International News

ကိုဗစ္ အေမွာင္ ထု ထဲမွ ေအာင္ျမင္ စြာ ႐ုန္းထြက္ႏိုင္ခဲ့ ၿပီျဖစ္ တဲ့ စင္ကာ ပူႏိုင္ငံ (အတု ယူစရာ ပါပဲ)

Written by Ms Cele

ကိုဗစ္ အေမွာင္ ထု ထဲမွ ေအာင္ျမင္ စြာ ႐ုန္းထြက္ႏိုင္ခဲ့ ၿပီျဖစ္ တဲ့ စင္ကာ ပူႏိုင္ငံ (အတု ယူစရာ ပါပဲ)

စင္ကာပူဟာ ကိုဗစ္အေမွာင္ထဲမွ ေအာင္ျမင္စြာ ႐ုန္းထြက္နိုင္ခဲ့ပါၿပီ။

ေအာက္တိုဘာ ၁၇ ရက္ေန႔အထိ စင္ကာပူ အေျခအေနက ေအာက္ပါအတိုင္းျဖစ္ပါတယ္။ေဆး႐ုံမွာ ကိုဗစ္လူနာ ၃၇ ေယာက္ပဲ က်န္ေတာ့တယ္။ အထူးၾကပ္မတ္ ကုသေဆာင္ ICU ထဲမွာ တစ္ေယာက္မွ မက်န္ေတာ့ဘူး။ ကူးစက္ခဲ့သူရဲ့ ၉၉ % ဟာ ေဆး႐ုံက ဆင္းသြားပါၿပီ။ Community care unit မွာ ေဆး႐ုံတက္ စရာမလိုတဲ့သူ ၄၁ ေယာက္ပဲက်န္ပါေတာ့တယ္။ စုစုေပါင္း ၅၇၀၀၀ ေက်ာ္ကူးစက္ခဲ့ရာမွာ ၂၈ ေယာက္ပဲ ကိုဗစ္နဲ႔ေသဆုံးခဲ့ပါတယ္။

တစ္ခ်ိဳ႕ျပည္ပမွ လူတတ္ႀကီး ေတြက အေရွ႕ေတာင္အာရွနိုင္ငံေတြက ေဒတာေတြ လိမ္ၾကတယ္။ ျမန္မာျပည္လည္းလူနာအေရအတြက္ လိမ္သင့္ တယ္လို႔ ေျပာၾကပါတယ္။ စင္ကာပူဟာအေျခအေနကိုမလိမ္ခဲ့ပါ။ လူထုကို လိမ္လည္ၿပီး ဖုံးကြယ္တာထက္ လူထုက တကယ္ဘာျဖစ္ေနတယ္ဆိုတာကိုသိၿပီး လူထုရဲ့ပူးေပါင္းပါဝင္မႈကို ရယူတာကအေကာင္းဆုံးပါ။

စင္ကာပူရဲ့အေမွာင္ဖုံးခဲ့တဲ့ အေျခအေနကို ျပန္ၾကည့္မယ္ဆိုရင္ ဇန္နဝါရီလမွာ ကိုဗစ္ စျဖစ္တာနဲ႔ စင္ကာပူအေနနဲ႔ မေသခ်ာ မေရရာမႈမ်ားစြာနဲ႔ ၾကဳံေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာ ေရာဂါအေၾကာင္းဘာ မွမသိသေလာက္ အေျခအေနမွာ ကမၻာမွာလူထုထဲျပန႔္နံ့သြားမႈ community spread ပထမဦးဆုံးျဖစ္ ခဲ့တဲ့နိုင္ငံေတြထဲမွာ ပါခဲ့ပါတယ္။

community spread ကိုအေသအခ်ာ ထိန္းနိုင္ကာစမွာပဲ မထင္မွတ္ပဲ လုပ္သား အေဆာင္ ေတြမွာ ကိုဗစ္ကူးစက္ျပန႔္ပြားမႈ အႀကီးအက်ယ္ေတြ႕ရွိခဲ့ရာက လူနာအေရ အတြက္ အႀကီးအက်ယ္ ထိုးတက္သြားခဲ့ပါတယ္။ အဲ့ဒီအေျခအေနကေန အထက္မွာ တင္ျပခဲ့သလို ၉၉ % ေဆး႐ုံဆင္းတဲ့အထိ ေအာင္ျမင္ လာခဲ့တာပါ။လုပ္သားေဆာင္ ေတြမွာ ၆ လအၾကာအႀကီးအက်ယ္ကိုဗစ္စစ္ဆင္ေရးလုပ္အၿပီးမွာ zero case ျဖစ္ေအာင္လုပ္နိုင္ခဲ့ပါတယ္။

