဒုတိယတစ္ခုက ေသြး။ ေသြးထဲမွာ ေသြးနီဥေတြနဲ႔ အတူေရာၿပီး ရွိေနတာက ေသြးျဖဴဥေတြျဖစ္တယ္။ အေနာက္တိုင္းေဆးပညာရွင္ေတြ ကေတာ့ WBC လို႔ေခၚၾကပါတယ္။ အဲဒီ ေသြးျဖဴဥေတြကလည္း ကိုယ္ထဲဝင္လာတဲ့ ေရာဂါပိုးမွန္သမၽွကို ဖ်က္ဆီးဝါးမ်ိဳေပးပါတယ္။ တတိယတစ္ခုကေတာ့ အူေတြထဲမွာရွိေနတဲ့ အက်ိဳးျပဳပိုးေတြျဖစ္ပါတယ္။ အဲဒီအူပိုးေတြကလည္း ကိုယ္တြင္းကို ဝင္လာတဲ့ ေရာဂါပိုးေတြကို ကိုက္ဖ်က္ ဝါးမ်ိဳပစ္လိုက္ၾကပါတယ္။

ဆိုေတာ့ အဲဒီ ၃ မ်ိဳး အားေကာင္းေနမယ္ ဆိုရင္ ကိုယ္ခံစြမ္းအားက ျမင့္ေနၿပီး မည္သည့္ေရာဂါပိုးမွ ကိုယ့္ကို ဒုကၡေပးလို႔ မရနိုင္ဘူး။ ဒါေၾကာင့္ အဲဒီ ၃မ်ိဳးလုံး အားေကာင္း ေအာင္ လုပ္ရမယ္ေပါ့။ ပထမတစ္ခုျဖစ္တဲ့ ေသြးရည္ၾကည္ အားေကာင္းေအာင္ဘယ္လိုလုပ္ရမလဲ။ ေသြးရည္ၾကည္ျဖစ္ေပၚလာေစတာက က်ေနာ္တို႔ စားလိုက္တဲ့ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးဝလံေတြကရတဲ့ Enzyme ေတြျဖစ္ပါတယ္။ ဗီတာမင္ေတြ မ်ိဳးစုံပါတဲ့ အသီးအရြက္ေတြပါပဲ။ အထူးသျဖင့္ ဗီတာမင္စီ ႂကြယ္ဝတဲ့ အရည္ရႊမ္းသစ္သီးေတြထဲက Antioxidant ဓာတ္ဟာ အင္မတန္အခရာက်ပါတယ္။ ဒါေၾကာင့္ အေရာင္မ်ိဳးစုံရွိတဲ့ ဟင္းသီးဟင္းရြက္ေတြ သစ္သီးဝလံေတြ မ်ားမ်ားစားျခင္း ႀကိတ္ေသာက္ျခင္းေတြက ေသြးရည္ၾကည္ကို အားေကာင္းေစပါလိမ့္မယ္။

ဒုတိယ တစ္ခုျဖစ္တဲ့ ေသြးထဲက ေသြးျဖဴ ဥအားေကာင္းေအာင္ ဘယ္လို လုပ္ရမလဲဆိုတာ ဆက္ေျပာမယ္။ ေသြးျဖဴ ဥဟာ ပရိုတင္း တစ္မ်ိဳးျဖစ္တယ္။ သူ႔ကို အမိုင္နိုအက္စစ္ ေတြနဲ႔ ဖြဲ႕စည္းထားပါတယ္။ အဲဒီ အမိုင္နိုအက္စစ္ေတြ အဓိကရတဲ့ source ကေတာ့ အနီေရာင္ အသားနဲ႔ အသည္းျဖစ္ပါတယ္။ အထူးသျဖင့္ ဆိတ္သားနဲ႔ ဆိတ္ကလီစာေတြမွာ အမ်ားဆုံးပါဝင္ပါတယ္။ တိရစၧာန္အသည္းမွာ ဗီတာမင္ေတြ သတၱဳဓာတ္ေတြ ေတာ္ေတာ္စုံေအာင္ ပါပါတယ္။ အကယ္၍ သက္သတ္လြတ္စားတယ္ ဆိုရင္ပဲပုပ္ပဲကို စားျခင္းျဖင့္ အမိုင္နိုအက္စစ္ပရိုတင္းကို ရရွိနိုင္ပါတယ္။

