Knowledge


Written by Ms Cele









Dr Sein Phyo Hlaing

ကိုဗစ် ပေါ့စတစ် လူနာ ကို လူနာ စောင့်ခွင့် လိုက်ပါ နိုင်ရန် သတ်မှတ် ထားသော စည်းကမ်း ချက် များ (ရှယ်ထားပေး ပါအုံး ..)

ကျွန်တော် ကို ကိုဗစ် Positive လူနာစောင့် လိုက်ချင်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး လာမေးကြတာတွေရှိ ပါတယ်။ အရင်ကတော့ လိုက်လို့မရဘူး လို့ပဲ သိထားပင်မဲ့ အခု ကိုဗစ် နဲ့ပတ်သတ်ပြီး ဖြေကြားပေး နေတဲ့ HICA ဆိုတဲ့အဖွဲ့က တင်ထားတာလေးတွေ့လို့ ပြန်လည်မျှဝေပေး လိုက်တာပါ။

“ကိုဗစ် positive လူနာကို လူနာစောင့်ခွင့် လိုက်ပါ နိုင်ရန် စည်းကမ်း သတ်မှတ်ချက်များ”

1. အသက် ၁၈ နှစ် နှင့် ၄၅ နှစ်ကြား မည်သည့်ရောဂါ အခံမှ မရှိသော ကျန်းမာသန်စွမ်းသူ ဖြစ်ပြီး လူနာ၏ဆွေမျိုး (သို့မဟုတ်)အသိမိတ်ဆွေ ဖြစ်ရမည်။

2. လူနာစောင့်နေချိန် အတွင်း မိမိအား ရောဂါကူးစက် နိုင်သော အန္တရာယ် ရှိကြောင်းသိရှိပြီး မိမိသဘောဆန္ဒ အလျောက် လူနာပြုစု စောင့်ရှောက်လိုကြောင်း သဘော တူညီချက် (Informed risk consent) ပေးရမည်။

3. လူနာအားစောင့်ရှောက်နေစဉ် အတွင်း အနည်းဆုံး Level 2 PPE (Surgical mask,Face shield,Gown,Gloves) ကို အမြဲ ဝတ်ဆင်ထားရန် လိုအပ်ပြီး ထိုလိုအပ်သော အကာအကွယ် ပစ္စည်း များအား လူနာရှင်မှ စိုက်ထုတ် ဝယ်ယူရမည်ဖြစ်သည်။ ထိုအကာအကွယ် ပစ္စည်းများဝတ်ဆင်ခြင်း၊ Social distancing ဖြင့် နေထိုင်ခြင်း၊ လက်ကိုသေချာစွာ ဆေးကြောခြင်း စသည့် ရောဂါ ကာကွယ် ခြင်း နည်းလမ်းများကို စနစ်တကျ လိုက်နာ ရမည် ဖြစ်သည်။

4. လူနာစောင့်များသည် လူနာစောင့် ကြပ်သောကာလ ပြီးဆုံးသည့် အခါ Close contacts of confirmed cases များ လိုက်နာရမည့် စည်းကမ်းအတိုင်း သတ်မှတ်ထားသော နေရာတွင် Quarantine ၂ပတ် နေထိုင်ရမည် ဖြစ်ပြီး Swab test အစစ်ဆေး ခံရမည် ဖြစ်ပါသည်။ Swab test result – positive ဖြစ်ပါက သက်ဆိုင်ရာဆေးကုသ မှုဋ္ဌာန တွင် ကုသမှု ခံယူရန်လိုအပ်ပြီး Swab test result – negative ဖြစ်ပါက Quarantine ကာလ ပြီးဆုံးသော အခါ မိမိ နေအိမ်သို့ ပြန် နိုင်မည် ဖြစ်ပါသည်။

အထက်ပါ စည်းကမ်းချက်များ ပါဝင်သော သဘောတူညီ ချက် ပုံစံကို ရှင်းလင်းပြောပြ၍ နားလည် သဘောပေါက်ပြီး သဘောတူ လက်မှတ်ရေးထိုးသော လူနာစောင့် များသာ လူနာစောင့်ကြပ်ခွင့် ရမည် ဖြစ်ပါသည်။

Dr Sein Phyo Hlaing

About the author

Ms Cele

Leave a Comment