အခုလိုေအာင္ျမင္ေအာင္ ေဆး႐ုံဘက္မွာဘယ္လိုတိုက္ပြဲဝင္ခဲ့ရသလဲဆိုတာကို National Centre for Infectious Diseases (NCID) ရဲ့ consultant ဆရာဝန္သုံးေယာက္က ရွင္းျပထားပါတယ္။Dr Ray Lin Junhao, 37 ႏွစ္ဟာ ကူးစက္ေရာဂါေဆး႐ုံႀကီး Tan Tock Seng Hospital မွ consultant ျဖစ္ပါတယ္။သူဟာ ကိုဗစ္နဲ႔ေသလုေျမာပါးျဖစ္ေနတဲ့ လူနာေတြကို အနီးကပ္ကုသေပးရတဲ့သမားေတာ္တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ clinical trials ေတြရဲ့ co-investigator လည္းျဖစ္ၿပီး therapeutics for disease evaluation မွာပါဝင္ခဲ့သူပါ။

သင့္ေတာ္မယ့္ကုထုံးေတြ ကို ေဖာ္ထုတ္ခဲ့သူ တစ္ေယာက္ပါ။တကယ္ေတာ့ ဆရာဝန္ေတြက မေတာ္လို႔မဟုတ္ပါ။ ကိုဗစ္ဟာ ေရာဂါအသစ္ျဖစ္တဲ့အတြက္ စစျခင္း လမ္းေပ်ာက္ၿပီး ဘယ္လိုကုသရမွန္း မသိၾကတာပါ။ စစျခင္းမွာ အင္တာနက္နဲ႔ ဆိုရွယ္မီဒီယာကေန ရနိုင္သမၽွသတင္းေတြကို စုရပါတယ္။ သတင္းတုေတြ ရွိသလို သတင္းအမွန္ကို ျဖန႔္ေဝေပးေနတဲ့သူေတြလည္း ရွိပါတယ္။ အဲ့ဒီသတင္း အခ်က္အလက္ေတြဟာ လက္ရွိကိုဗစ္ ကုသေရးနည္းလမ္းေတြ အေပၚမွာ လႊမ္းမိုးမႈရွိခဲ့ပါတယ္။

စစျခင္းမွာ hydroxychloroquine လိုေဆးကို စမ္းသပ္ေပးၾကည့္ရမွာ မေအာင္ျမင္ ခဲ့ပါ။ convalescent plasma programme ကို အေကာင္အထည္ ေဖာ္ရာမွာ ပါဝင္ခဲ့တဲ့ Dr Mucheli Sharavan Sadasiv, 37 ႏွစ္ကလည္း စစျခင္းမွာ တကယ့္ကို helpless အကူအညီမဲ့ေနသလို ခံစားရပါတယ္တဲ့။

အဲ့လို လူေရာစိတ္ပါ physically and mentally ခံစားရတာဟာ ပုံမွန္ခံစားမႈ ပါပဲတဲ့။ တျဖည္းျဖည္းနဲ႔ ဘယ္လို treat လုပ္ရင္ ပိုေကာင္းမလဲသိ လာတယ္။ဥပမာ – လူနာကို ventilator တင္ထားခ်ိန္မွာ ပက္လက္လွန္ မေနခိုင္းပဲ ေမွာက္ေနခိုင္း တာက လူနာအသက္ရွင္ေစဖို႔အေကာင္းဆုံးနည္းလမ္းတစ္ခုဆိုတာ သိလာရပါတယ္တဲ့။

လူနာဟာ ဘယ္ေလာက္ပဲ အသက္ကူရႈစက္နဲ႔ကူ ေနေပမယ့္ လိုအပ္တဲ့ေအာက္ဆီဂ်င္ ပမာဏကို မရနိုင္ခဲ့ပါဘူး။ အခုလိုလူနာကို ေမွာက္ေနခိုင္းလိုက္တာနဲ႔ အသက္ရႈရလြယ္ လာၿပီးေအာက္ဆီဂ်င္ကိုပိုမိုစုပ္ယူနိုင္လာပါတယ္။ ကုသေဆး မေပၚခင္မွာ လူနာ အတြက္ နလန္ထဖို႔အခ်ိန္ပိုရလာပါတယ္တဲ့။

