Knowledge

ကိုဗစ္ ေရာဂါ ျပင္း ထန္ နိုင္ သည့္ ေသြး အမ်ိဳးအစား မ်ား (ရွယ္ထား သင့္ပါ သည္)

Written by Ms Cele

ကိုဗစ္ ေရာဂါ ျပင္း ထန္ နိုင္ သည့္ ေသြး အမ်ိဳးအစား မ်ား (ရွယ္ထား သင့္ပါ သည္)

ေသြးအမ်ိဳး အစားအ လိုက္ လူတစ္ေယာက္ ကို ကိုဗစ္ ေရာဂါ ကူးစက္နိုင္သည့္ အႏၲရာယ္ႏွင့္ ယင္းေရာဂါျပင္းထန္ နိုင္သည့္အႏၲရာယ္ ကို ႀကိဳတင္ခန႔္မွန္းနိုင္ေၾကာင္း ေလ့လာမႈ တစ္ရပ္က ေဖာ္ျပသည္။ ယင္းေလ့လာ မႈရလဒ္ ကို ေအာက္တိုဘာ ၁၄ ရက္က Blood Advances ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။ ေလ့လာမႈတြင္ သုေတသီမ်ား က ဒိန္းမတ္နိုင္ငံရွိ ကိုဗစ္ ေရာဂါကူးစက္သူ ၄၇၃,၀၀၀ ဦးကို အျခားလူေပါင္း ၂ ဒသမ ၂ သန္း၏ အေျခအေနမ်ားႏွင့္ ႏွိုင္းယွဥ္ေလ့လာထားသည္။

ကိုဗစ္ လူနာမ်ားတြင္ အိုေသြး အမ်ိဳးအစားသည္ ရာခိုင္ႏႈန္းအနည္းငယ္သာ ပါဝင္ၿပီး ေအ၊ ဘီႏွင့္ ေအဘီေသြးအမ်ိဳးအစားရွိသူမ်ား ပါဝင္ေနသည့္ ရာခိုင္ႏႈန္းပို မ်ားေၾကာင္း သုေတသီမ်ားက ေျပာၾကားသည္။ ေအ၊ ဘီႏွင့္ ေအဘီေသြးအမ်ိဳးအစားရွိသူမ်ားသည္ ကိုဗစ္ ေရာဂါကူးစက္နိုင္သည့္ အႏၲရာယ္ ျမင့္မားပုံရေၾကာင္း မိမိတို႔၏ေလ့လာမႈ အတြင္း ေတြ႕ရွိသည္ဟု သုေတသီမ်ားက ေျပာၾကားသည္။

ယင္းေသြးအမ်ိဳးအစား သုံးမ်ိဳးရွိသူ မ်ားၾကားတြင္ ကူးစက္မႈႏႈန္းမွာ အတူတူျဖစ္ေၾကာင္း သုေတသီမ်ား က ေျပာၾကားသည္။ အျခားေလ့လာမႈ တစ္ရပ္တြင္ ကေနဒါနိုင္ငံရွိ ကိုဗစ္ ေရာဂါဒဏ္ျပင္းျပင္း ထန္ထန္ခံစားေနရ ၿပီး ေဆး႐ုံတင္ထား ရသူ ၉၅ ဦးပါဝင္ၿပီး ၎တို႔အနက္ ေအ၊ ဘီႏွင့္ ေအဘီေသြး အမ်ိဳးအစားရွိသူမ်ား အသက္ရႉကိရိယာအသုံးျပဳရန္လိုအပ္မႈ ပိုမ်ားေၾကာင္း ေတြ႕ရွိထားသည္။ ယင္းေသြးအမ်ိဳး အစားရွိသူမ်ား သည္ ေက်ာက္ကပ္ပ်က္စီးျခင္းေၾကာင့္ ေသြးသြင္းရန္ လိုအပ္မႈလည္းပိုမ်ားေၾကာင္း ေလ့လာမႈတြင္ ေဖာ္ၿပ ထားသည္။ ယခုေလ့လာမႈကို ၿဗိတိန္ ကိုလံဘီယာ တကၠသိုလ္မွ သုေတသီမ်ားက ျပဳလုပ္ခဲ့သည္။

crd

ကိုဗစ် ရောဂါ ပြင်း ထန် နိုင် သည့် သွေး အမျိုးအစား များ (ရှယ်ထား သင့်ပါ သည်)

သွေးအမျိုး အစားအ လိုက် လူတစ်ယောက် ကို ကိုဗစ် ရောဂါ ကူးစက်နိုင်သည့် အန္တရာယ်နှင့် ယင်းရောဂါပြင်းထန် နိုင်သည့်အန္တရာယ် ကို ကြိုတင်ခန့်မှန်းနိုင်ကြောင်း လေ့လာမှု တစ်ရပ်က ဖော်ပြသည်။ ယင်းလေ့လာ မှုရလဒ် ကို အောက်တိုဘာ ၁၄ ရက်က Blood Advances ဂျာနယ်တွင် ဖော်ပြထားသည်။ လေ့လာမှုတွင် သုတေသီများ က ဒိန်းမတ်နိုင်ငံရှိ ကိုဗစ် ရောဂါကူးစက်သူ ၄၇၃,၀၀၀ ဦးကို အခြားလူပေါင်း ၂ ဒသမ ၂ သန်း၏ အခြေအနေများနှင့် နှိုင်းယှဉ်လေ့လာထားသည်။

ကိုဗစ် လူနာများတွင် အိုသွေး အမျိုးအစားသည် ရာခိုင်နှုန်းအနည်းငယ်သာ ပါဝင်ပြီး အေ၊ ဘီနှင့် အေဘီသွေးအမျိုးအစားရှိသူများ ပါဝင်နေသည့် ရာခိုင်နှုန်းပို များကြောင်း သုတေသီများက ပြောကြားသည်။ အေ၊ ဘီနှင့် အေဘီသွေးအမျိုးအစားရှိသူများသည် ကိုဗစ် ရောဂါကူးစက်နိုင်သည့် အန္တရာယ် မြင့်မားပုံရကြောင်း မိမိတို့၏လေ့လာမှု အတွင်း တွေ့ရှိသည်ဟု သုတေသီများက ပြောကြားသည်။

ယင်းသွေးအမျိုးအစား သုံးမျိုးရှိသူ များကြားတွင် ကူးစက်မှုနှုန်းမှာ အတူတူဖြစ်ကြောင်း သုတေသီများ က ပြောကြားသည်။ အခြားလေ့လာမှု တစ်ရပ်တွင် ကနေဒါနိုင်ငံရှိ ကိုဗစ် ရောဂါဒဏ်ပြင်းပြင်း ထန်ထန်ခံစားနေရ ပြီး ဆေးရုံတင်ထား ရသူ ၉၅ ဦးပါဝင်ပြီး ၎င်းတို့အနက် အေ၊ ဘီနှင့် အေဘီသွေး အမျိုးအစားရှိသူများ အသက်ရှူကိရိယာအသုံးပြုရန်လိုအပ်မှု ပိုများကြောင်း တွေ့ရှိထားသည်။ ယင်းသွေးအမျိုး အစားရှိသူများ သည် ကျောက်ကပ်ပျက်စီးခြင်းကြောင့် သွေးသွင်းရန် လိုအပ်မှုလည်းပိုများကြောင်း လေ့လာမှုတွင် ဖော်ပြ ထားသည်။ ယခုလေ့လာမှုကို ဗြိတိန် ကိုလံဘီယာ တက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခဲ့သည်။

crd

About the author

Ms Cele

Leave a Comment