Local News

ကိုဗစ္ အင္းယား (စစ္ ေျမျပင္) စင္တာ မွ ေပးပို႔ လိုက္ ေသာ စာ (ပါေမာကၡ ေဒါက္တာ ေအာင္သိန္း ေဌး)

Written by Ms Cele

ကိုဗစ္ အင္းယား (စစ္ ေျမျပင္) စင္တာ မွ ေပးပို႔ လိုက္ ေသာ စာ (ပါေမာကၡ ေဒါက္တာ ေအာင္သိန္း ေဌး)

ဆရာႀကီး ပါေမာကၡ ေဒါက္တာ ေအာင္သိန္းေဌး ဟာ ေဆးတကၠသိုလ္ (၂) ရန္ကုန္က ပါေမာကၡ၊ ဌာနမႉးျဖစ္ပါတယ္။ အခု အခ်ိန္မွာ အင္းယား စင္တာ ရဲ့ ဒုဦးစီး အုပ္ခ်ဳပ္သူ အျဖစ္ ဦးေဆာင္ ကာ အတည္ျပဳလူနာ မ်ားကို ကုသေပးေနေသာ ဆရာဝန္ႀကီး တစ္ဦးျဖစ္ပါတယ္။ ဆရာႀကီး ပါေမာကၡ ေဒါက္တာေအာင္သိန္းေဌးက သူ႔ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေရးသား ထားတဲ့ အေၾကာင္းအရာမ်ားကို မျပင္ဆင္ဘဲ မူရင္း အတိုင္း ျပန္လည္၍ ဂုဏ္ျပဳေဖာ္ျပလိုက္ပါတယ္။ “ကိုဗစ္အင္းယား (စစ္ေျမျပင္) စင္တာမွ ေပးပို႔လိုက္ ေသာစာ”

ႏွလုံးခုန္ေနေသးသေရြ႕၊ အသက္ဝေအာင္ရႉ နိုင္ေနေသး သေရြ႕ ကိုဗစ္ ကို ကၽြႏုပ္တို႔တိုက္ထုတ္ ေနဦးမည္သာ။ နာဂစ္မုန္တိုင္းလို ဖ်က္ဆီးအား ျပင္းထန္ဆိုးရြားလွတဲ့ လျပင္းမလာခင္ ရန္ကုန္ ပတ္ဝန္းက်င္ဟာ တိတ္ဆိတ္ေနခဲ့သလို လွိုင္းလုံး ေတြလို ေရာက္လာေတာ့မဲ့ ကိုဗစ္လူနာေတြ ကၽြန္ေတာ္တို႔ဆီ ေရာက္မလာခင္ အင္းယားစင္တာတစ္ခုလုံးဟာ တိတ္ဆိတ္ေနခဲ့ၿပီး အင္းယားစင္တာထဲ တိုးဝင္ေရာက္လာေတာ့မဲ့ ကိုယ္ေဖ်ာက္ကိုဗစ္ကို သတိႀကီးစြာ ေစာင့္ေနခဲ့တယ္။

ပထမဆုံး အင္ယားကို ေရာက္လာခဲ့သူေလး ကေတာ့ ၁၂ ႏွစ္အရြယ္ သမီးငယ္ေလးတစ္ဦးပါပဲ။

ရက္စက္ၿပီး အသက္ကိုႏႈတ္ယူ တတ္တဲ့ ကိုဗစ္ပိုးေတြ ခႏၶာကိုယ္ထဲ အုံဖြဲ႕ခံထားရေပမဲ့ သမီးငယ္ေလး ကေတာ့ တည္ၿငိမ္မႈအျပည့္နဲ႔ လိုက္ပို႔တဲ့ အဖြဲ႕ေတြကို ႏႈတ္ဆက္ရင္း အိတ္ကေလး ဆြဲကာ စင္တာထဲလမ္း ေလ်ာက္ဝင္လာတာကို အသက္ရႉမွား ေလာက္ေအာင္ ေငးၾကည့္ေနခဲ့မိတယ္။ ကပ္ေရာဂၚရဲ့ ရိုက္ခတ္မႈဒဏ္ကို ႀကံ့ႀကံ့ ခံရင္ဆိုင္ရဲတဲ့ သမီးငယ္ေလးရဲ့ သတၱိဟာ စံထား ေလာက္ပါတယ္။ ဒီလိုနဲ႔အင္းယားစင္တာဟာလည္း ကိုဗစ္စစ္ေျမျပင္တစ္ခု ျဖစ္လာခဲ့ေတာ့တယ္။

