Local News

ကိုဗစ္ ေဆးကို ဝယ္ယူဖို ႔အတြက္ အသုံးျပဳ သြားမယ့္ ဘတ္ဂ်က္ ကို အစိုးရ ထုတ္ျပန္ေၾကျငာ လိုက္ၿပီ

Written by Ms Cele

ကိုဗစ္ ေဆးကို ဝယ္ယူဖို ႔အတြက္ အသုံးျပဳ သြားမယ့္ ဘတ္ဂ်က္ ကို အစိုးရ ထုတ္ျပန္ေၾကျငာ လိုက္ၿပီ

အိႏၵိယကမွာယူေနတဲ့ ကိုဗစ္ေဆးကို ဘတ္ဂ်တ္ အကန႔္အသတ္ မရွိ ဆက္လက္ ဝယ္ယူမည္

ျမန္မာနိုင္ငံ အတြင္းက ျပင္းထန္ကိုဗစ္လူနာေတြအတြက္ အသုံးျပဳေနတဲ့ ကိုဗစ္ေဆးကို ထပ္မံဝယ္ယူဖို႔ အစိုးရ အေနနဲ႔ ဘတ္ဂ်က္အကန႔္အသတ္ မရွိအသုံးျပဳသြားမွာျဖစ္တယ္လို႔သိရပါတယ္။ဒီကေန႔ျပဳလုပ္နဲ႔ သမၼအိမ္ေတာ္ သတင္းစာ ရွင္းလင္းပြဲမွာ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကား သြားတာျဖစ္ၿပီး အိႏၵိယနိုင္ငံဘက္ကေရာင္းနိုင္တဲ့ ပမာဏ အထိကို ရသေလာက္ ဝယ္ယူမွာျဖစ္တယ္လို႔ ေျပာပါတယ္။အိႏၵိယကထုတ္လုပ္တဲ့ Remdesivir ေဆးက တန္ေၾကးအားျဖင့္ ထိုးေဆးတစ္လုံးကို ကန္ေဒၚလာ ၅၀ ဝန္း က်င္ရွိတယ္လို႔လည္း သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကဆိုပါတယ္။

“ Remdesivir ေဆးက အိႏၵိယနိုင္ငံ ကလည္း ထုတ္သလို တျခားနိုင္ငံေတာ္ေတာ္မ်ားမ်ားကလည္း ထုတ္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔က အရည္အေသြး အရဆိုရင္ အာမခံခ်က္ရွိတဲ့ အိႏၵိယနိုင္ငံကပဲထပ္ၿပီးမွာမယ္။ သူ႔မွာ ဘယ္ေလာက္ေရာင္းနိုင္မလဲ ေရာင္းနိုင္သမၽွထပ္ဝယ္မယ္။ ဒါနဲ႔ပတ္သက္ၿပီး ဘတ္ဂ်က္အကန႔္ အသတ္မရွိပါဘူး”လို႔ သမၼ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကေျပာပါတယ္။လက္ရွိ ကိုဗစ္လူနာေတြကိုလည္း Remdesivir ေဆးနဲ႔ ကုသမႈေတြေပးလၽွက္ရွိၿပီး ၿပီးခဲ့တဲ့

ေအာက္တိုဘာလ (၅)ရက္ေန႔ကမွ အိႏၵိယနိုင္ငံက ကိုယ္စားလွယ္ အဖြဲ႕ ျမန္မာနိုင္ငံကို လာေရာက္စဥ္အတြင္းကလည္း ထိုးေဆးအလုံး (၃၀၀၀)လႉဒါန္းခဲ့ ပါေသးတယ္။Remdesivir ေဆးက COVID-19 လူနာေတြ အေရးေပၚအေျခအေနအတြက္ ကုသေဆးအျဖစ္ အသုံးျပဳရန္ အေမရိကန္ FDA (Food and Drug Administration) က ေမလ ၁ ရက္ေန႔မွာ တရားဝင္ ခြင့္ျပဳေပးထားတဲ့ ေဆးျဖစ္ပါတယ္။နိုင္ငံတြင္းက ကိုဗစ္လူနာေတြကို နိုင္ငံတကာက လႉဒါန္းတဲ့

