Celebrity

ကိုဗစ် အန္တရာယ်ကို မမှုနိုင်ဘဲ ဈေးရောင်း နေရတဲ့ အဘိုး နဲ့အဘွား ကို စားနပ်ရိက္ခာ တွေ သွားရောက် လှူဒါန်း ခဲ့တဲ့ အိစိကွေး

Written by Ms Cele

ကိုဗစ် အန္တရာယ်ကို မမှုနိုင်ဘဲ ဈေးရောင်း နေရတဲ့ အဘိုး နဲ့အဘွား ကို စားနပ်ရိက္ခာ တွေ သွားရောက် လှူဒါန်း ခဲ့တဲ့ အိစိကွေး




Source : Eisi Kway
Emiy (Cele Gabar)

ကိုဗစ် အန္တရာယ်ကို မမှုှုနိုင်ဘဲ ဈေးရောင်း နေရတဲ့ အဘိုး နဲ့အဘွား ကို စားနပ်ရိက္ခာ တွေ သွားရောက် လှူဒါန်း ခဲ့တဲ့ အိစိကွေး

ပရိသတ်ကြီးရေ ကလေး သရုပ်ဆောင် ဘဝထဲက ပရိသတ်တွေချစ်ခင်အားပေး လာကြတဲ့ သရုပ်ဆောင် အိစိကွေး ကတော့ မကြာခဏ ဆိုသလို လှူဒါန်းမှုတွေ ပြုလုပ် တတ်တဲ့ အနုပညာရှင် တစ်ယောက်ပါ ။ မကြာသေးမီ ကမလည်း Covid-19 ကာကွယ်ကုသရေး အတွက် ငွေကျပ် (၂၇)သိန်းကျော် ကို လှူဒါန်းခဲ့ ပါသေးတယ် ။ လတ်တလော မှာလည်း Covid ကြောင့် စားဝတ်နေရေး ခက်ခဲနေတဲ့ အဘိုးနဲ့အဘွားကို သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။

ဒီနေ့အောက်တိုဘာလ (၁၉)ရက်နေ့မှာ တာမွေလမ်း မထက်မှာ အသုံးအဆောင်ပစ္စည်းလေးတွေနေ့စဉ်လာ ရောက်ရောင်းချနေဆဲဖြစ်တဲ့ အဘဦးအောင်ဆန်းတို့ ဇနီးမောင်နှံ ကို ဆန်အိတ် , ဆီ , Boo Doo Cookhouse ထမင်းဘူး နဲ့ Royal D တစ်ကတ် သွားလှူဖြစ်ခဲ့တယ်လို့အိစိက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ကိုဗစ်ကူးစက်မှုအန္တရာယ်တွေ ရှိပေမဲ့လည်း ဝမ်းရေးအဆင်ပြေဖို့ ဈေးထွက်ရောင်းနေရတဲ့ အဖိုးနဲ့အဘွားကို စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တဲ့ အိစိ ကွေးကို ပရိသတ်တွေ သာဓုတွေ ခေါ်ဆိုခဲ့ကြပါတယ် ။

သားသမီးမရှိဘဲ ဘဝကို ခက်ခဲစွာရုန်းကန် နေရတဲ့ အဘိုးနဲ့အဘွားအတွက်တော့ အိစိကွေးရဲ့ အလှူလေးက သူတို့အတွက် အရမ်းကို အဆင်ပြေသွား လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ပရိသတ်ကြီး လည်း အိစိရဲ့အလှူလေးကို သာဓုခေါ်နိုင်ဖို့အတွက် အင်တာဗျူး ဗီဒီယိုလေး ကိုလည်း ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source : Eisi Kway
Emiy (Cele Gabar)

About the author

Ms Cele

Leave a Comment