Local News

“ကိုဗစ္ ေရာဂါ လကၡဏာ ျပင္းထန္ သူ အေရ အတြက္ မ်ားျပား လာသည့္ ရန္ကုန္ ျမိဳ႕ ရဲ့ ကိုဗစ္ ထိန္းခ်ဳပ္ မႈ အေျခအေန” (ပါေမာကၡ ေဒါက္တာ ေဇာ္ေဝစိုး)

Written by Ms Cele

“ကိုဗစ္ ေရာဂါ လကၡဏာ ျပင္းထန္ သူ အေရ အတြက္ မ်ားျပား လာသည့္ ရန္ကုန္ ျမိဳ႕ ရဲ့ ကိုဗစ္ ထိန္းခ်ဳပ္ မႈ အေျခအေန” (ပါေမာကၡ ေဒါက္တာ ေဇာ္ေဝစိုး)

ကိုဗစ္-၁၉ ေရာဂါ လကၡဏာ ျပင္းထန္သူမ်ားကို အေတာ္အသင့္ ေတြ႕ ရွိေနရၿပီး ျပင္းထန္သူ အေရ အတြက္ မ်ားျပားလ်က္ရွိ၍ ျပည္သူ လူထုအေန ျဖင့္ စည္းကမ္းခ်က္ မ်ားကို လိုက္နာရန္ အေရးႀကီး ေနေၾကာင္း ေဆးတကၠသိုလ္ (၁) ပါေမာကၡခ်ဳပ္ ပါေမာကၡေဒါက္တာ ေဇာ္ေဝစိုးက ေျပာၾကားလိုက္သည္။ “ေရာဂါ လကၡဏာ မျပင္းထန္သူေတြနဲ႔ ေရာဂါလကၡဏာမရွိတဲ့သူေတြကို စင္တာေတာ္ေတာ္ မ်ားမ်ား မွာ ပို႔ေဆာင္ၿပီး ကုသနိုင္ေပမယ့္ ေရာဂါလကၡဏာ ျပင္းထန္သူ ေတြနဲ႔ အေတာ္အသင့္ ျပင္း ထန္သူေတြကိုေတာ့ ေဝဘာဂီ၊ ေတာင္ဥကၠလာ၊ ေဖာင္ႀကီး၊ ဧရာ၀တီစင္တာေတြမွာ ကုသေပးေနပါတယ္။ ျပည္သူလူထုကို မွာခ်င္တာက လုံး၀မေပါ့ဖို႔ ေျပာခ်င္တယ္။ အသာစီးရရွိလာၿပီလို႔ ေျပာဖို႔ ေစာပါေသးတယ္။ ဒါေၾကာင့္ ျပည္သူလူထုအေနနဲ႔ ကိုဗစ္နဲ႔ပတ္သက္ၿပီး စည္းကမ္းလိုက္နာျခင္းဟာ သိပ္ကိုအေရး ႀကီးပါတယ္” ဟု ၎က ေျပာပါသည္။

ရန္ကုန္တြင္ ေဝဘာဂီ၊ ေတာင္ ဥကၠလာ၊ ေဖာင္ႀကီး၊ လွိုင္ (ျမတ္ေလး ေဆာင္)၊ ရိုးမရိပ္သာ (၁)ႏွင့္(၂)၊ ေအာင္ ျမင့္မိုရ္အိမ္ရာ၊ ရန္ကုန္ပညာေရးေကာလိပ္၊ ယဥ္ေက်းမႈေကာလိပ္၊ ဧရာ၀တီ စင္တာ၊ Fortune စင္တာ၊ ဗိုလ္တေထာင္စင္တာ အစရွိသည့္ ကုသေရးစင္ တာမ်ား အပါအဝင္ ကုသေရးဌာနေပါင္း ၁၅ ခုရွိၿပီး ခုတင္ေပါင္း ၁၀၀၀၀ ေက်ာ္ရွိ၍ လက္ရွိ ကုသေနသူဦးေရ မွာ ၇၀၀၀ ေက်ာ္သာရွိသည့္အတြက္ ေနရာလြတ္မ်ားရွိေၾကာင္း ပါေမာက ၡေဒါက္တာေဇာ္ေဝစိုးက ဆက္လက္ေျပာဆိုသည္။ “ယခုလက္ရွိက ေရာဂါ လကၡဏာေတြ႕ရွိသူေတြက ေဆး႐ုံကို ေရာက္ရွိတာ ေနာက္ က်တယ္။ ဒါေၾကာင့္ အျမန္ဆုံးေရာဂါ လကၡဏာေပၚ လာတာနဲ႔ အျမန္ဆုံးကုသမႈ ခံယူဖို႔ လိုအပ္ပါတယ္။