ေနာက္တစ္ခုက ႀကိဳတင္ခန႔္မွန္းနိုင္မႈပါ။Dr Lee Tau Hong, 39 ႏွစ္ဟာ College of Physicians Singapore ရဲ့ vice-chair တစ္ေယာက္ပါ။က်ေနာ့္အေနနဲ႔အခုအခ်ိန္မွာ လူနာေတြကိုကုသရာမွာပိုမိုယုံၾကည္မႈရွိလာပါတယ္တဲ့။ NCID ရဲ့ clinical director Dr Shawn Vasoo တို႔အဖြဲ႕ခ်ေပးတဲ့ treatment guidelines နဲ႔ သူ႔ရဲ့ knowledge ေပါင္းၿပီး clinical workflows ေတြဆြဲေပးခဲ့တယ္။

ဆရာဝန္ေတြကအဲ့ဒါကိုၾကည့္ၿပီး ဘယ္လူနာက ဘယ္ေလာက္ အေျခအေနဆိုးနိုင္တယ္။ ဘာလုပ္ေပးရမယ္ ဆိုတာကို သိသြားပါတယ္။Dr Lee ေျပာတာက Remdesivir နဲ႔ dexamethasone က ထိေရာက္မႈရွိေၾကာင္းေတြ႕ရွိခဲ့ပါတယ္တဲ့။ NCID ဟာ Gilead နဲ႔ေရာ အေမရိကန္ NIH နဲ႔ေရာ clinical trials စမ္းသပ္မႈမွာ ပူးေပါင္းလုပ္ေဆာင္ခဲ့ပါတယ္တဲ့။Dr Lee ရဲ့အဆိုအရ သူတို႔သုံးၾကည့္ရာမွာ Remdesivir ဟာ anti-viral agent ျဖစ္တဲ့အတြက္ ဗိုင္းရပ္စ္ကိုဒါရိုက္အက်ိဳးသက္ေရာက္မႈရွိေစတဲ့အတြက္ ကိုဗစ္ေၾကာင့္ေရာဂါအေျခအေနဆိုးဝါးမႈကို ေလ်ာ့က်ေစတယ္လို႔ဆိုပါတယ္။

Dr Lin ကလည္း Remdesivir သုံးၾကည့္ရာမွာ ICU ထဲမွာလူနာေနရတဲ့ အခ်ိန္ေလ်ာ့က်သြား တာကို သူတို႔ေလ့လာေတြ႕ရွိ ရပါတယ္တဲ့။ dexamethasone ဟာ ဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ကိုယ္အဂၤါေရာင္ရမ္းမႈကိုေလ်ာ့က်ေစတဲ့အတြက္ ေရာဂါျပင္းထန္တဲ့လူနာေတြမွာ သူတို႔သုံးေနပါတယ္။ ေရာဂါလကၡဏာမျပင္းထန္တဲ့သူေတြမွာ မသုံးသင့္ပါ။

Associate Professor David Lye ကအေမရိကန္သမၼတ ထရမ့္သုံးတဲ့ Regeneron ကေဆးနဲ႔ပတ္သက္ၿပီး ေျပာရာမွာ Regeneron က NCID နဲ႔ပူးေပါင္းလုပ္ေဆာင္ဖို႔ request လုပ္ခဲ့ပါတယ္တဲ့။NCID ကို ကိုဗစ္ကျပန္ေကာင္းလာတဲ့လူနာအေယာက္ ၂၀ စုေဆာင္းေပးဖို႔အကူအညီေတာင္းခဲ့ေပမယ့္ လူနာ ၅ ေယာက္ဆီက ေသြးရည္ၾကည္နမူနာရတဲ့အခါမွာ Regeneron က လုံေလာက္ၿပီလို႔ဆိုခဲ့ပါတယ္။