တတိယတစ္ခုျဖစ္တဲ့ အူတြင္းအက်ိဳးျပဳ ပိုးေမြးဖို႔ ဘယ္လိုလုပ္ရမလဲ။ လြယ္လြယ္ေလးပါပဲ။ probiotic ပိုးေတြအမ်ားႀကီးပါတဲ့ အိမ္လုပ္ခ်ဥ္ဖတ္မ်ိဳးစုံ ၊ကင္မ္ခ်ီ၊ ရွမ္းမုံညင္းခ်ဥ္၊ ဒိန္ခ်ဥ္၊ပုစြန္ခ်ဥ္၊ ငါးဖယ္ခ်ဥ္၊ငါးေလးခ်ဥ္၊ ဝက္သားခ်ဥ္၊ကီဖာေတြကို ေန႔စဥ္သင့္႐ုံစားေသာက္႐ုံနဲ႔ကို ဘီလ်ံခ်ီတဲ့ အက်ိဳးျပဳပိုးေတြရရွိမွာျဖစ္ပါတယ္။ ပိုးေတြေနတဲ့ အူလမ္းေၾကာင္း ခိုင္ခံ့ဖို႔ အရိုးျပဳတ္ရည္ေသာက္ေပးဖို႔ လိုတယ္။ အူေတြသန႔္ဖို႔အတြက္ ဝမ္းမွန္ေအာင္သြားေပးဖို႔လည္း လိုပါတယ္။

အဲဒီ ၃ မ်ိဳး အျပင္ ဘာလိုအပ္ေသးလဲဆိုေတာ့ ဟိုမုန္းပါ။ တိရစၧာန္အဆီကိုစားၿပီး ေနပူဆာလႈံေပးရင္ ဗီတာမင္ D ဓာတ္ထြက္လာပါတယ္။ ဗီတာမင္ D ဟာ ကိုယ္တြင္းမွာ ဟိုမုန္းတစ္ခုအေနနဲ႔ အလုပ္လုပ္ေပးပါတယ္ ။အဲဒါေတြအားလုံးအလုပ္ေကာင္းေကာင္းလုပ္ဖို႔အတြက္ အိပ္ေရးဝဖို႔ရယ္ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းကို ေခၽြးပုပ္ေတြ ထြက္သြားတဲ့အထိလုပ္ ေန႔စဥ္လုပ္ေပးဖို႔ လိုပါတယ္။ အခုေျပာခဲ့တဲ့အခ်က္ေတြက လတ္တေလာၾကဳံေတြ႕ေနရတဲ့ ကာလနာေရာဂါ တစ္ခုတည္း အတြက္မဟုတ္ဘူး၊ တစ္သက္လုံး ကိုယ္ခံစြမ္းအားေကာင္းၿပီး က်န္းမာအသက္ရွည္ဖို႔၊ အသက္ႀကီးသည္ အထိ ဖလန္းဖလန္းထနိုင္ဖို႔ျဖစ္တဲ့အတြက္ ေသခ်ာမွတ္ထားၿပီး ကိုယ့္မိတ္ေဆြေတြကိုလည္း ကုသိုလ္ျဖစ္ မၽွေဝေပးၾကေစခ်င္ပါတယ္။

မိတ္ေဆြမ်ား အားလုံးမိမိရဲ့ Body ကို immunity ေကာင္းၿပီး၊ မည္သည့္ ျပင္ပေရာဂါပိုးလာလာ ႀကံ့ႀကံ့ခံ ရင္ဆိုင္နိုင္ဖို႔ ၊ခံတပ္အျဖစ္ တည္ေဆာက္ထားၾကပါလို႔…….

ခ်စ္ခင္ေလးစားလၽွက္……..