ကာကြယ္ေဆးေတြအပါအဝင္အျခားလိုအပ္တဲ့ေဆးဝါးေတြကို ဝယ္ယူကုသမႈေတြ ေပးေနသလို ေသြးရည္ၾကည္ကုထုံးနည္းနဲ႔လည္း ကုသမႈေတြ ေပးေနပါတယ္။ ေသြးရည္ၾကည္နဲ႔ ကုထုံးနည္းကလည္း ေအာင္ျမင္မႈေတြရွိေနတဲ့ အတြက္ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က လည္း ေရာဂါေပ်ာက္ကင္းသူေတြကို ေသြးရည္ၾကည္လႉဒါန္းရန္အတြက္ ေတာင္းဆိုမႈလုပ္ထားပါတယ္။

ကိုဗစ် ဆေးကို ဝယ်ယူဖို ့အတွက် အသုံးပြု သွားမယ့် ဘတ်ဂျက် ကို အစိုးရ ထုတ်ပြန်ကြေငြာ လိုက်ပြီ

အိန္ဒိယကမှာယူနေတဲ့ ကိုဗစ်ဆေးကို ဘတ်ဂျတ် အကန့်အသတ် မရှိ ဆက်လက် ဝယ်ယူမည်

မြန်မာနိုင်ငံ အတွင်းက ပြင်းထန်ကိုဗစ်လူနာတွေအတွက် အသုံးပြုနေတဲ့ ကိုဗစ်ဆေးကို ထပ်မံဝယ်ယူဖို့ အစိုးရ အနေနဲ့ ဘတ်ဂျက်အကန့်အသတ် မရှိအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့ပြုလုပ်နဲ့ သမ္မအိမ်တော် သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြား သွားတာဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်ကရောင်းနိုင်တဲ့ ပမာဏ အထိကို ရသလောက် ဝယ်ယူမှာဖြစ်တယ်လို့ ပြောပါတယ်။အိန္ဒိယကထုတ်လုပ်တဲ့ Remdesivir ဆေးက တန်ကြေးအားဖြင့် ထိုးဆေးတစ်လုံးကို ကန်ဒေါ်လာ ၅၀ ဝန်း ကျင်ရှိတယ်လို့လည်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကဆိုပါတယ်။

“ Remdesivir ဆေးက အိန္ဒိယနိုင်ငံ ကလည်း ထုတ်သလို တခြားနိုင်ငံတော်တော်များများကလည်း ထုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အရည်အသွေး အရဆိုရင် အာမခံချက်ရှိတဲ့ အိန္ဒိယနိုင်ငံကပဲထပ်ပြီးမှာမယ်။ သူ့မှာ ဘယ်လောက်ရောင်းနိုင်မလဲ ရောင်းနိုင်သမျှထပ်ဝယ်မယ်။ ဒါနဲ့ပတ်သက်ပြီး ဘတ်ဂျက်အကန့် အသတ်မရှိပါဘူး”လို့ သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။လက်ရှိ ကိုဗစ်လူနာတွေကိုလည်း Remdesivir ဆေးနဲ့ ကုသမှုတွေပေးလျှက်ရှိပြီး ပြီးခဲ့တဲ့

အောက်တိုဘာလ (၅)ရက်နေ့ကမှ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်းကလည်း ထိုးဆေးအလုံး (၃၀၀၀)လှူဒါန်းခဲ့ ပါသေးတယ်။Remdesivir ဆေးက COVID-19 လူနာတွေ အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အသုံးပြုရန် အမေရိကန် FDA (Food and Drug Administration) က မေလ ၁ ရက်နေ့မှာ တရားဝင် ခွင့်ပြုပေးထားတဲ့ ဆေးဖြစ်ပါတယ်။နိုင်ငံတွင်းက ကိုဗစ်လူနာတွေကို နိုင်ငံတကာက လှူဒါန်းတဲ့

ကာကွယ်ဆေးတွေအပါအဝင်အခြားလိုအပ်တဲ့ဆေးဝါးတွေကို ဝယ်ယူကုသမှုတွေ ပေးနေသလို သွေးရည်ကြည်ကုထုံးနည်းနဲ့လည်း ကုသမှုတွေ ပေးနေပါတယ်။ သွေးရည်ကြည်နဲ့ ကုထုံးနည်းကလည်း အောင်မြင်မှုတွေရှိနေတဲ့ အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လည်း ရောဂါပျောက်ကင်းသူတွေကို သွေးရည်ကြည်လှူဒါန်းရန်အတွက် တောင်းဆိုမှုလုပ်ထားပါတယ်။

About the author

Ms Cele

Leave a Comment