Regeneron ဟာ အဲ့ဒီ ၅ ေယာက္ထဲက ၃ ေယာက္ဆီကနမူနာကိုယူၿပီး Regeneron ရဲ့နည္းပညာနဲ႔ monoclonal antibodies ကို ထုတ္လုပ္ခဲ့ပါတယ္။ အဲ့ဒီကေနအေျခခံၿပီးဓာတ္ခြဲခန္းမွာ အေျမာက္အမ်ားထုတ္ယူလို႔ရတယ္။NCID အေနနဲ႔ interferon beta-based treatments ေတြရယ္ convalescent plasma ကုထုံးေတြရယ္ကို လုံေလာက္တဲ့ ေဒတာအခ်က္အလက္ေတြရေအာင္ စုေဆာင္းေနပါတယ္။ သူတို႔အေနနဲ႔ ေရာဂါကုထုံးေတြနဲ႔ပတ္သက္ၿပီး အေျဖအေတာ္မ်ားမ်ားေတြ႕ထားေပမယ့္ အေရးႀကီးတဲ့စမ္းသပ္မႈရလဒ္ေတြကို ေစာင့္စားေနေသးပါတယ္တဲ့။

စင္ကာပူရဲ့ လူအေသ အေပ်ာက္နည္းရတဲ့ ေအာင္ျမင္မႈဟာ ႀကိဳတင္ျပင္ဆင္မႈ အားေကာင္းျခင္းေၾကာင့္ျဖစ္ပါတယ္။ ကိုဗစ္ျဖစ္တဲ့ လူနာေတြကို ေဆးကုသမႈေစာနိုင္သမၽွ ေစာေစာရေအာင္ ႀကိဳတင္စီမံထားပါတယ္။ျဖစ္မွ ထလုပ္တာမလုပ္ပဲ လူနာ ၁၀၀၀၀ သာေတြ႕ရင္ ဘယ္လိုလုပ္မလဲ ဆိုတဲ့ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ပါတယ္။ အဲ့ဒီအတြက္ေၾကာင့္ community spread ျဖစ္လာၿပီး ကူးစက္မႈျမင့္တက္ လာေပမယ့္ ကိုတင္ Plan ေကာင္းေကာင္းခ် ထားတာေၾကာင့္ #ေဆး႐ုံေတြမွာလူနာေတြျပည့္က်ပ္ေနတာမ်ိဳးမျဖစ္ခဲ့ပါဘူး။

အျခားနိုင္ငံအေတာ္မ်ားမ်ားမွာ ကိုဗစ္ေၾကာင့္လူေသရတာမ်ားျပားတဲ့အခ်က္ေတြထဲမွာ… ႀကိဳတင္ျပင္ဆင္မႈအားနည္းတာ၊ ေဆး႐ုံေတြကမျပည့္စုံတာ၊ ေလ့က်င့္မႈအားနည္းတာ၊ သန႔္ရွင္းမႈအားနည္းတာ၊ အသက္ႀကီးသူ၊ ဆီးခ်ိဳေသြးတိုးႏွလုံး၊ကင္ဆာစတဲ့နာတာရွည္ေရာဂါရွိသူေတြကို ကူးစက္သြားမႈေတြေၾကာင့္လည္းပါပါတယ္။

ျပည္သူလူထုၾကားထိထိေရာက္ေရာက္ ပညာေပးနိုင္တာကေန ျပည္သူလူထုၾကားမွာ ကူးစက္မႈ ထိန္းမနိုင္ေအာင္မျဖစ္ခဲ့ပါ။ ေရာဂါကူးစက္မႈက က်န္းမာတဲ့ လူငယ္ေတြမ်ားတဲ့ လုပ္သားေဆာင္ ေတြမွာပဲ အျဖစ္မ်ားခဲ့ပါတယ္။အခုဆိုရင္ စင္ကာပူမွာျပည္သူေတြဟာ အရင္လို နီးပါးျပန္လည္သြား လာေနၾကၿပီျဖစ္ပါတယ္။Dr Lin ဆက္ေျပာခဲ့တာက စင္ကာပူရဲ့ေအာင္ျမင္မႈဟာ လက္ျမန္မႈ speed နဲ႔ မၾကဳံစဖူးပူးေပါင္းခ်ိတ္ဆက္ ေဆာင္ရြက္ၾကျခင္းေၾကာင့္ျဖစ္ ပါတယ္တဲ့။ ေဒတာေတြ၊ အခ်က္အလက္ေတြ၊ guidelines ေတြကို #ေျမျပင္က ဆရာဝန္ေတြအထိ ေရာက္ေအာင္ အခ်ိတ္အဆက္ မိမိ က်န္းမာေရးဝန္ႀကီးဌာန Health Ministry နဲ႔ NCID ကေန ျဖန႔္ခ်ီေပး ပါတယ္တဲ့။