ဒီတိုက္ပြဲကို ပါဝင္တိုက္ခိုက္ၿပီး လူနာေတြရဲ့ အသက္ ကို COVID လက္က လြတ္ထြက္ နိုင္ေအာင္ လုပ္ေဆာင္ ေပးၾကမဲ့ စစ္သည္အင္အား ကေတာ့၂၀၀ ေလာက္နဲ႔ စုဖြဲ႕ထားတယ္။ ဒီစစ္ေျမျပင္မွာ ပါဝင္ဆင္ႏႊဲၾကမဲ့သူနာျပဳ ၂၀ ဟာ ကခ်င္ျပည္နယ္က ျဖစ္ၿပီး သူနာျပဳ ၂၁ ဦးကေတာ့ ရွမ္းျပည္ေျမာက္ပိုင္းက ျဖစ္ၾကတယ္။ သူတို႔ဟာ ညီေႏွာင္သားခ်င္း မ်ားျဖစ္တဲ့ ရန္ကုန္သူရန္သားေတြကို COVID လက္ထဲကလြတ္ေျမာက္ေစဖို႔ေဖးမ ကူညီရန္ မိမိတို႔ရဲ့ေစတနာ အေလ်ာက္ အင္းယားစစ္ေျမျပင္ကို ေရာက္လာခဲ့တယ္။

ဆရာဝန္အင္အား ၈၀ ေလာက္ဟာ ရန္ကုန္ေဆး တကၠသိုလ္မ်ားက ျဖစ္ၾကတယ္။ အေထြေထြေထာက္ကူ ေပးမဲ့ ေစတနာ့ဝန္ထမ္း အင္အား ၈၀ ေလာက္ဟာလည္း နယ္ၿမိ ု႔အသီးသီးေက ရာက္လာသူေတြပါ။
ကြပ္ကဲအုပ္ခ်ဳပ္ေရးအဖြဲ႕ကေတာ့ ဆရာဝန္မ်ားအပါအဝင္ တတ္သိပညာရွင္ ၁၀ ဦးနဲ႔ဖြဲ႕စည္းထားတယ္။

ဆရာဝန္အဖြဲ႕ကေတာ့ ေျမာက္ဥကၠလာေဆး႐ုံက ကိုဗစ္လူနာေတြကိုပါ ေစာင့္ေရွာက္ေပး ေနရတာရယ္ ၎တိ ု႔ရဲ့ မိခင္ဌာနဆိ ုင္ရာ အလုပ္တာဝန္ျဖစ္တဲ့ ထိခိုက္က္ဒဏ္ရာနဲ႔ အရိုးေရာဂါ ၊ အရိုးက်ိဳးေဝဒနာသည္ေတြကို အေရးေပၚ ၂၄ နာရီကုသေပးေနရေတာ့ စစ္မ်က္နာ ၃ ခု ဖြင့္တိုက္ေနရတာေပါ့။ ဒါေပမဲ့လည္း ရွိရွိသမၽွေသာအင္းအားမ်ားနဲ႔ တိုက္ပြဲဝင္ေနလ်က္ပါ။

ပထမ COVID စစ္ပြဲ(ပထမလွိူင္း)မွာေတာ့ ေႏြရာသီရဲ့ အပူခ်ိန္ျမင့္မား မႈရယ္ စိုထိုင္း ဆျမင့္တာရယ္ ရာသီဥတုက ကၽြန္ေတာ္တို႔ ဘက္ကရွိေနေပမဲ့ ယခု ဒုတိယစစ္ပြဲ(ဒုတိယလွိ ုင္း)မွာေတာ့ ရာသီဥတု ဟာ ကၽြန္ေတာ္တို႔ဘက္က ရွိမေနဘူးဆိုတာသတိျပဳမိတယ္။ မိုးရာသီ စိုစိုစြတ္စြတ္ နဲ႔ တုတ္ေကြးဗိုင္းရပ္ ေတြပ်ံ႕ႏွံ့ေလ့ရွိတဲ့ ရာသီျဖစ္ ေနေတာ့ ကၽြန္ေတာ္တို႔တေတြ မီးကုန္ ယမ္းကုန္ေတာ့ ဖြင့္တိုက္ရမယ္ ဆိုတာ သိထားမိေန ခဲ့တယ္။ ခက္ခဲျပင္းထန္ေနတဲ့ တိုက္ပြဲတစ္ခုလို႔ပဲ မွတ္ယူမိတယ္။