ယခင္က အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ေဆး႐ုံေရာက္ခ်ိန္မွာ အခက္ အခဲ ေတြရွိခဲ့ေပမယ့္ အခုအခ်ိန္မွာ ႀကိဳးစားၿပီးေတာ့ ေရာက္ရွိလာတဲ့ သူေတြကို သက္ေသာင့္ သက္သာ ေနရာထိုင္ခင္း ရရွိနိုင္ေအာင္ ႀကိဳးစား စီစဥ္ေဆာင္ရြက္ လ်က္ရွိပါတယ္။ ေရာဂါ လကၡဏာေပၚလာတာနဲ႔ အျမန္ဆုံးကုသမႈေပး သင့္တယ္။ အေျခခံေရာဂါ လကၡဏာရွိသူ ေတြအေနနဲ႔ ကိုယ့္ရဲ့အေျခခံေရာဂါေတြ ကို စဥ္ဆက္မျပတ္ ကုသမႈခံယူေနဖို႔လိုပါတယ္။ ေသြးတိုး၊ ရင္က်ပ္ စဥ္ဆက္မျပတ္ကုသမႈခံယူေနဖို႔လိုပါတယ္” ၎က ေျပာဆိုသည္။ ကုသေရးစင္တာမ်ားသည္ ေဆး႐ုံမ်ားမွတစ္ဆင့္ လႊဲေျပာင္းျခင္းျဖစ္၍ ျပည္သူ မ်ားအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါလကၡဏာ သံသယရွိပါက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ေျမာက္ဥကၠလာပေဆး႐ုံႀကီး၊ အင္းစိန္၊ သဃၤန္းကၽြန္း၊ ရန္ကုန္အေရွ႕ပိုင္းေဆး႐ုံႏွင့္ ရန္ကုန္အေနာက္ပိုင္းေဆး႐ုံမ်ား အပါအဝင္ ၿမိဳ႕နယ္ေဆး႐ုံမ်ားအားလုံးသို႔ သြားေရာက္ ျပသနိုင္ၿပီး ေဆး႐ုံအားလုံးတြင္ စစ္ေဆး ကုသ၍ရနိုင္ရန္ ျပင္ဆင္ထားေၾကာင္း သိရသည္။

crd

“ကိုဗစ် ရောဂါ လက္ခဏာ ပြင်းထန် သူ အရေ အတွက် များပြား လာသည့် ရန်ကုန် မြို့ ရဲ့ ကိုဗစ် ထိန်းချုပ် မှု အခြေအနေ” (ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး)

ကိုဗစ်-၁၉ ရောဂါ လက္ခဏာ ပြင်းထန်သူများကို အတော်အသင့် တွေ့ ရှိနေရပြီး ပြင်းထန်သူ အရေ အတွက် များပြားလျက်ရှိ၍ ပြည်သူ လူထုအနေ ဖြင့် စည်းကမ်းချက် များကို လိုက်နာရန် အရေးကြီး နေကြောင်း ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ပြောကြားလိုက်သည်။ “ရောဂါ လက္ခဏာ မပြင်းထန်သူတွေနဲ့ ရောဂါလက္ခဏာမရှိတဲ့သူတွေကို စင်တာတော်တော် များများ မှာ ပို့ဆောင်ပြီး ကုသနိုင်ပေမယ့် ရောဂါလက္ခဏာ ပြင်းထန်သူ တွေနဲ့ အတော်အသင့် ပြင်း ထန်သူတွေကိုတော့ ဝေဘာဂီ၊ တောင်ဥက္ကလာ၊ ဖောင်ကြီး၊ ဧရာဝတီစင်တာတွေမှာ ကုသပေးနေပါတယ်။ ပြည်သူလူထုကို မှာချင်တာက လုံးဝမပေါ့ဖို့ ပြောချင်တယ်။ အသာစီးရရှိလာပြီလို့ ပြောဖို့ စောပါသေးတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်နဲ့ပတ်သက်ပြီး စည်းကမ်းလိုက်နာခြင်းဟာ သိပ်ကိုအရေး ကြီးပါတယ်” ဟု ၎င်းက ပြောပါသည်။