“ကိုဗစ္ကေပးတဲ့ သင္ခန္းစာမ်ား”

ကိုဗစ္ဟာ သူတို႔ကို မေသခ်ာ မေရရာမႈေတြကို လကခံဖို႔နဲ႔ ကိုယ့္ရဲ့ limitations ေတြကိုသိ နားလည္ေအာင္ သင္ေပးခဲ့ပါတယ္တဲ့။ မသိေသးတဲ့ အခ်က္အလက္ေတြ အမ်ားႀကီးေနာက္ကို အမီလိုက္ရတဲ့ စိန္ေခၚမႈေတြရယ္၊ workflows ေတြ processes ေတြကို အမ်ားႀကီးေျပာင္းလဲ ခဲ့ရတယ္တဲ့။ က်ေနာ္တို႔ဟာ ေက်းဇူးတရားေတြကို ပိုနားလည္ဖို႔ သင္ၾကားေပးခဲ့ပါတယ္တဲ့ခင္ဗ်ား။

Richard Myo Thant

ကိုဗစ် အမှောင် ထု ထဲမှ အောင်မြင် စွာ ရုန်းထွက်နိုင်ခဲ့ ပြီဖြစ် တဲ့ စင်ကာ ပူနိုင်ငံ (အတု ယူစရာ ပါပဲ)

စင်ကာပူဟာ ကိုဗစ်အမှောင်ထဲမှ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ပါပြီ။

အောက်တိုဘာ ၁၇ ရက်နေ့အထိ စင်ကာပူ အခြေအနေက အောက်ပါအတိုင်းဖြစ်ပါတယ်။ဆေးရုံမှာ ကိုဗစ်လူနာ ၃၇ ယောက်ပဲ ကျန်တော့တယ်။ အထူးကြပ်မတ် ကုသဆောင် ICU ထဲမှာ တစ်ယောက်မှ မကျန်တော့ဘူး။ ကူးစက်ခဲ့သူရဲ့ ၉၉ % ဟာ ဆေးရုံက ဆင်းသွားပါပြီ။ Community care unit မှာ ဆေးရုံတက် စရာမလိုတဲ့သူ ၄၁ ယောက်ပဲကျန်ပါတော့တယ်။ စုစုပေါင်း ၅၇၀၀၀ ကျော်ကူးစက်ခဲ့ရာမှာ ၂၈ ယောက်ပဲ ကိုဗစ်နဲ့သေဆုံးခဲ့ပါတယ်။

တစ်ချို့ပြည်ပမှ လူတတ်ကြီး တွေက အရှေ့တောင်အာရှနိုင်ငံတွေက ဒေတာတွေ လိမ်ကြတယ်။ မြန်မာပြည်လည်းလူနာအရေအတွက် လိမ်သင့် တယ်လို့ ပြောကြပါတယ်။ စင်ကာပူဟာအခြေအနေကိုမလိမ်ခဲ့ပါ။ လူထုကို လိမ်လည်ပြီး ဖုံးကွယ်တာထက် လူထုက တကယ်ဘာဖြစ်နေတယ်ဆိုတာကိုသိပြီး လူထုရဲ့ပူးပေါင်းပါဝင်မှုကို ရယူတာကအကောင်းဆုံးပါ။

စင်ကာပူရဲ့အမှောင်ဖုံးခဲ့တဲ့ အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ဇန်နဝါရီလမှာ ကိုဗစ် စဖြစ်တာနဲ့ စင်ကာပူအနေနဲ့ မသေချာ မရေရာမှုများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ရောဂါအကြောင်းဘာ မှမသိသလောက် အခြေအနေမှာ ကမ္ဘာမှာလူထုထဲပြန့်နံ့သွားမှု community spread ပထမဦးဆုံးဖြစ် ခဲ့တဲ့နိုင်ငံတွေထဲမှာ ပါခဲ့ပါတယ်။