ကိုဗစ် မကူး စေ ဖို့ သဘာဝ က ပေး တဲ့ အကောင်း ဆုံး ကာကွယ် ဆေး

နိုင်ငံခြား မှာ နေတဲ့ ကျနော့် သူငယ်ချင်း ၅ ယောက်ဟာ တစ်အိမ်ထဲ မှာ အတူတူနေကြ ပါတယ်။ သူတို့ ၅ ယောက်လုံးက ကိုဗစ်ဗိုင်းရပ်စ်နဲ့ တွေ့ခဲ့ကြ သူတွေ ဖြစ်ပါတယ်။ ၅ ယောက်မှာ ၂ ယောက်က ရောဂါကူးစက် မခံရပေမဲ့ ကျန်တဲ့ ၃ယောက် ကတော့ ပေါ့စတစ်ဖြစ်သွား တယ်။ လူ၅ယောက် ဗိုင်းရပ်စ်နဲ့ တွေ့ကြုံရတာချင်းအတူတူ ၃ယောက်က ရောဂါရပြီး ၂ယောက်က ဘာလို့ လွတ်သွားရတာလဲ….? အဖြေကတော့ ကိုယ်ခံ စွမ်းအားချင်း မတူလို့ပဲဖြစ်ပါတယ်။ ရောဂါမရတဲ့သူတွေက ကိုယ်ခံစွမ်းအား ကောင်းကြပြီး ရောဂါရသွားကြသူတွေကတော့ ကိုယ်ခံစွမ်းအားနည်းလို့ ဖြစ်ပါတယ်။

ဗိုင်းရပ်စ် ကိုယ်ထဲကိုဝင်လာပြီ ဆိုတာနဲ့ အရင်ဆုံး ထွက်လာတာ ကတော့ ကိုယ်ခံ စွမ်းအားထဲက Anti body တွေဖြစ်ပါတယ်။ ဝင်လာ တဲ့ ဗိုင်းရပ်စ်ကို Anti body တွေက သွားရောက် ဖျက်ဆီးလိုက်တဲ့ အတွက် လူကို ရောဂါမကူးစက်နိုင်တော့ဘူး။ လူတိုင်းမှာ ကိုယ်ခံစွမ်းအားအနည်းနဲ့ အများရှိကြပေမဲ့ အချို့လူတွေမှာ အနည်းငယ်လောက်ပဲ ရှိတဲ့အတွက် ဗိုင်းရပ်စ်တွေ ဝင်လာတာ များရင် မခုခံနိုင်တော့ဘဲ ကျရှုံးသွားရတဲ့အတွက် ရောဂါကူးစက်ခံရတာ ဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားဆိုတာက အမေမွေး ကတည်းက လူတိုင်းမှာပါလာပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံစွမ်း အားချင်း မတူကြဘူး။ ကိုယ်ခံအားနည်းကြ ရတာဟာ ဘာကြောင့်ပါလဲ..? အကြောင်းအမျိုးမျိုး ရှိပါတယ်။ မိခင်နို့မစို့ခဲ့ရတဲ့သူတွေ ၊အသည်းမှာ BပိုးCပို့း H ပိုးရှိတဲ့သူတွေ၊ နာတာရှည်ရောဂါ ရှိကြတဲ့သူတွေ၊ free radical များတဲ့သူတွေ၊ အာဟာရချို့တဲ့သူတွေ၊ ဆေးလိပ်အရက်စွဲနေကြသူတွေ စသည်ဖြင့်ပေါ့ဗျာ။ အဲဒီလူတွေဟာ အခုလို ကိုဗစ်ကာလမှာ ရောဂါကူးစက်ခံရဖို့ သိပ်လွယ်ပါတယ်။ ဒါကြောင့်လည်း အခုသေနေကြတဲ့သူတွေမှာ အဲ့လို ကိုယ်ခံစွမ်းအားနည်းသူတွေချည်းပဲ ဖြစ်နေတာတွေ့ရလိမ့်မယ်။

ဒါကြောင့် ကျနော်တို့အားလုံး အတွက် အရေးအကြီးဆုံး အချက်က ကိုယ်ခံစွမ်း အားကို အမြင့်ဆုံး ဖြစ်အောင် Boost လုပ်ထာကြဖို့ဆိုတာ ထင်ရှား ပါတယ်။ လူတိုင်းကတော့ ကိုယ်ခံစွမ်းအား ကောင်းအောင် လုပ်ချင်ကြတာပါပဲ။ သို့သော်လည်း ဘယ်လိုလုပ်ရမယ်ဆိုတာကိုတော့ဂ ဃနဏမသိကြဘူး။ ကြားဖူးနားဝလေးတွေပဲ လိုက်လုပ်နေကြရတာကို တွေ့ရပါတယ်။ ဒါကြောင့်ကိုယ်ခံစွမ်းအားကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အတိအကျပြောပြပါမယ်။ အခုကာလအတွက် သာမက တစ်သက်လုံးရောဂါကင်းပြီး သက်တမ်းစေ့အောင် နေနိုင်ဖို့လည်း အသုံးကျတဲ့အတွက် မြန်မာများ အားလုံး သေသေချာချာ မှတ်သားထားစေချင်ပါတယ်။