ကိုေရာင္ေဖ်ာက္ ထားတဲ့ ကိုဗစ္ကိုေလ်ာ့မတြက္မိဖို႔၊ မာယာေက်ာ့ကြင္းထဲ မိမသြားဖို႔ အစဥ္ သတိရွိေနၾကစို ႔ရဲေဘာ္တို႔။ လက္ေဆးပါ၊ mask (ႏွာေခါင္းစည္း)တပ္ ထားပါ။ ပတ္ဝန္းက်င္ကိုသန္႔ရွင္းေအာင္ လုပ္ပါ၊ လူစုမေနပါနဲ႔၊ လက္ကိုမ်က္ႏွာနဲ႔ မထိမိေအာင္ ဂ႐ုစိုက္ပါ။ လက္ကိုမလိုအပ္ပဲ ဘာကို မွမကိုင္တြယ္ ပါနဲ႔။ ကိုဗစ္နဲ႔လႊဲနိုင္ၾကပါေစ။

ပါေမာကၡ ေဒါက္တာေအာင္သိန္းေဌး

ကိုဗစ် အင်းယား (စစ် မြေပြင်) စင်တာ မှ ပေးပို့ လိုက် သော စာ (ပါမောက္ခ ဒေါက်တာ အောင်သိန်း ဌေး)

ဆရာကြီး ပါမောက္ခ ဒေါက်တာ အောင်သိန်းဌေး ဟာ ဆေးတက္ကသိုလ် (၂) ရန်ကုန်က ပါမောက္ခ၊ ဌာနမှူးဖြစ်ပါတယ်။ အခု အချိန်မှာ အင်းယား စင်တာ ရဲ့ ဒုဦးစီး အုပ်ချုပ်သူ အဖြစ် ဦးဆောင် ကာ အတည်ပြုလူနာ များကို ကုသပေးနေသော ဆရာဝန်ကြီး တစ်ဦးဖြစ်ပါတယ်။ ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်သိန်းဌေးက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသား ထားတဲ့ အကြောင်းအရာများကို မပြင်ဆင်ဘဲ မူရင်း အတိုင်း ပြန်လည်၍ ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။ “ကိုဗစ်အင်းယား (စစ်မြေပြင်) စင်တာမှ ပေးပို့လိုက် သောစာ”

နှလုံးခုန်နေသေးသရွေ့၊ အသက်ဝအောင်ရှူ နိုင်နေသေး သရွေ့ ကိုဗစ် ကို ကျွနုပ်တို့တိုက်ထုတ် နေဦးမည်သာ။ နာဂစ်မုန်တိုင်းလို ဖျက်ဆီးအား ပြင်းထန်ဆိုးရွားလှတဲ့ လပြင်းမလာခင် ရန်ကုန် ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေခဲ့သလို လှိုင်းလုံး တွေလို ရောက်လာတော့မဲ့ ကိုဗစ်လူနာတွေ ကျွန်တော်တို့ဆီ ရောက်မလာခင် အင်းယားစင်တာတစ်ခုလုံးဟာ တိတ်ဆိတ်နေခဲ့ပြီး အင်းယားစင်တာထဲ တိုးဝင်ရောက်လာတော့မဲ့ ကိုယ်ဖျောက်ကိုဗစ်ကို သတိကြီးစွာ စောင့်နေခဲ့တယ်။

ပထမဆုံး အင်ယားကို ရောက်လာခဲ့သူလေး ကတော့ ၁၂ နှစ်အရွယ် သမီးငယ်လေးတစ်ဦးပါပဲ။

ရက်စက်ပြီး အသက်ကိုနှုတ်ယူ တတ်တဲ့ ကိုဗစ်ပိုးတွေ ခန္ဓာကိုယ်ထဲ အုံဖွဲ့ခံထားရပေမဲ့ သမီးငယ်လေး ကတော့ တည်ငြိမ်မှုအပြည့်နဲ့ လိုက်ပို့တဲ့ အဖွဲ့တွေကို နှုတ်ဆက်ရင်း အိတ်ကလေး ဆွဲကာ စင်တာထဲလမ်း လျောက်ဝင်လာတာကို အသက်ရှူမှား လောက်အောင် ငေးကြည့်နေခဲ့မိတယ်။ ကပ်ရောဂါ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ ခံရင်ဆိုင်ရဲတဲ့ သမီးငယ်လေးရဲ့ သတ္တိဟာ စံထား လောက်ပါတယ်။ ဒီလိုနဲ့အင်းယားစင်တာဟာလည်း ကိုဗစ်စစ်မြေပြင်တစ်ခု ဖြစ်လာခဲ့တော့တယ်။