community spread ကိုအသေအချာ ထိန်းနိုင်ကာစမှာပဲ မထင်မှတ်ပဲ လုပ်သား အဆောင် တွေမှာ ကိုဗစ်ကူးစက်ပြန့်ပွားမှု အကြီးအကျယ်တွေ့ရှိခဲ့ရာက လူနာအရေ အတွက် အကြီးအကျယ် ထိုးတက်သွားခဲ့ပါတယ်။ အဲ့ဒီအခြေအနေကနေ အထက်မှာ တင်ပြခဲ့သလို ၉၉ % ဆေးရုံဆင်းတဲ့အထိ အောင်မြင် လာခဲ့တာပါ။လုပ်သားဆောင် တွေမှာ ၆ လအကြာအကြီးအကျယ်ကိုဗစ်စစ်ဆင်ရေးလုပ်အပြီးမှာ zero case ဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။

အခုလိုအောင်မြင်အောင် ဆေးရုံဘက်မှာဘယ်လိုတိုက်ပွဲဝင်ခဲ့ရသလဲဆိုတာကို National Centre for Infectious Diseases (NCID) ရဲ့ consultant ဆရာဝန်သုံးယောက်က ရှင်းပြထားပါတယ်။Dr Ray Lin Junhao, 37 နှစ်ဟာ ကူးစက်ရောဂါဆေးရုံကြီး Tan Tock Seng Hospital မှ consultant ဖြစ်ပါတယ်။သူဟာ ကိုဗစ်နဲ့သေလုမြောပါးဖြစ်နေတဲ့ လူနာတွေကို အနီးကပ်ကုသပေးရတဲ့သမားတော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ clinical trials တွေရဲ့ co-investigator လည်းဖြစ်ပြီး therapeutics for disease evaluation မှာပါဝင်ခဲ့သူပါ။

သင့်တော်မယ့်ကုထုံးတွေ ကို ဖော်ထုတ်ခဲ့သူ တစ်ယောက်ပါ။တကယ်တော့ ဆရာဝန်တွေက မတော်လို့မဟုတ်ပါ။ ကိုဗစ်ဟာ ရောဂါအသစ်ဖြစ်တဲ့အတွက် စစခြင်း လမ်းပျောက်ပြီး ဘယ်လိုကုသရမှန်း မသိကြတာပါ။ စစခြင်းမှာ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကနေ ရနိုင်သမျှသတင်းတွေကို စုရပါတယ်။ သတင်းတုတွေ ရှိသလို သတင်းအမှန်ကို ဖြန့်ဝေပေးနေတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒီသတင်း အချက်အလက်တွေဟာ လက်ရှိကိုဗစ် ကုသရေးနည်းလမ်းတွေ အပေါ်မှာ လွှမ်းမိုးမှုရှိခဲ့ပါတယ်။

စစခြင်းမှာ hydroxychloroquine လိုဆေးကို စမ်းသပ်ပေးကြည့်ရမှာ မအောင်မြင် ခဲ့ပါ။ convalescent plasma programme ကို အကောင်အထည် ဖော်ရာမှာ ပါဝင်ခဲ့တဲ့ Dr Mucheli Sharavan Sadasiv, 37 နှစ်ကလည်း စစခြင်းမှာ တကယ့်ကို helpless အကူအညီမဲ့နေသလို ခံစားရပါတယ်တဲ့။

အဲ့လို လူရောစိတ်ပါ physically and mentally ခံစားရတာဟာ ပုံမှန်ခံစားမှု ပါပဲတဲ့။ တဖြည်းဖြည်းနဲ့ ဘယ်လို treat လုပ်ရင် ပိုကောင်းမလဲသိ လာတယ်။ဥပမာ – လူနာကို ventilator တင်ထားချိန်မှာ ပက်လက်လှန် မနေခိုင်းပဲ မှောက်နေခိုင်း တာက လူနာအသက်ရှင်စေဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဆိုတာ သိလာရပါတယ်တဲ့။

လူနာဟာ ဘယ်လောက်ပဲ အသက်ကူရှုစက်နဲ့ကူ နေပေမယ့် လိုအပ်တဲ့အောက်ဆီဂျင် ပမာဏကို မရနိုင်ခဲ့ပါဘူး။ အခုလိုလူနာကို မှောက်နေခိုင်းလိုက်တာနဲ့ အသက်ရှုရလွယ် လာပြီးအောက်ဆီဂျင်ကိုပိုမိုစုပ်ယူနိုင်လာပါတယ်။ ကုသဆေး မပေါ်ခင်မှာ လူနာ အတွက် နလန်ထဖို့အချိန်ပိုရလာပါတယ်တဲ့။