မိမိရဲ့ ကိုယ်တွင်းကနေ ကိုယ်ခံစွမ်းအား ထွက်လာ တဲ့ အရင်းအမြစ် ၃ ခုရှိပါတယ်။ အဲဒါတွေကတော့- (၁) သွေးရည်ကြည် (၂)သွေး (၃) အူပိုး

အဲဒီ၃ခုဖြစ်ပါတယ်။ သွေးရည်ကြည် အကြောင်း စပြောမယ်။ ကျနော်တို့ ခေါင်းအစခြေအဆုံး လှည့်ပတ်စီးဆင်းနေတဲ့ အကြည်ရောင် အရည်တွေရှိပါတယ်။ အဲဒါကို `လင်ဖက်တစ်´ လို့ခေါ်ပါတယ်။ မြန်မာလိုတော့ သွေးရည်ကြည်ပေါ့။ အဲဒီလင်ဖက် တစ်သွေးရည်ကြည်ထဲမှာ ပြင်ပရောဂါပိုးတွေ ဝင်လာရင် ချက်ချင်းတိုက်ထုတ်ပေးမယ့် Anti body တွေ ထြီလျံချီပြီး ရှိပါတယ်။ အနောက်တိုင်းဆေးပညာရှင်တွေကတော့ T cell, B cell စသည်ဖြင့် ခေါ်ကြပါတယ်။ အဲဒီသွေးရည်ကြည် အားကောင်းမှကိုယ်ခံစွမ်းအားကောင်းတာ ဖြစ်ပါတယ်။ ဒုတိယတစ်ခုက သွေး။ သွေးထဲမှာ သွေးနီဥတွေနဲ့ အတူရောပြီး ရှိနေတာက သွေးဖြူဥတွေဖြစ်တယ်။ အနောက်တိုင်းဆေးပညာရှင်တွေ ကတော့ WBC လို့ခေါ်ကြပါတယ်။ အဲဒီ သွေးဖြူဥတွေကလည်း ကိုယ်ထဲဝင်လာတဲ့ ရောဂါပိုးမှန်သမျှကို ဖျက်ဆီးဝါးမျိုပေးပါတယ်။ တတိယတစ်ခုကတော့ အူတွေထဲမှာရှိနေတဲ့ အကျိုးပြုပိုးတွေဖြစ်ပါတယ်။ အဲဒီအူပိုးတွေကလည်း ကိုယ်တွင်းကို ဝင်လာတဲ့ ရောဂါပိုးတွေကို ကိုက်ဖျက် ဝါးမျိုပစ်လိုက်ကြပါတယ်။

ဆိုတော့ အဲဒီ ၃ မျိုး အားကောင်းနေမယ် ဆိုရင် ကိုယ်ခံစွမ်းအားက မြင့်နေပြီး မည်သည့်ရောဂါပိုးမှ ကိုယ့်ကို ဒုက္ခပေးလို့ မရနိုင်ဘူး။ ဒါကြောင့် အဲဒီ ၃မျိုးလုံး အားကောင်း အောင် လုပ်ရမယ်ပေါ့။ ပထမတစ်ခုဖြစ်တဲ့ သွေးရည်ကြည် အားကောင်းအောင်ဘယ်လိုလုပ်ရမလဲ။ သွေးရည်ကြည်ဖြစ်ပေါ်လာစေတာက ကျနော်တို့ စားလိုက်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကရတဲ့ Enzyme တွေဖြစ်ပါတယ်။ ဗီတာမင်တွေ မျိုးစုံပါတဲ့ အသီးအရွက်တွေပါပဲ။ အထူးသဖြင့် ဗီတာမင်စီ ကြွယ်ဝတဲ့ အရည်ရွှမ်းသစ်သီးတွေထဲက Antioxidant ဓာတ်ဟာ အင်မတန်အခရာကျပါတယ်။ ဒါကြောင့် အရောင်မျိုးစုံရှိတဲ့ ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေ များများစားခြင်း ကြိတ်သောက်ခြင်းတွေက သွေးရည်ကြည်ကို အားကောင်းစေပါလိမ့်မယ်။