ဒီတိုက်ပွဲကို ပါဝင်တိုက်ခိုက်ပြီး လူနာတွေရဲ့ အသက် ကို COVID လက်က လွတ်ထွက် နိုင်အောင် လုပ်ဆောင် ပေးကြမဲ့ စစ်သည်အင်အား ကတော့၂၀၀ လောက်နဲ့ စုဖွဲ့ထားတယ်။ ဒီစစ်မြေပြင်မှာ ပါဝင်ဆင်နွှဲကြမဲ့သူနာပြု ၂၀ ဟာ ကချင်ပြည်နယ်က ဖြစ်ပြီး သူနာပြု ၂၁ ဦးကတော့ ရှမ်းပြည်မြောက်ပိုင်းက ဖြစ်ကြတယ်။ သူတို့ဟာ ညီနှောင်သားချင်း များဖြစ်တဲ့ ရန်ကုန်သူရန်သားတွေကို COVID လက်ထဲကလွတ်မြောက်စေဖို့ဖေးမ ကူညီရန် မိမိတို့ရဲ့စေတနာ အလျောက် အင်းယားစစ်မြေပြင်ကို ရောက်လာခဲ့တယ်။

ဆရာဝန်အင်အား ၈၀ လောက်ဟာ ရန်ကုန်ဆေး တက္ကသိုလ်များက ဖြစ်ကြတယ်။ အထွေထွေထောက်ကူ ပေးမဲ့ စေတနာ့ဝန်ထမ်း အင်အား ၈၀ လောက်ဟာလည်း နယ်မြိ ု့အသီးသီးကေ ရာက်လာသူတွေပါ။
ကွပ်ကဲအုပ်ချုပ်ရေးအဖွဲ့ကတော့ ဆရာဝန်များအပါအဝင် တတ်သိပညာရှင် ၁၀ ဦးနဲ့ဖွဲ့စည်းထားတယ်။

ဆရာဝန်အဖွဲ့ကတော့ မြောက်ဥက္ကလာဆေးရုံက ကိုဗစ်လူနာတွေကိုပါ စောင့်ရှောက်ပေး နေရတာရယ် ၎င်းတိ ု့ရဲ့ မိခင်ဌာနဆိ ုင်ရာ အလုပ်တာဝန်ဖြစ်တဲ့ ထိခိုက်က်ဒဏ်ရာနဲ့ အရိုးရောဂါ ၊ အရိုးကျိုးဝေဒနာသည်တွေကို အရေးပေါ် ၂၄ နာရီကုသပေးနေရတော့ စစ်မျက်နာ ၃ ခု ဖွင့်တိုက်နေရတာပေါ့။ ဒါပေမဲ့လည်း ရှိရှိသမျှသောအင်းအားများနဲ့ တိုက်ပွဲဝင်နေလျက်ပါ။

ပထမ COVID စစ်ပွဲ(ပထမလှိူင်း)မှာတော့ နွေရာသီရဲ့ အပူချိန်မြင့်မား မှုရယ် စိုထိုင်း ဆမြင့်တာရယ် ရာသီဥတုက ကျွန်တော်တို့ ဘက်ကရှိနေပေမဲ့ ယခု ဒုတိယစစ်ပွဲ(ဒုတိယလှိ ုင်း)မှာတော့ ရာသီဥတု ဟာ ကျွန်တော်တို့ဘက်က ရှိမနေဘူးဆိုတာသတိပြုမိတယ်။ မိုးရာသီ စိုစိုစွတ်စွတ် နဲ့ တုတ်ကွေးဗိုင်းရပ် တွေပျံ့နှံ့လေ့ရှိတဲ့ ရာသီဖြစ် နေတော့ ကျွန်တော်တို့တတွေ မီးကုန် ယမ်းကုန်တော့ ဖွင့်တိုက်ရမယ် ဆိုတာ သိထားမိနေ ခဲ့တယ်။ ခက်ခဲပြင်းထန်နေတဲ့ တိုက်ပွဲတစ်ခုလို့ပဲ မှတ်ယူမိတယ်။

ကိုရောင်ဖျောက် ထားတဲ့ ကိုဗစ်ကိုလျော့မတွက်မိဖို့၊ မာယာကျော့ကွင်းထဲ မိမသွားဖို့ အစဉ် သတိရှိနေကြစို ့ရဲဘော်တို့။ လက်ဆေးပါ၊ mask (နှာခေါင်းစည်း)တပ် ထားပါ။ ပတ်ဝန်းကျင်ကိုသန့်ရှင်းအောင် လုပ်ပါ၊ လူစုမနေပါနဲ့၊ လက်ကိုမျက်နှာနဲ့ မထိမိအောင် ဂရုစိုက်ပါ။ လက်ကိုမလိုအပ်ပဲ ဘာကို မှမကိုင်တွယ် ပါနဲ့။ ကိုဗစ်နဲ့လွှဲနိုင်ကြပါစေ။

ပါမောက္ခ ဒေါက်တာအောင်သိန်းဌေး

About the author

Ms Cele

Leave a Comment