နောက်တစ်ခုက ကြိုတင်ခန့်မှန်းနိုင်မှုပါ။Dr Lee Tau Hong, 39 နှစ်ဟာ College of Physicians Singapore ရဲ့ vice-chair တစ်ယောက်ပါ။ကျနော့်အနေနဲ့အခုအချိန်မှာ လူနာတွေကိုကုသရာမှာပိုမိုယုံကြည်မှုရှိလာပါတယ်တဲ့။ NCID ရဲ့ clinical director Dr Shawn Vasoo တို့အဖွဲ့ချပေးတဲ့ treatment guidelines နဲ့ သူ့ရဲ့ knowledge ပေါင်းပြီး clinical workflows တွေဆွဲပေးခဲ့တယ်။

ဆရာဝန်တွေကအဲ့ဒါကိုကြည့်ပြီး ဘယ်လူနာက ဘယ်လောက် အခြေအနေဆိုးနိုင်တယ်။ ဘာလုပ်ပေးရမယ် ဆိုတာကို သိသွားပါတယ်။Dr Lee ပြောတာက Remdesivir နဲ့ dexamethasone က ထိရောက်မှုရှိကြောင်းတွေ့ရှိခဲ့ပါတယ်တဲ့။ NCID ဟာ Gilead နဲ့ရော အမေရိကန် NIH နဲ့ရော clinical trials စမ်းသပ်မှုမှာ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်တဲ့။Dr Lee ရဲ့အဆိုအရ သူတို့သုံးကြည့်ရာမှာ Remdesivir ဟာ anti-viral agent ဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ကိုဒါရိုက်အကျိုးသက်ရောက်မှုရှိစေတဲ့အတွက် ကိုဗစ်ကြောင့်ရောဂါအခြေအနေဆိုးဝါးမှုကို လျော့ကျစေတယ်လို့ဆိုပါတယ်။

Dr Lin ကလည်း Remdesivir သုံးကြည့်ရာမှာ ICU ထဲမှာလူနာနေရတဲ့ အချိန်လျော့ကျသွား တာကို သူတို့လေ့လာတွေ့ရှိ ရပါတယ်တဲ့။ dexamethasone ဟာ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကိုယ်အင်္ဂါရောင်ရမ်းမှုကိုလျော့ကျစေတဲ့အတွက် ရောဂါပြင်းထန်တဲ့လူနာတွေမှာ သူတို့သုံးနေပါတယ်။ ရောဂါလက္ခဏာမပြင်းထန်တဲ့သူတွေမှာ မသုံးသင့်ပါ။

Associate Professor David Lye ကအမေရိကန်သမ္မတ ထရမ့်သုံးတဲ့ Regeneron ကဆေးနဲ့ပတ်သက်ပြီး ပြောရာမှာ Regeneron က NCID နဲ့ပူးပေါင်းလုပ်ဆောင်ဖို့ request လုပ်ခဲ့ပါတယ်တဲ့။NCID ကို ကိုဗစ်ကပြန်ကောင်းလာတဲ့လူနာအယောက် ၂၀ စုဆောင်းပေးဖို့အကူအညီတောင်းခဲ့ပေမယ့် လူနာ ၅ ယောက်ဆီက သွေးရည်ကြည်နမူနာရတဲ့အခါမှာ Regeneron က လုံလောက်ပြီလို့ဆိုခဲ့ပါတယ်။

Regeneron ဟာ အဲ့ဒီ ၅ ယောက်ထဲက ၃ ယောက်ဆီကနမူနာကိုယူပြီး Regeneron ရဲ့နည်းပညာနဲ့ monoclonal antibodies ကို ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီကနေအခြေခံပြီးဓာတ်ခွဲခန်းမှာ အမြောက်အများထုတ်ယူလို့ရတယ်။NCID အနေနဲ့ interferon beta-based treatments တွေရယ် convalescent plasma ကုထုံးတွေရယ်ကို လုံလောက်တဲ့ ဒေတာအချက်အလက်တွေရအောင် စုဆောင်းနေပါတယ်။ သူတို့အနေနဲ့ ရောဂါကုထုံးတွေနဲ့ပတ်သက်ပြီး အဖြေအတော်များများတွေ့ထားပေမယ့် အရေးကြီးတဲ့စမ်းသပ်မှုရလဒ်တွေကို စောင့်စားနေသေးပါတယ်တဲ့။