ဒုတိယ တစ်ခုဖြစ်တဲ့ သွေးထဲက သွေးဖြူ ဥအားကောင်းအောင် ဘယ်လို လုပ်ရမလဲဆိုတာ ဆက်ပြောမယ်။ သွေးဖြူ ဥဟာ ပရိုတင်း တစ်မျိုးဖြစ်တယ်။ သူ့ကို အမိုင်နိုအက်စစ် တွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ အမိုင်နိုအက်စစ်တွေ အဓိကရတဲ့ source ကတော့ အနီရောင် အသားနဲ့ အသည်းဖြစ်ပါတယ်။ အထူးသဖြင့် ဆိတ်သားနဲ့ ဆိတ်ကလီစာတွေမှာ အများဆုံးပါဝင်ပါတယ်။ တိရစ္ဆာန်အသည်းမှာ ဗီတာမင်တွေ သတ္တုဓာတ်တွေ တော်တော်စုံအောင် ပါပါတယ်။ အကယ်၍ သက်သတ်လွတ်စားတယ် ဆိုရင်ပဲပုပ်ပဲကို စားခြင်းဖြင့် အမိုင်နိုအက်စစ်ပရိုတင်းကို ရရှိနိုင်ပါတယ်။

တတိယတစ်ခုဖြစ်တဲ့ အူတွင်းအကျိုးပြု ပိုးမွေးဖို့ ဘယ်လိုလုပ်ရမလဲ။ လွယ်လွယ်လေးပါပဲ။ probiotic ပိုးတွေအများကြီးပါတဲ့ အိမ်လုပ်ချဉ်ဖတ်မျိုးစုံ ၊ကင်မ်ချီ၊ ရှမ်းမုံညင်းချဉ်၊ ဒိန်ချဉ်၊ပုစွန်ချဉ်၊ ငါးဖယ်ချဉ်၊ငါးလေးချဉ်၊ ဝက်သားချဉ်၊ကီဖာတွေကို နေ့စဉ်သင့်ရုံစားသောက်ရုံနဲ့ကို ဘီလျံချီတဲ့ အကျိုးပြုပိုးတွေရရှိမှာဖြစ်ပါတယ်။ ပိုးတွေနေတဲ့ အူလမ်းကြောင်း ခိုင်ခံ့ဖို့ အရိုးပြုတ်ရည်သောက်ပေးဖို့ လိုတယ်။ အူတွေသန့်ဖို့အတွက် ဝမ်းမှန်အောင်သွားပေးဖို့လည်း လိုပါတယ်။

အဲဒီ ၃ မျိုး အပြင် ဘာလိုအပ်သေးလဲဆိုတော့ ဟိုမုန်းပါ။ တိရစ္ဆာန်အဆီကိုစားပြီး နေပူဆာလှုံပေးရင် ဗီတာမင် D ဓာတ်ထွက်လာပါတယ်။ ဗီတာမင် D ဟာ ကိုယ်တွင်းမှာ ဟိုမုန်းတစ်ခုအနေနဲ့ အလုပ်လုပ်ပေးပါတယ် ။အဲဒါတွေအားလုံးအလုပ်ကောင်းကောင်းလုပ်ဖို့အတွက် အိပ်ရေးဝဖို့ရယ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို ချွေးပုပ်တွေ ထွက်သွားတဲ့အထိလုပ် နေ့စဉ်လုပ်ပေးဖို့ လိုပါတယ်။ အခုပြောခဲ့တဲ့အချက်တွေက လတ်တလောကြုံတွေ့နေရတဲ့ ကာလနာရောဂါ တစ်ခုတည်း အတွက်မဟုတ်ဘူး၊ တစ်သက်လုံး ကိုယ်ခံစွမ်းအားကောင်းပြီး ကျန်းမာအသက်ရှည်ဖို့၊ အသက်ကြီးသည် အထိ ဖလန်းဖလန်းထနိုင်ဖို့ဖြစ်တဲ့အတွက် သေချာမှတ်ထားပြီး ကိုယ့်မိတ်ဆွေတွေကိုလည်း ကုသိုလ်ဖြစ် မျှဝေပေးကြစေချင်ပါတယ်။

မိတ်ဆွေများ အားလုံးမိမိရဲ့ Body ကို immunity ကောင်းပြီး၊ မည်သည့် ပြင်ပရောဂါပိုးလာလာ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ ၊ခံတပ်အဖြစ် တည်ဆောက်ထားကြပါလို့…….

ချစ်ခင်လေးစားလျှက်……..

About the author

Ms Cele

Leave a Comment