ရန်ကုန်တွင် ဝေဘာဂီ၊ တောင် ဥက္ကလာ၊ ဖောင်ကြီး၊ လှိုင် (မြတ်လေး ဆောင်)၊ ရိုးမရိပ်သာ (၁)နှင့်(၂)၊ အောင် မြင့်မိုရ်အိမ်ရာ၊ ရန်ကုန်ပညာရေးကောလိပ်၊ ယဉ်ကျေးမှုကောလိပ်၊ ဧရာဝတီ စင်တာ၊ Fortune စင်တာ၊ ဗိုလ်တထောင်စင်တာ အစရှိသည့် ကုသရေးစင် တာများ အပါအဝင် ကုသရေးဌာနပေါင်း ၁၅ ခုရှိပြီး ခုတင်ပေါင်း ၁၀၀၀၀ ကျော်ရှိ၍ လက်ရှိ ကုသနေသူဦးရေ မှာ ၇၀၀၀ ကျော်သာရှိသည့်အတွက် နေရာလွတ်များရှိကြောင်း ပါမောက ္ခဒေါက်တာဇော်ဝေစိုးက ဆက်လက်ပြောဆိုသည်။ “ယခုလက်ရှိက ရောဂါ လက္ခဏာတွေ့ရှိသူတွေက ဆေးရုံကို ရောက်ရှိတာ နောက် ကျတယ်။ ဒါကြောင့် အမြန်ဆုံးရောဂါ လက္ခဏာပေါ် လာတာနဲ့ အမြန်ဆုံးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

ယခင်က အကြောင်း အမျိုးမျိုးကြောင့် ဆေးရုံရောက်ချိန်မှာ အခက် အခဲ တွေရှိခဲ့ပေမယ့် အခုအချိန်မှာ ကြိုးစားပြီးတော့ ရောက်ရှိလာတဲ့ သူတွေကို သက်သောင့် သက်သာ နေရာထိုင်ခင်း ရရှိနိုင်အောင် ကြိုးစား စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ ရောဂါ လက္ခဏာပေါ်လာတာနဲ့ အမြန်ဆုံးကုသမှုပေး သင့်တယ်။ အခြေခံရောဂါ လက္ခဏာရှိသူ တွေအနေနဲ့ ကိုယ့်ရဲ့အခြေခံရောဂါတွေ ကို စဉ်ဆက်မပြတ် ကုသမှုခံယူနေဖို့လိုပါတယ်။ သွေးတိုး၊ ရင်ကျပ် စဉ်ဆက်မပြတ်ကုသမှုခံယူနေဖို့လိုပါတယ်” ၎င်းက ပြောဆိုသည်။ ကုသရေးစင်တာများသည် ဆေးရုံများမှတစ်ဆင့် လွှဲပြောင်းခြင်းဖြစ်၍ ပြည်သူ များအနေဖြင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာ သံသယရှိပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံနှင့် ရန်ကုန်အနောက်ပိုင်းဆေးရုံများ အပါအဝင် မြို့နယ်ဆေးရုံများအားလုံးသို့ သွားရောက် ပြသနိုင်ပြီး ဆေးရုံအားလုံးတွင် စစ်ဆေး ကုသ၍ရနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

crd

About the author

Ms Cele

Leave a Comment