စင်ကာပူရဲ့ လူအသေ အပျောက်နည်းရတဲ့ အောင်မြင်မှုဟာ ကြိုတင်ပြင်ဆင်မှု အားကောင်းခြင်းကြောင့်ဖြစ်ပါတယ်။ ကိုဗစ်ဖြစ်တဲ့ လူနာတွေကို ဆေးကုသမှုစောနိုင်သမျှ စောစောရအောင် ကြိုတင်စီမံထားပါတယ်။ဖြစ်မှ ထလုပ်တာမလုပ်ပဲ လူနာ ၁၀၀၀၀ သာတွေ့ရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် community spread ဖြစ်လာပြီး ကူးစက်မှုမြင့်တက် လာပေမယ့် ကိုတင် Plan ကောင်းကောင်းချ ထားတာကြောင့် #ဆေးရုံတွေမှာလူနာတွေပြည့်ကျပ်နေတာမျိုးမဖြစ်ခဲ့ပါဘူး။

အခြားနိုင်ငံအတော်များများမှာ ကိုဗစ်ကြောင့်လူသေရတာများပြားတဲ့အချက်တွေထဲမှာ… ကြိုတင်ပြင်ဆင်မှုအားနည်းတာ၊ ဆေးရုံတွေကမပြည့်စုံတာ၊ လေ့ကျင့်မှုအားနည်းတာ၊ သန့်ရှင်းမှုအားနည်းတာ၊ အသက်ကြီးသူ၊ ဆီးချိုသွေးတိုးနှလုံး၊ကင်ဆာစတဲ့နာတာရှည်ရောဂါရှိသူတွေကို ကူးစက်သွားမှုတွေကြောင့်လည်းပါပါတယ်။

ပြည်သူလူထုကြားထိထိရောက်ရောက် ပညာပေးနိုင်တာကနေ ပြည်သူလူထုကြားမှာ ကူးစက်မှု ထိန်းမနိုင်အောင်မဖြစ်ခဲ့ပါ။ ရောဂါကူးစက်မှုက ကျန်းမာတဲ့ လူငယ်တွေများတဲ့ လုပ်သားဆောင် တွေမှာပဲ အဖြစ်များခဲ့ပါတယ်။အခုဆိုရင် စင်ကာပူမှာပြည်သူတွေဟာ အရင်လို နီးပါးပြန်လည်သွား လာနေကြပြီဖြစ်ပါတယ်။Dr Lin ဆက်ပြောခဲ့တာက စင်ကာပူရဲ့အောင်မြင်မှုဟာ လက်မြန်မှု speed နဲ့ မကြုံစဖူးပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြခြင်းကြောင့်ဖြစ် ပါတယ်တဲ့။ ဒေတာတွေ၊ အချက်အလက်တွေ၊ guidelines တွေကို #မြေပြင်က ဆရာဝန်တွေအထိ ရောက်အောင် အချိတ်အဆက် မိမိ ကျန်းမာရေးဝန်ကြီးဌာန Health Ministry နဲ့ NCID ကနေ ဖြန့်ချီပေး ပါတယ်တဲ့။

“ကိုဗစ်ကပေးတဲ့ သင်ခန်းစာများ”

ကိုဗစ်ဟာ သူတို့ကို မသေချာ မရေရာမှုတွေကို လကခံဖို့နဲ့ ကိုယ့်ရဲ့ limitations တွေကိုသိ နားလည်အောင် သင်ပေးခဲ့ပါတယ်တဲ့။ မသိသေးတဲ့ အချက်အလက်တွေ အများကြီးနောက်ကို အမီလိုက်ရတဲ့ စိန်ခေါ်မှုတွေရယ်၊ workflows တွေ processes တွေကို အများကြီးပြောင်းလဲ ခဲ့ရတယ်တဲ့။ ကျနော်တို့ဟာ ကျေးဇူးတရားတွေကို ပိုနားလည်ဖို့ သင်ကြားပေးခဲ့ပါတယ်တဲ့ခင်ဗျား။

Richard Myo Thant

About the author

Ms Cele

Leave a Comment